YBS ယာဉ်လိုင်းများမှ နေ့စဉ်ပေးသွင်းရသော ရန်ပုံငွေကို မေလ ၃၀ ရက်ထိ ကင်းလွတ်ခွင့်ပြု


ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီးသည်တင် ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းကုမ္ပဏီများမှ YRTA ထံ ပေးသွင်းရသည့် စီမံခန့်ခွဲမှုရန်ပုံငွေကို မတ် ၂၇ ရက်မှ စ၍ ဧပြီ ၃၀ ရက်အထိ တစ်လကျော်ကြာ ကင်းလွတ်ခွင့်ပြုထားပြီး ယခုအခါ မေလ ၃၀ ရက်အထိ ကင်းလွတ်ခွင့် ထပ်မံတိုးမြှင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများ သွားလာရေး အဆင်ပြေစေရန် ပြေးဆွဲပေးနေသော YBS ယာဉ်များအတွက် ထောက်ပံ့သည့်အနေဖြင့် YRTA သို့ နေ့စဉ်ပေးသွင်းရသောရန်ပုံငွေ YBS ယာဉ်တစ်စီးလျှင် ကျပ် ၄၀၀၀ အား မေလ ၃၀ ရက်အထိ ကင်းလွတ်ခွင့်ပြုပေးခြင်းဖြစ်သည်။

YBS ယာဉ်လိုင်းကုမ္ပဏီများ အနေဖြင့် မော်တော်ယာဉ် တစ်စီး ထွက်ခွာမည်ဆိုပါက ခရီးစဉ် မှတ်တမ်းရေးသွင်းခြင်းစသည့် နေ့စဉ် ဆောင်ရွက်ရမည့် လုပ်ငန်းများကို ပုံမှန်အတိုင်း YRTA သို့ သတင်းပေးပို့ ဆောင်ရွက်ရမည်ဖြစ်ပြီး YRTA သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး YBS ယာဉ်လိုင်း ကုမ္ပဏီများ အခက်အခဲရှိလာပါက ဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း ခရီးသည်တင်ပြေးဆွဲနေသည့် YBS ယာဉ်လိုင်းနံပါတ် ၁၀၀ ကျော် ရှိသည့်အပြင် Airport Shuttle Bus | City Transit တို့ဖြင့် လမ်းကြောင်း ပေါင်း ၁၃၅ ကြောင်းကို တစ်နေ့လျှင် ယာဉ်အစီးရေ ၄၅၀၀ ခန့် ပြေးဆွဲ နေပြီး ခရီးသွားပြည်သူ ၁.၈ သန်းကို သယ်ယူပို့ဆောင်ပေးနေကြောင်း သိရသည်။

Transcom

==============================

YBS ယာဥ္လိုင္းမ်ားမွ ေန႔စဥ္ေပးသြင္းရေသာ ရန္ပုံေငြကို ေမလ ၃၀ ရက္ထိ ကင္းလြတ္ခြင့္ျပဳ

ရန္ကုန္တိုင္းေဒသႀကီးအတြင္း ခရီးသည္တင္ ေျပးဆြဲေနသည့္ YBS ယာဥ္လိုင္းကုမၸဏီမ်ားမွ YRTA ထံ ေပးသြင္းရသည့္ စီမံခန႔္ခြဲမႈရန္ပုံေငြကို မတ္ ၂၇ ရက္မွ စ၍ ဧၿပီ ၃၀ ရက္အထိ တစ္လေက်ာ္ၾကာ ကင္းလြတ္ခြင့္ျပဳထားၿပီး ယခုအခါ ေမလ ၃၀ ရက္အထိ ကင္းလြတ္ခြင့္ ထပ္မံတိုးျမႇင့္ထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖြဲ႕ (YRTA) မွ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ခရီးသြားျပည္သူမ်ား သြားလာေရး အဆင္ေျပေစရန္ ေျပးဆြဲေပးေနေသာ YBS ယာဥ္မ်ားအတြက္ ေထာက္ပံ့သည့္အေနျဖင့္ YRTA သို႔ ေန႔စဥ္ေပးသြင္းရေသာရန္ပုံေငြ YBS ယာဥ္တစ္စီးလွ်င္ က်ပ္ ၄၀၀၀ အား ေမလ ၃၀ ရက္အထိ ကင္းလြတ္ခြင့္ျပဳေပးျခင္းျဖစ္သည္။

YBS ယာဥ္လိုင္းကုမၸဏီမ်ား အေနျဖင့္ ေမာ္ေတာ္ယာဥ္ တစ္စီး ထြက္ခြာမည္ဆိုပါက ခရီးစဥ္ မွတ္တမ္းေရးသြင္းျခင္းစသည့္ ေန႔စဥ္ ေဆာင္႐ြက္ရမည့္ လုပ္ငန္းမ်ားကို ပုံမွန္အတိုင္း YRTA သို႔ သတင္းေပးပို႔ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး YRTA သည္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရဖြဲ႕၏ လမ္းၫႊန္မႈျဖင့္ ရန္ကုန္တိုင္းေဒသႀကီး YBS ယာဥ္လိုင္း ကုမၸဏီမ်ား အခက္အခဲရွိလာပါက ေျဖရွင္း ေဆာင္႐ြက္ေပးလ်က္ ရွိသည္။

ရန္ကုန္တိုင္းေဒသႀကီး အတြင္း ခရီးသည္တင္ေျပးဆြဲေနသည့္ YBS ယာဥ္လိုင္းနံပါတ္ ၁၀၀ ေက်ာ္ ရွိသည့္အျပင္ Airport Shuttle Bus | City Transit တို႔ျဖင့္ လမ္းေၾကာင္း ေပါင္း ၁၃၅ ေၾကာင္းကို တစ္ေန႔လွ်င္ ယာဥ္အစီးေရ ၄၅၀၀ ခန႔္ ေျပးဆြဲ ေနၿပီး ခရီးသြားျပည္သူ ၁.၈ သန္းကို သယ္ယူပို႔ေဆာင္ေပးေနေၾကာင္း သိရသည္။

Transcom

<< Back
Yangon Trend Read 288 times

Featured categories

All categories