Health Careers & Jobs Yangon Trend

ပြောင်းရွှေ့ ဖွင့်လှစ်မည့် ရန်ကုန်ဆေးရုံရှိ ပြင်ပလူနာဌာနများ၏ နေရာနှင့် အချိန်များ

Read 3512 times

COVID-19  ရောဂါကူးစက်မှုမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကု ပြင်ပလူနာဌာများကို  ဧပြီ ၆ ရက်မှစ၍ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ လသာ(၂ ) ကျောင်းဝန်းအတွင်း ( ဆေးရုံကြီး ၏ မျက်နှာခြင်းဆိုင်ဘက်အခြမ်း ) သို့ ပြောင်းရွှေ့ ဖွင့်လှစ်သွားမည် ဖြစ်သည်။

နေရာ ပြောင်းရွှေ့ ဖွင့်လှစ်လိုက်သည့်  ရန်ကုန်ပြည်သူ့ဆေးရုံကြီး၏ အထူးကုပြင်ပလူနာဌာန အချိန်ဇယားမှာ အောက်ပါအတိုင်း ဖြစ်သည်။

တနင်္လာနေ့၊ မနက် (၉) နာရီမှ (၁၂) နာရီ
- အထွေထွေသမားတော် ဆေးကုဌာန ( Unit 1 )
- အထွေထွေခွဲစိတ်ကုဌာန ( Unit 2 )
- အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုဌာန
- နှလုံးဆေးကုဌာန
- သွေးရောဂါကုဌာန

တနင်္လာနေ့၊ နေ့လည် (၂) နာရီမှ (၄) နာရီ
- နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာန
- ဆေးကုသဆောင်( Unit 2 ) မှ ဆေးရုံဆင်းလူနာများပြသရန် 
- လက်ပိုင်းဆိုင်ရာခွဲစိတ်ကုဌာန ဆေးကုဌာန
- မှတ်ဉာဏ်ဆိုင်ရာရောဂါများ ကုသဌာန

အင်္ဂါနေ့၊ မနက် (၉) နာရီမှ (၁၂) နာရီ
- အထွေထွေသမားတော် ဆေးကုဌာန (Unit 2 )
- ဦးနှောက်နှင့်အာရုံကြော ဆေးကုဌာန
- စိတ်ကျန်းမာရေးဌာန

အင်္ဂါနေ့၊ နေ့လည် (၂) နာရီမှ (၄) နာရီ
- နှလုံးခုန်နှုံးဆိုင်ရာရောဂါများ ဆေးကုဌာန 
- ဆေးကုသဆောင်( Unit 3) မှ ဆေးရုံဆင်းလူနာများပြသရန် 
- ခွဲစိတ်ကုသဆောင်( Unit 3) မှ ဆေးရုံဆင်းလူနာများပြသရန် 

ဗုဒ္ဓဟူးနေ့၊ မနက် (၉) နာရီမှ (၁၂) နာရီ
- အထွေထွေသမားတော် ဆေးကုဌာန (Unit 3 )
- အထွေထွေခွဲစိတ်ကုဌာန( Unit 3)
- ဟော်မုန်းရောဂါကုဌာန

ဗုဒ္ဓဟူးနေ့၊ နေ့လည် (၂) နာရီမှ (၄) နာရီ
- နှလုံးနှင့်သွေးကြောခွဲစိတ်ကုဌာန 
- ဆေးကုသဆောင်( Unit 1) မှ  ဆေးရုံဆင်းလူနာများပြသရန် 
- ခွဲစိတ်ကုသဆောင်( Unit 1) မှ ဆေးရုံဆင်းလူနာများပြသရန် 
- ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကုဌာ( Unit 2) မှဆေးရုံဆင်းလူနာများပြသရန်
- ကျောရိုးဆိုင်ရာခွဲစိတ်ကုဌာန 

ကြာသပတေးနေ့၊ မနက် (၉) နာရီမှ (၁၂) နာရီ
- အထွေထွေသမားတော် ဆေးကုဌာန (Unit 4)
- အထွေထွေခွဲစိတ်ကုဌာန( Unit 1) 
- အစာအိမ်နှင့် အူလမ်းကြောင်း ဆေးကုဌာန 
- နှလုံးဆေးကုဌာန
- သွေးရောဂါကုဌာန 
- ဦးနှောက်နှင့်အာရုံကြောဌာနမှ ဆေးရုံဆင်းလူနာများ ပြသရန်
- ဆီးချို သွေးချိုရောဂါကုဌာန
- ရင်သားရောဂါကုဌာန

ကြာသပတေးနေ့၊ နေ့လည် (၂) နာရီမှ (၄) နာရီ
- အပူပိုင်းနှင့်ကူးစက်ရောဂါအထူးကုဌာနမှ ဆေးရုံဆင်းလူနာများ ပြသရန်

သောကြာနေ့၊ မနက် (၉) နာရီမှ (၁၂) နာရီ
- အပူပိုင်းနှင့်ကူးစက်ရောဂါအထူးကုဌာန
- နှလုံးရောဂါကုဌာန 
- အတက်ရောဂါကုဌာန
- စိတ်ကျန်းမာရေးဌာန

သောကြာနေ့၊ နေ့လည် (၂) နာရီမှ (၄) နာရီ
- ခွဲစိတ်ကုသဆောင်( Unit 2) မှ ဆေးရုံဆင်းလူနာများ ပြသရန်
- ဆေးကုသဆောင်(Unit 4) မှ ဆေးရုံဆင်းလူနာများ ပြသရန် 
- ထိခိုက်ဒဏ်ရာနှင့် အရိုးအထူးကုဌာ( Unit 1) မှဆေးရုံဆင်းလူနာများပြသရန်
- အရိုးပွရောဂါကုဌာန 
- ဆီးချိုနှင့်ဆက်နွယ်သော ခြေထောက်အနာများ ကုသဌာန

အဆိုပါ အထူးကု ပြင်ပလူနာဌာများတွင် လူနာများကို လူဦးရေအကန့်အသတ်ဖြင့်သာ ကြည့်ရှုမည်ဖြစ်ပြီး လွှဲစာ မပါသောလူနာများ ပြသခွင့်ရမည် မဟုတ်ကြောင်း သိရသည်။

Su Mon Oo ( Mine )
Yangon General Hospital

Bookmark