ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင်ရှိသည့် ပြကွက်အမျိုးအစားများနှင့် ဝန်ဆောင်မှုများ




တိရစ္ဆာန်ဥယျာဉ် ( ရန်ကုန် ) တွင် နို့တိုက်သတ္တဝါပြကွက် (၃၈) ခု၊ ကျေးငှက်သတ္တဝါပြကွက် (၅) ခု၊ တွားသွား သတ္တဝါပြကွက် (၁၀) ခု၊ သဘာဝသမိုင်းပြကွက် (၅) ခု နှင့် ပညာပေးပြကွက် (၁) ခု၊ စုစုပေါင်း (၅၉) ခု ရှိသည်။

၄င်းပြကွက်အမျိုးအစားများကို လှောင်အိမ်စနစ်၊ ကျုံးအတားအဆီးစနစ်၊ စည်းရိုးအတားအဆီးစနစ်၊ ငှက်လှောင်ရုံတို့ဖြင့် ပြသထားလျှက် ရှိသည်။ 

ဥယျာဉ်အတွင်း ဝန်ဆောင်မှုပေးခြင်း

(က) လာရောက်လည်ပတ်သူများအား နားနေဆောင်များ စီစဉ်ထားခြင်း
(ခ) ဥယျာဉ်ကားများ စီစဉ်ထားခြင်း
(ဂ) ကလေးများ ဆော့ကစားရန် ကလေးကစားကွင်းများ ထားရှိခြင်း
(ဃ) ရုံးပိတ်ရက်နှင့် အခါကြီးရက်များအတွင်း တိရစ္ဆာန်လိမ္မာများ ပြသ ဖျော်ဖြေပေးခြင်း
(င) နေရာရှုခင်းများ ပြင်ဆင် ဆင်ယင်ထားရှိခြင်း
(စ) ရေပန်းအလှများ ဆောင်ရွက်ထားခြင်း
(ဆ) အပျော်စီးဘဲလှေနှင့် စက်ဘီးစီးခြင်း
(ဇ) ဆင်ပုခက်တင်စီးခြင်း ၊ မြင်းပုစီးခြင်း
(ဈ) အခမဲ့ သန့်စင်ခန်းများ ထားရှိပေးခြင်း

“ထူး” တိရစ္ဆာန်ဥယျာဉ်နှင့် ဥယျာဉ်များဌာန
ကမ္ဘာအေးစေတီလမ်းနှင့် ကန်လမ်းထောင့် ၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ၊ ရန်ကုန်

============================

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာရှိတဲ့ ပြကွက်အမျိုးအစားများနှင့် ဝန်ဆောင်မှုများ


၎င်းပြကွက်အမျိုးအစားများကို လှောင်အိမ်စနစ်၊ ကျုံးအတားအဆီးစနစ်၊ စည်းရိုးအတားအဆီးစနစ်၊ ငှက်လှောင်ရုံတို့ဖြင့် ပြသထားလျှက် ရှိသည်။ 



 

Travel Yangon Trend Read 414 times