ရန်ကုန်ရှိ မြို့နယ် (၁၉) မြို့နယ် ရေပြတ်တောက်မည်

Ads Ads Ads

ရန်ကုန်မြို့တွင်းသို့ ရေပေးဝေနေသော လှော်ကားရေတွန်းစက်ရုံရှိ  ရေတွန်းစက်ကြီးများကို လျှပ်စစ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုများနှင့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်မည်ဖြစ်သည်။ ထိုပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) နှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည် ။ ထို့ကြောင့် (၁၈-၉-၂၀၂၀) ရက်နေ့ သောကြာနေ့ (၁၁:၀၀) နာရီမှ (၁၄:၀၀) ထိရေပေးဝေမှုကို ခေတ္တရပ်နားထားမည်ဖြစ်သည်။ 

ထိုသို့ရပ်နားထားမှုကြောင့် မြို့နယ်အချို့တွင် ရေအားလျော့ကျခြင်းနှင့် ရေပြတ်တောက်ခြင်းများဖြစ်ပေါ်နိုင်ပါသည်။ အဆိုပါမြို့နယ်များမှာ

  1. ရွှေပြည်သာမြို့နယ်
  2. အင်းစိန်မြို့နယ် 
  3. မင်္ဂလာဒုံမြို့နယ်
  4. မရမ်းကုန်းမြို့နယ်
  5. လှိုင်သာယာမြို့နယ်
  6.  လှိုင်မြို့နယ်
  7. ကမာရွတ်မြို့နယ်
  8. ရန်ကင်းမြို့နယ်
  9.  ဗဟန်းမြို့နယ်
  10.  တာမွေမြို့နယ်
  11.  မင်္ဂလာတောင်ညွန့်မြို့နယ်
  12.  သာကေတမြို့နယ်
  13.  ဒေါပုံမြို့နယ်
  14.  ပုဇွန်တောင်မြို့နယ်
  15.  ဗိုလ်တစ်ထောင်မြို့နယ် 
  16. ကျောက်တံတားမြို့နယ်
  17.  လသာမြို့နယ်  
  18. ပန်းဘဲတန်းမြို့နယ်
  19.  လမ်းမတော်မြို့နယ် တို့ဖြစ်သည်။

ထို့ကြောင့် အဆိုပါမြို့နယ်တွင်နေထိုင်ကြသော ပြည်သူများအနေဖြင့် ရေကြိုတင်စုဆောင်းထားရန် အသိပေးအပ်သည် ဟု မြို့တော်စည်ပင်ကကြေညာထားသည်။

 

Yangon Trend Read 94402 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021