YUFL ပထမနှစ် ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ထောက်ပံ့ကြေး ပေးမည်




By-Jae

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပထမနှစ်တက်ရောက်နေသော ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေး  ထောက်ပံ့ရန် စိစစ်ရွေးချယ်မည် ဖြစ်ကြောင်း ဇူလိုင် ( ၂၂ ) တွင် ကြေညာထားသည်။

ရွေးချယ်ခံရသည့် ကျောင်းသားကျောင်းသူများကို တစ်လလျှင် ၃ သောင်းကျပ်ဖြင့် စုစုပေါင်း (၁၀) လ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။

နယ်နှင့် ရန်ကုန်ပြင်ပမှ ပညာသင်ထောက်ပံ့ကြေး လျှောက်ထားလိုသူများသည်  အောက်ပါလင့်ခ်တွင် Download ရယူပြီး လိုအပ်သည်များနှင့်အတူ လျှောက်လွှာတင်သွင်းရမည် ဖြစ်သည်။

>>> https://bit.ly/2BmkfEM

ကျောင်းသို့ ကိုယ်တိုင် လာရောက် ​လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများကို ကျောင်းသားရေးရာဌာနတွင် အခမဲ့ထုတ်ယူနိုင်ပြီး ဩဂုတ်လ ၂၀ ရက်နေ့ နောက်ဆုံးထား၍ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်လွှာ တင်သွင်းရမည် ဖြစ်သည်။

လျှောက်လွှာလာရောက်ထုတ်ယူရန် အဆင်မ‌ပြေသည့်သူများအနေဖြင့် မိမိ၏ အမည်၊ ဘာသာ၊ ခုံအမှတ်များအား ပြောကြားပြီး တခြားသူတစ်ဦးအား ကိုယ်စားလာရောက် ထုတ်ယူခွင့်ပြုကြောင်းလည်း ထုတ်ပြန်ထားသည်။

<< Back
Yangon Trend Education Read 170 times

Featured categories

All categories