ဇန်နဝါရီ (၂၇) ရက်နေ့မှစ၍ CB Bank ၏ Internet Banking များကို အသုံးပြုပြီး အခွန်ပေးဆောင်နိုင်ပြီ

Ads Ads Ads

အခွန်ထမ်းပြည်သူများအနေဖြင့် သမဝါယမဘဏ်လီမီတက် (CB Bank) ၏ CB Pay & Internet Banking များကို အသုံးပြု၍ Online မှ အခွန်ပေးဆောင်နိုင်ပြီဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေးကြေညာထားပါတယ်။

ပြည်တွင်းအခွန်များဦးစီးဌာနအနေဖြင့် အခွန်ထမ်းပြည်သူများ အခွန်ငွေပေးသွင်းရာတွင် အီလက်ထရောနစ်စနစ်များကို အသုံးပြု၍ လွယ်ကူလျင်မြန်စွာ ပေးဆောင်နိုင်ရေးအတွက် ရည်ရွယ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET စနစ်ရှိ Customer Credit Transfer (CCT) Function အသုံးပြု၍ ပုဂ္ဂလိကဘဏ်များမှတဆင့် Over the counter (OTC) ဖြင့် အခွန်ငွေပေးသွင်းခြင်းနှင့် IRD Website (www.ird.gov.mm) သို့ဝင်ရောက်ကာ MPU e-Commerce မှတဆင့် MPU Debit Card အသုံးပြု၍ Online မှ အခွန်ပေးသွင်းခြင်းကို အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) သတ်မှတ်ရရှိပြီးဖြစ်တဲ့ အခွန်ထမ်းများအသုံးပြု ပေးဆောင်လျက်ရှိပါတယ်။

ဒါ့ပြင် မိုဘိုင်းငွေပေးချေမှုစနစ်များဖြင့် အခွန်ပေးဆောင်နိုင်ရန် ဆောင်ရွက်ခဲ့ရာ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာ အခွန်ရုံး (၁)၊ (၂)၊ (၃) နှင့် (၄) တို့ရှိ အခွန်ထမ်းမှတ်ပုံတင်အမှတ် (TIN) သတ်မှတ်ရရှိပြီးဖြစ်တဲ့ အခွန်ထမ်းကုမ္ပဏီများအနေဖြင့် ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ (၂၇) ရက်နေ့မှစပြီး သမဝါယမဘဏ်လီမိတက် (CB Bank) ၏ CB Pay & Internet Banking စနစ်များကို အသုံးပြု၍ အခွန်ငွေပေးဆောင်နိုင်ပြီဖြစ်ပါတယ်။

ထိုသို့ အခွန်ပေးသွင်းရာတွင် ပေးသွင်းမှုအထောက်အထားများအဖြစ် သမဝါယမဘဏ်လီမိတက် (CB Bank) အနေဖြင့် အခွန်ထမ်းသို့ ဘဏ်ငွေလက်ခံဖြတ်ပိုင်း ကနဦးထုတ်ပေးမှာဖြစ်ပြီး မြန်မာ့စီးပွားရေးဘဏ်၊ ဘဏ်ခွဲများရှိ သက်ဆိုင်ရာအခွန်ရုံးများ၏ ငွေစာရင်းများသို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ CBM-NET မှတဆင့် အခွန်ငွေလွှဲပြောင်းပေးပြီးနောက် ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်ငွေလွှဲပြောင်းပေးသွင်းပြီးဖြစ်ကြောင်း အထောက်အထားများကို email အသုံးပြုပေးပို့ အကြောင်းကြားသွားမှာဖြစ်ပါတယ်။

အခြားသော ပုဂ္ဂလိကဘဏ်များ၏ အီလက်ထရောနစ်ငွေပေးချေမှုစနစ်များဖြင့် ဝန်ဆောင်မှုပေးနိုင်ချိန်တွင်လည်း ထပ်မံအသိပေး အကြောင်းကြားသွားမှာဖြစ်ကြောင်း ကြေညာထားပါတယ်။

