သြဂုတ်လ (၂၂) ရက်တွင် စတင်ပြေးဆွဲတော့မည့် ရန်ကုန်- မော်လမြိုင် လေအိပ်အထူးရထားကြီး

Ads Ads Ads

By Kael

ရန်ကုန်-မော်လမြိုင် လမ်းပိုင်းအတွင်း ပြေးဆွဲမည့် ၈၃-အဆန် ၈၄-အစုန် လေအိပ်အထူးရထား ကိုသြဂုတ်လ (၁၆) ရက်နေ့တွင် စတင်စမ်းသပ် ပြေးဆွဲခဲ့ပြီး (၂၂) ရက်နေ့တွင် စတင် ပြေးဆွဲမည်ဟု အမှတ် (၈) တိုင်း၊ မော်လမြိုင် သွားလာရေးမန်နေဂျာ ဦးတင်ထွန်းအောင်မှ ပြောကြားခဲ့သည်။ 

ယခင်က ရန်ကုန်-မန္တလေး၊ ရန်ကုန်-ပြည်၊ မန္တလေး-မြစ်ကြီးနား လေအိပ်ရထားများ ပြေးဆွဲလျက်ရှိရာ ယခု ရန်ကုန်-မော်လမြိုင် မီးရထားမှာ စတုတ္ထမြောက် ပြေးဆွဲသွားမည့် ခရီးစဥ်လည်း ဖြစ်သည်။ 

စတင်ပြေးဆွဲမည့်ရက်တွင် ရန်ကုန်မှတစ်စီး မော်လမြိုင်မှတစ်စီး ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လေအိပ်ရထားများ၏ အားသာချက်မှာ ရိုးရိုးတန်းဖြစ်စေ အထူးတန်းဖြစ်စေ နေရာကျယ်ဝန်း၍ ခရီးသွားပြည်သူများ လူးခြင်း၊ ခါခြင်း မရှိပဲ သက်သောင့်သက်သာ စီးနင်းနိုင်ခြင်း ဖြစ်သည်။ 

လေအိပ်ရထားပေါ်တွင် COIVD-19 ရောဂါကို ကာကွယ်ရန် လက်ဆေးဘေစင်များအပြင် တွဲတိုင်းတွင် ခရီးသည်များ၏ လုံခြုံရေးအတွက် CCTV များနှင့် ရောက်ရှိမည့် ဘူတာအမည်နှင့် နောက်ရောက်ရှိမည့် ဘူတာအမည်ကို ပြောပြမည့် Announcer စနစ်လည်း ပါဝင်မည်ဖြစ်သည်။

ထို့ပြင် Social Distancing အရ လူတစ်ဦးလျှင် နှစ်ခုံဝယ်ယူရမည်ဖြစ်ပြီး ရိုးရိုးတန်းတစ်ခုံလျှင် (၄,၀၀၀) ကျပ်နှင့် အထူးတန်းတစ်ခုံလျှင် (၈,၀၀၀) ကျပ် ကျသင့်မည်ဖြစ်သည်။ 

အမှတ်-၈၃ အဆန် ရန်ကုန်-မော်လမြိုင်ရထားမှာ ရန်ကုန်မှ ထွက်ခွာချိန် ည (၈) နာရီ၊ မော်လမြိုင် ရောက်ရှိချိန် နံနက် (၅:၁၅) နာရီနှင့် အမှတ် ၈၄-အစုန် မော်လမြိုင်-ရန်ကုန်ရထားမှာ မော်လမြိုင်မှ ထွက်ခွာချိန် ည (၉) နာရီ၊ ရန်ကုန် ရောက်ရှိချိန် နံနက် (၆) နာရီ ဖြစ်ကာ ပဲခူး၊ ကျိုက်ထို၊ တောင်စွန်း၊ သထုံ၊၊ ပေါင် စသည့် ဘူတာများတွင် ရပ်နားသွားမည် ဖြစ်ကြောင်း သိရသည်။ 

 

Travel Yangon Trend Read 266 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021