မြန်မာ-ကိုရီးယား သံတမန်ဆက်ဆံရေး (၄၅)နှစ်မြောက် အထိမ်းအမှတ် အွန်လိုင်းမှ တိုက်ကွမ်ဒိုပြိုင်ပွဲ ကျင်းပ

Ads Ads Ads

မြန်မာနိုင်ငံမှ တိုက်ကွမ်ဒို အဖွဲ့ချုပ်နှင့် ကိုရီးယားသံရုံးတို့ ပူးပေါင်းကျင်းပမည့် မြန်မာ-ကိုရီးယား သံတမန် ချစ်ကြည်ရေး (၄၅) နှစ်မြောက် အထိမ်းအမှတ်အဖြစ် Online Taekwondo Poomsae Championship   2020  ပြိုင်ပွဲကို နိုဝင်ဘာ (၁) ရက်မှ (၂)  ရက်အထိ ကျင်းပသွားမည်ဖြစ်‌ကြောင်း သိရသည်။  

ယှဉ်ပြိုင်နေမှုများကို Live ထုတ်လွှင့်သွားမည် ဖြစ်ပြီး ပထမနေ့ပြိုင်ပွဲကို နိုဝင်ဘာ (၁) ရက် နံနက် (၉) နာရီတွင် လည်းကောင်း၊ ဒုတိယနေ့ ပြိုင်ပွဲကို နိုဝင်ဘာ (၂) ရက်တွင် နံနက် (၉) နာရီတွင် လည်းကောင်း ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုပြိုင်ပွဲတွင် ကျွမ်းကျင်မှု သက်တမ်းအလိုက် အမျိုးသား၊ အမျိုးသမီး တစ်ဦးချင်း၊ ကာလာ အဆင့်နှင့်  ကိုကီဝမ်ခါးစည်းအနက် အဆင့် ဟူ၍ နှစ်မျိုးခွဲ ကျင်းပသွားမည် ဖြစ်သည်။ ကျင်းပရာတွင် အသက်အလိုက် အောက်ပါအတိုင်း ပြိုင်ဆိုင်ရမည် ဖြစ်ပြီး Zoom ဖြင့် အလှည့်ကျ ယှဉ်ပြိုင်ရမည် ဖြစ်ပါသည်။

၎င်းတို့မှာ…
အသက် (၁၀) နှစ်အောက်ကာလာ အဆင့်  (ကျား၊မ)  တစ်ဦးချင်းထေဂုတ် ကကွက်( ၃ )၊
အသက် (၁၀) နှစ်အောက် ခါးစည်းအနက်အဆင့်  (ကျား၊ မ)  တစ်ဦးချင်း ထေဂုတ်ကကွက် (၆)၊  
အသက် (၁၂) နှစ် အောက် ကာလာအဆင့်(ကျား၊မ)တစ်ဦးချင်း ထေဂုတ်ကကွက် (၄)၊  
အသက် (၁၂)  နှစ် အောက် ခါးစည်းအနက်အဆင့် (ကျား၊ မ)တစ်ဦးချင်းထေဂုတ်ကကွက်(၇)၊
အသက် (၁၄) နှစ်အောက် ကာလာအဆင့် (ကျား၊မ) တစ်ဦးချင်းထေဂုတ်ကကွက်(၅)၊
အသက် (၁၄) နှစ်အောက် ခါးစည်း နက်အဆင့်(ကျား၊မ)တစ်ဦးချင်း ထေဂုတ်ကကွက်(၈)၊
အသက် (၁၆) နှစ်အောက် ကာလာအဆင့် (ကျား၊မ) တစ်ဦးချင်း  ထေဂုတ်ကကွက်(၆)၊
အသက် (၁၆) နှစ်အောက် ခါးစည်းနက်အဆင့် (ကျား၊မ) တစ်ဦးချင်းကကွက်(ဂိုလီယို)ဖွမ်းဆေး၊
အသက် (၁၈) နှစ်အောက်ကာလာအဆင့်(ကျား၊ မ)တစ်ဦးချင်းယှဉ် ထေဂုတ် ကကွက်(၇)၊
အသက် (၁၈) နှစ်အောက် ခါးစည်းနက်အဆင့်(ကျား၊မ)တစ်ဦးချင်း ကကွက်(ဂွန်ဂမ်)ဖွမ်းဆေး၊
အသက် (၁၈) နှစ်အထက် ကာလာအဆင့်(ကျား၊မ)တစ်ဦးချင်းယှဉ်ပြိုင်ရမည့် ထေဂုတ်ကကွက်(၈)၊
အသက် (၁၈) နှစ်အထက် ခါးစည်းနက်အဆင့်(ကျား၊မ) တစ်ဦးချင်းကကွက်(ထေဘက်) ဖွမ်းဆေး၊
အသက် (၄၀) အထက် ခါးစည်းအနက်အဆင့် (ကျား၊မ) တစ်ဦးချင်းကကွက် (ဖြောန်ဝမ်) ဖွမ်းဆေးပြိုင်ပွဲဝင် အသင်းများမှ ယှဉ်ပြိုင်သူများ အနေဖြင့် Zoom အလှည့်ကျဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်‌ကြောင်း သိရသည်။

ပြိုင်ပွဲဝင်များ အနေဖြင့် ဆုရသူများအား ဆုလက်မှတ်နှင့်အတူ ပထမဆု အဖြစ် ကိုရီးယား ဒိုဘုခ်ဝတ်စုံ၊ ဒုတိယဆုအနေဖြင့် နှစ်ထပ်ခြေကန်ပက်၊ ပူးတွဲ တတိယဆု အနေဖြင့် ရိုးရိုးခြေကန်ပက် ချီးမြှင့်သွားမည်ဖြစ်သည်။

ပြိုင်ပွဲဝင် အသင်းများအနေဖြင့်  ပြိုင်ပွဲဝင်အရေအတွက်အကန့်အသတ်မရှိ  ဝင်ရောက် ယှဉ်ပြိုင်နိုင်ပြီး ပြိုင်ပွဲဝင်လူဦးရေစာရင်းအား အောက်တိုဘာ (၂၈) ရက် (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း ပြောကြားထားသည်။

ပြိုင်ပွဲနှင့် ပတ်သက်၍ တစ်စုံတစ်ရာမေးမြန်း သိရှိလိုပါက ဦးကျော်သန်းဦး (နည်းပြချုပ်)၊ နည်းစနစ်ကော်မတီ၊
ဖုန်း- ၀၉ ၇၈၅၀၇၀၀၃၉ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်‌ကြောင်း သိရသည်။

Ref: MRTV News Like4:04 pm

 

Event & Entertainment Read 157 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021