ဒါ့ကြောင့် အခွန်ထမ်းပြည်သူများအနေဖြင့် ဘဏ်များသို့ ကိုယ်တိုင် (သို့) ကိုယ်စားလှယ်မှ ငွေသား/ချက်လက်မှတ်ဖြင့် သွားရောက်ပေးသွင်းမည့်အစား အီလက်ထရောနစ်ငွေပေးချေမှုစနစ်များ အသုံးပြု၍ လုံခြုံစိတ်ချစွာဖြင့် အခွန်ငွေများကို ပေးဆောင်ကြရန် ပြည်တွင်းအခွန်များဦးစီးဌာနမှ အသိပေးနှိုးဆော်ထားပါတယ်။

အသေးစိတ်အချက်အလက်များကို ပြည်တွင်းအခွန်များဦးစီးဌာန၏ Website ဖြစ်တဲ့ www.ird.gov.mm ၊ သက်ဆိုင်ရာအခွန်ရုံးများနှင့် သတင်းအချက်အလက်နှင့် နည်းပညာဌာနခွဲ (e-Payment Section၊ ရန်ကုန်)၊ အမှတ် ၅၆၉/၅၇၇၊ ကုန်သည်လမ်းနှင့် မဟာဗန္ဓုလပန်းခြံလမ်းထောင့်၊ ကျောက်တံတားမြို့နယ်၊ ဖုန်းနံပါတ်-၀၁-၈၃၇၉၀၂၁ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရပါတယ်။

Source : ပြည်တွင်းအခွန်ဦးစီးဌာန

(Zawgyi)

အခြန္ထမ္းျပည္သူမ်ားအေနျဖင့္ သမဝါယမဘဏ္လီမီတက္ (CB Bank) ၏ CB Pay & Internet Banking မ်ားကို အသံုးျပဳ၍ Online မွ အခြန္ေပးေဆာင္ႏုိင္ၿပီျဖစ္ေၾကာင္း ျပည္တြင္းအခြန္မ်ားဦးစီးဌာနက အသိေပးေၾကညာထားပါတယ္။

ျပည္တြင္းအခြန္မ်ားဦးစီးဌာနအေနျဖင့္ အခြန္ထမ္းျပည္သူမ်ား အခြန္ေငြေပးသြင္းရာတြင္ အီလက္ထေရာနစ္စနစ္မ်ားကို အသံုးျပဳ၍ လြယ္ကူလ်င္ျမန္စြာ ေပးေဆာင္ႏုိင္ေရးအတြက္ ရည္ရြယ္ၿပီး အေကာင္အထည္ေဖာ္ေဆာင္ရြက္လ်က္ရွိပါတယ္။

ျမန္မာႏုိင္ငံေတာ္ဗဟိုဘဏ္၏ CBM-NET စနစ္ရွိ Customer Credit Transfer (CCT) Function အသံုးျပဳ၍ ပုဂၢလိကဘဏ္မ်ားမွတဆင့္ Over the counter (OTC) ျဖင့္ အခြန္ေငြေပးသြင္းျခင္းႏွင့္ IRD Website (www.ird.gov.mm) သို႔ဝင္ေရာက္ကာ MPU e-Commerce မွတဆင့္ MPU Debit Card အသံုးျပဳ၍ Online မွ အခြန္ေပးသြင္းျခင္းကို အခြန္ထမ္းမွတ္ပံုတင္အမွတ္ (TIN) သတ္မွတ္ရရွိၿပီးျဖစ္တဲ့ အခြန္ထမ္းမ်ားအသံုးျပဳ ေပးေဆာင္လ်က္ရွိပါတယ္။

ဒါ့ျပင္ မုိဘိုင္းေငြေပးေခ်မႈစနစ္မ်ားျဖင့္ အခြန္ေပးေဆာင္ႏုိင္ရန္ ေဆာင္ရြက္ခဲ့ရာ အခြန္ထမ္းႀကီးမ်ားဆိုင္ရာအခြန္႐ံုး၊ အလယ္အလတ္အခြန္ထမ္းမ်ားဆိုင္ရာ အခြန္႐ံုး (၁)၊ (၂)၊ (၃) ႏွင့္ (၄) တုိ႔ရိွ အခြန္ထမ္းမွတ္ပံုတင္အမွတ္ (TIN) သတ္မွတ္ရရွိၿပီးျဖစ္တဲ့ အခြန္ထမ္းကုမၸဏီမ်ားအေနျဖင့္ ၂၀၂၀ ျပည့္ႏွစ္၊ ဇန္နဝါရီလ (၂၇) ရက္ေန႔မွစၿပီး သမဝါယမဘဏ္လီမိတက္ (CB Bank) ၏ CB Pay & Internet Banking စနစ္မ်ားကို အသံုးျပဳ၍ အခြန္ေငြေပးေဆာင္ႏုိင္ၿပီျဖစ္ပါတယ္။

