ဧပြီလ ၂၈ ရက်နေ့၊ နေ့လည် ၁ နာရီခွဲ အချိန်ခန့် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် နောက် ၄၈ နာရီအတွင်း ( ဧပြီလ ၃၀ ရက်ခန့်တွင် ) လေဖိအားရပ်နည်းဝန်းတစ်ခု ဖြစ်ပေါ်လာနိုင်ကြောင်း သိရသည်။
အဆိုပါ လေဖိအားရပ်နည်းဝန်းသည် ပိုမို အားကောင်းလာပြီး နောက် ၉၆ နာရီအတွင်း ( မေလ ၂ ရက်ခန့်တွင် ) မုန်တိုင်းငယ်အသွင်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ခန့်မှန်းထားခြင်း ဖြစ်သည်။
အထက်ပါ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော် အခြေအနေများကို အထွေထွေ အုပ်ချုပ်ရေး၊ ကယ်ဆယ်ရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေး၊ လေကြောင်းပို့ဆောင်ရေး၊ ရေအရင်းအမြစ် အထူးစုံစမ်းစစ်ဆေးရေး၊ ဆည်မြောင်း၊ သတင်းနှင့် စာနယ်ဇင်း၊ ဆိပ်ကမ်း၊ မြန်မာ့လေကြောင်း၊ ပြည်တွင်းလေကြောင်းနှင့် မြန်မာ့စိုက်ပျိုးရေး တို့ကို ပေးပို့ထားသည်။
Su Mon Oo ( Mine )
==============================
မေလ ၂ ရက်နေ့တွင် မုန်တိုင်းငယ်တစ်ခု ဝင်ရောက် တိုက်ခတ်နိုင်
Su Mon Oo ( Mine )