ယုဇနပလာဇာဈေးကို ဧပြီလ ၂၄ ရက်နေ့ ပြန်လည် ဖွင့်လှစ်မည်




ရန်ကုန်မြို့ရှိ ယုဇနပလာဇာဈေးကို လာမည့် ၂၄ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း ဈေးစီမံခန့်ခွဲမှု ကော်မတီမှ ယနေ့ ထုတ်ပြန်လိုက်သည်။

ဈေးရောင်းသူများနှင့် ဈေးဝယ်သူများအနေဖြင့် Covid-19 ကူးစက်ရောဂါ မဖြစ်ပွားစေရန်အတွက် နှာခေါင်းစည်း၊ မျက်နှာစည်း ( Mask ) များ တပ်ဆင်၍ ရောင်းဝယ်ကြရမည် ဖြစ်သည်။

ထို့ပြင် လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက်လည်း တစ်ဦးနှင့်တစ်ဦး အနည်းဆုံး သုံးပေခွာ၍ စနစ်တကျ ရောင်းဝယ်ကြရန်လည်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

ဈေးပြန်လည် ဖွင့်လှစ်ရာတွင် အထက်ပါ အချက်များနှင့်အညီ စည်းကမ်းတကျ ရောင်းဝယ်ခြင်း မရှိသည့် ဆိုင်များအား စစ်ဆေး အရေးယူသွားခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Su Mon Oo ( Mine )

==============================

ယုဇနပလာဇာကို ဧၿပီလ ၂၄ ရက္ေန႔ ျပန္လည္ ဖြင့္လွစ္မည္

ရန္ကုန္ၿမိဳ႕ရွိ ယုဇနပလာဇာေဈးကို လာမည့္ ၂၄ ရက္ေန႔တြင္ ျပန္လည္ ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း ေဈးစီမံခန႔္ခြဲမႈ ေကာ္မတီမွ ယေန႔ ထုတ္ျပန္လိုက္သည္။

ေဈးေရာင္းသူမ်ားႏွင့္ ေဈးဝယ္သူမ်ားအေနျဖင့္ Covid-19 ကူးစက္ေရာဂါ မျဖစ္ပြားေစရန္အတြက္ ႏွာေခါင္းစည္း၊ မ်က္ႏွာစည္း ( Mask ) မ်ား တပ္ဆင္၍ ေရာင္းဝယ္ၾကရမည္ ျဖစ္သည္။

ထို႔ျပင္ လူစုလူေဝး မျဖစ္ေပၚေစရန္အတြက္လည္း တစ္ဦးႏွင့္တစ္ဦး အနည္းဆုံး သုံးေပခြာ၍ စနစ္တက် ေရာင္းဝယ္ၾကရန္လည္း ထုတ္ျပန္ခ်က္တြင္ သတိေပးထားသည္။

ေဈးျပန္လည္ ဖြင့္လွစ္ရာတြင္ အထက္ပါ အခ်က္မ်ားႏွင့္အညီ စည္းကမ္းတက် ေရာင္းဝယ္ျခင္း မရွိသည့္ ဆိုင္မ်ားအား စစ္ေဆး အေရးယူသြားျခင္းမ်ား ျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

Su Mon Oo ( Mine )

Yangon Trend Business Read 1323 times