Health Careers & Jobs

မြင့်တက်လာသည့် ရန်ကုန်အပူဒဏ်ကို ကာကွယ်ရန် လိုက်နာသင့်သော အချက် (၈) ချက်

Read 686 times

ရန်ကုန် (ကမ္ဘာအေး) မှ ဧပြီလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်များအရ ရန်ကုန်မြို့တွင် အပူချိန် ၄၂ ဒီဂရီစင်တီဂရိတ်ထိ ရှိလာပြီး အမြင့်ဆုံးစံချိန် တင်ခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။ 

လက်ရှိကာလတွင် နွေရာသီသို့လည်း ရောက်ရှိလာပြီဖြစ်ရာ အပူဒဏ်အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ရန်အတွက် လိုက်နာသင့်သည့် အချက် ( ၄ ) ချက်နှင့် ရှောင်ရှားသင့်သည့် အချက် ( ၄ ) ချက်ကို ဖော်ပြပေးလိုက်ပါသည်။

လိုက်နာသင့်သည့် အချက်များ

၁။ အရိပ်ရ၍ အေးမြသော နေရာများတွင်သာ နေပါ။ 
၂။  မိမိ၏အသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိတွေ့စေရန် လက်၊ လည်ပင်းနှင့် ပုခုံးတို့ကိုပါ လုံခြုံသော အရောင်ဖျော့သည့် ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။ 
၃။ နေ့ခင်းနေ့လည် အပြင်သွားပါက ထီး၊ ဦးထုပ်ဆောင်းပါ။ နေကာမျက်မှန်တပ်ဆင်ပါ။
၄။ ရေများများသောက်ပါ။

ရှောင်ကြဉ်ရန်အချက်များ

၁။ နံနက် (၁၀) နာရီမှ ညနေ (၅) နာရီအတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၂။ ပူပြင်းသည့် နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနှင့် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
၃။ နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းကို ရှောင်ကြဉ်ပါ။
၄။ ပူပြင်းသောနေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ ချက်ခြင်းဝင်ရောက်ခြင်း၊ အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသောနေရောင်ထဲသို့ ချက်ခြင်းထွက်ခြင်းတို့ကို ရှောင်ကြဉ်ပါ။

Su Mon Oo ( Mine )
MOHS
==============================

ျမင့္တက္လာသည့္ ရန္ကုန္အပူဒဏ္ကို ကာကြယ္ရန္ လိုက္နာသင့္ေသာ အခ်က္ (၈) ခ်က္

ရန္ကုန္ (ကမာၻေအး) မွ ဧၿပီလ ၂၁ ရက္ေန႔ ထုတ္ျပန္ခ်က္မ်ားအရ ရန္ကုန္ၿမိဳ႕တြင္ အပူခ်ိန္ ၄၂ ဒီဂရီစင္တီဂရိတ္ထိ ရွိလာၿပီး အျမင့္ဆုံးစံခ်ိန္ တင္ခဲ့ၿပီျဖစ္ေၾကာင္း သိရွိရသည္။ 

လက္ရွိကာလတြင္ ေႏြရာသီသို႔လည္း ေရာက္ရွိလာၿပီျဖစ္ရာ အပူဒဏ္အႏၲရာယ္ကို ႀကိဳတင္ ကာကြယ္ႏိုင္ရန္အတြက္ လိုက္နာသင့္သည့္ အခ်က္ ( ၄ ) ခ်က္ႏွင့္ ေရွာင္ရွားသင့္သည့္ အခ်က္ ( ၄ ) ခ်က္ကို ေဖာ္ျပေပးလိုက္ပါသည္။

လိုက္နာသင့္သည့္ အခ်က္မ်ား

၁။ အရိပ္ရ၍ ေအးျမေသာ ေနရာမ်ားတြင္သာ ေနပါ။ 
၂။  မိမိ၏အသားကို ေနေရာင္ျခည္ႏွင့္ တိုက္႐ိုက္မထိေတြ႕ေစရန္ လက္၊ လည္ပင္းႏွင့္ ပုခုံးတို႔ကိုပါ လုံၿခဳံေသာ အေရာင္ေဖ်ာ့သည့္ ပြပြေခ်ာင္ေခ်ာင္ ခ်ည္ထည္မ်ားကို ဝတ္ဆင္ပါ။ 
၃။ ေန႔ခင္းေန႔လည္ အျပင္သြားပါက ထီး၊ ဦးထုပ္ေဆာင္းပါ။ ေနကာမ်က္မွန္တပ္ဆင္ပါ။
၄။ ေရမ်ားမ်ားေသာက္ပါ။

ေရွာင္ၾကဥ္ရန္အခ်က္မ်ား

၁။ နံနက္ (၁၀) နာရီမွ ညေန (၅) နာရီအတြင္း ေနေရာင္ျခည္ႏွင့္ တိုက္႐ိုက္ထိေတြ႕ျခင္းကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ပါ။
၂။ ပူျပင္းသည့္ ေနေရာင္ေအာက္တြင္ အလုပ္လုပ္ျခင္းႏွင့္ ကိုယ္လက္လႈပ္ရွားမႈ ျပဳလုပ္ျခင္းကို တတ္ႏိုင္သမွ် ေရွာင္ၾကဥ္ပါ။
၃။ ေနပူထဲမွ ျပန္လာၿပီး ခ်က္ခ်င္းေရခ်ိဳးျခင္းကို ေရွာင္ၾကဥ္ပါ။
၄။ ပူျပင္းေသာေနေရာင္ေအာက္မွ အလြန္ေအးေသာအခန္းႏွင့္ ကားအတြင္းသို႔ ခ်က္ျခင္းဝင္ေရာက္ျခင္း၊ အလြန္ေအးေသာအခန္းႏွင့္ ကားအတြင္းမွ ပူျပင္းေသာေနေရာင္ထဲသို႔ ခ်က္ျခင္းထြက္ျခင္းတို႔ကို ေရွာင္ၾကဥ္ပါ။

Su Mon Oo ( Mine )
MOHS
 

Bookmark