System Break Down သွားသဖြင့် ရန်ကုန်တစ်မြို့လုံးနီးပါး ၂ နာရီခန့် မီးပြတ်မည်




ရွှေလီ-မန်စံ-ရွှေစာရံ ဓာတ်အားလိုင်း System Break down ဖြစ်သွားပါ၍ ရန်ကုန်တမြို့လုံးနီးပါး ဓာတ်အားပြတ်တောက်လျက် ရှိပြီး ခန့်မှန်းကြာချိန် (၀၂:၀၀)နာရီခန့် ကြာမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ 230kV ဓာတ်အားလိုင်း Trip ဖြစ်ကာ ရွှေလီဓာတ်အားပေးစက်မှ ဓာတ်အားထုတ်လုပ်မှုအရေးပေါ်လျှော့နည်းခဲ့ရပြီး (၃.၄.၂၀၂၀) ရက်နေ့ (၁၄:၀၀)နာရီအချိန်ခန့်တွင် System Break ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

ဓာတ်အားပြန်ပေးနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ ဆောင်ရွက်လျှက်ရှိပါကြောင်း YESC မှ သိရသည်။

<< Back
Yangon Trend Read 21161 times

Featured categories

All categories