ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေး ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် ဖြစ်သူ၏ ပြောကြားချက်အရ ရန်ကုန်မြို့၏ အနောက်ဘက်ကမ်းတွင် မြို့သစ်စီမံကိန်းတစ်ခု စတင် အကောင်အထည်ဖော် ဆောင်ရွက်တော့မည် ဖြစ်ပြီး အဆိုပါ မြို့သစ်၏ အကျယ်အဝန်းမှာ စင်္ကာပူနိုင်ငံထက် (၂) ဆခန့် ကျယ်ဝန်းမည်ဟု သိရသည်။
၎င်းမြို့သစ် စီမံကိန်းအတွက် ပထမအဆင့် လုပ်ငန်းစဥ်များအား အောက်တိုဘာ (၂၀) ရက်နေ့ မှစ၍ စတင် ဆောင်ရွက်နေပြီ ဖြစ်ပြီး စီမံကိန်း လုပ်ငန်းစဥ်များ အကောင်အထည် ဖော်ရန် စိတ်ဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် အဆိုပြုလွှာ တင်သွင်းရေးကို အောက်တိုဘာ (၁၅) ရက်နေ့တွင် Swiss Challenge တင်ဒါကော်မတီမှ ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။
ယင်းစီမံကိန်းတွင်
စသည့် မြို့တစ်မြို့၏ အင်္ဂါရပ်များကို အစုံအလင် ထည့်သွင်းကာ စက်မှုမြို့သစ် စီမံကိန်းအဖြစ် လုပ်ဆောင်မည် ဖြစ်သည်။
စီမံကိန်း တစ်ခုလုံးအတွက် ကုန်ကျငွေမှာ အမေရိကန် ဒေါ်လာ (၅) ဘီလီယံ နှင့်အထက် ရှိနိုင်ပြီး စီမံကိန်း လုပ်ဆောင်စဉ် ကာလအတွင်း လုပ်သားဦးရေ နှစ်သန်းကျော် အတွက် အလုပ်အကိုင်များ ဖန်တီး ပေးနိုင်လိမ့်မည်ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောကြားထားသည်။
စီမံကိန်းကို ပထမအဆင့်နှင့် ဒုတိယအဆင့် ဟူ၍ ခွဲခြား သတ်မှတ်ထားပြီး စီမံကိန်း နှစ်ခုပေါင်း အကျယ်အဝန်းမှာ (၁,၅၀၀) စတုရန်း ကီလိုမီတာ ရှိမည်ဟု တွက်ချက်ထားသည်။ ပထမအဆင့်၏ မဟာ အစီအစဉ်ကို စင်္ကာပူနိုင်ငံ အခြေစိုက် AECOM ကုမ္ပဏီက ရေးဆွဲပေးခဲ့ခြင်း ဖြစ်သည်။
စီမံကိန်း၏ ပထမအဆင့်တွင် (၈၈) စတုရန်း ကီလိုမီတာ ကျယ်ဝန်းသော စီမံကိန်း ဧရိယာပေါ်၌
စသဖြင့် တည်ဆောက်သွားရန် ရည်မှန်းထားကြောင်း သိရသည်။
အဆိုပါ ရန်ကုန်မြို့သစ် စီမံကိန်းကို စက်မှုဇုန်နှင့် အခြေခံ အဆောက်အဦများ တည်ဆောက်ရေး ရည်ရွယ်ချက်ဖြင့် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း စတင်ခဲ့သည့် မြေနေရာရှိ မြေ ဧက (၂၀,၀၀၀) တွင် ပထမအဆင့် အဖြစ် စတင် အကောင်အထည် ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့မှ သတင်းထုတ် ပြန်ထားသည်။
Source and Written by Aye Myat
Edited and modified by Win MM Htay