ထိုသုိ႔ အခြန္ေပးသြင္းရာတြင္ ေပးသြင္းမႈအေထာက္အထားမ်ားအျဖစ္ သမဝါယမဘဏ္လီမိတက္ (CB Bank) အေနျဖင့္ အခြန္ထမ္းသို႔ ဘဏ္ေငြလက္ခံျဖတ္ပိုင္း ကနဦးထုတ္ေပးမွာျဖစ္ၿပီး ျမန္မာ့စီးပြားေရးဘဏ္၊ ဘဏ္ခြဲမ်ားရွိ သက္ဆုိင္ရာအခြန္႐ံုးမ်ား၏ ေငြစာရင္းမ်ားသို႔ ျမန္မာႏုိင္ငံေတာ္ဗဟိုဘဏ္၏ CBM-NET မွတဆင့္ အခြန္ေငြလႊဲေျပာင္းေပးၿပီးေနာက္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ အခြန္ေငြလႊဲေျပာင္းေပးသြင္းၿပီးျဖစ္ေၾကာင္း အေထာက္အထားမ်ားကို email အသံုးျပဳေပးပို႔ အေၾကာင္းၾကားသြားမွာျဖစ္ပါတယ္။

အျခားေသာ ပုဂၢလိကဘဏ္မ်ား၏ အီလက္ထေရာနစ္ေငြေပးေခ်မႈစနစ္မ်ားျဖင့္ ဝန္ေဆာင္မႈေပးႏုိင္ခ်ိန္တြင္လည္း ထပ္မံအသိေပး အေၾကာင္းၾကားသြားမွာျဖစ္ေၾကာင္း ေၾကညာထားပါတယ္။

ဒါ့ေၾကာင့္ အခြန္ထမ္းျပည္သူမ်ားအေနျဖင့္ ဘဏ္မ်ားသို႔ ကိုယ္တုိင္ (သို႔) ကိုယ္စားလွယ္မွ ေငြသား/ခ်က္လက္မွတ္ျဖင့္ သြားေရာက္ေပးသြင္းမည့္အစား အီလက္ထေရာနစ္ေငြေပးေခ်မႈစနစ္မ်ား အသံုးျပဳ၍ လံုၿခံဳစိတ္ခ်စြာျဖင့္ အခြန္ေငြမ်ားကို ေပးေဆာင္ၾကရန္ ျပည္တြင္းအခြန္မ်ားဦးစီးဌာနမွ အသိေပးႏႈိးေဆာ္ထားပါတယ္။

အေသးစိတ္အခ်က္အလက္မ်ားကို ျပည္တြင္းအခြန္မ်ားဦးစီးဌာန၏ Website ျဖစ္တဲ့ www.ird.gov.mm ၊ သက္ဆိုင္ရာအခြန္႐ံုးမ်ားႏွင့္ သတင္းအခ်က္အလက္ႏွင့္ နည္းပညာဌာနခြဲ (e-Payment Section၊ ရန္ကုန္)၊ အမွတ္ ၅၆၉/၅၇၇၊ ကုန္သည္လမ္းႏွင့္ မဟာဗႏၶဳလပန္းၿခံလမ္းေထာင့္၊ ေက်ာက္တံတားၿမိဳ႕နယ္၊ ဖုန္းနံပါတ္-၀၁-၈၃၇၉၀၂၁ သို႔ ဆက္သြယ္စံုစမ္းေမးျမန္းႏုိင္ေၾကာင္း သိရပါတယ္။

Business Yangon Trend Read 379 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021