Stay Home ကြေညာထားသော်လည်း ရွေးကောက်ပွဲနေ့တွင် ခြွင်းချက်ဖြင့် မဲသွားပေးနိုင်မည်

Ads Ads Ads

လတ်တစ်လောတွင် ကိုဗစ်အတည်ပြုလူနာများ ထပ်မံတွေ့ရှိရမှု၊ ခရီးသွားရာဇဝင်မရှိသည့်အပြင် အတည်ပြုလူနာများနှင့် မတွေ့ရှိသော်လည်း လူနာများထပ်မံတွေ့ရှိမှုကြောင့် အိမ်တွင်နေထိုင်ရန် Stay At Home ကြေညာထားခဲ့ပါသည်။

ထိုကြေညာချက်တွင် 

  • ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအားလုံး
  • ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ်များအားလုံး (ကိုကိုကျွန်းမပါ) 
  • မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မဟာအောင်မြေမြို့နယ်၊ ချမ်းအေးသာဇံမြို့နယ်၊ အမရပူရမြို့နယ်၊ 
  • ပဲခူးတိုင်းဒေသကြီးရှိ ကဝမြို့နယ်၊ ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ 
  • ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ မအူပင်မြို့နယ်၊ 
  • ကချင်ပြည်နယ်ရှိ ဖားကန့်မြို့နယ်နှင့် မိုးညှင်းမြို့နယ်တို့ ပါဝင်သည်။ 

သိုသော် (၂၀၂၀)ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့တွင်ကျင်းပမည်ဖြစ်ရာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဆိုမြို့နယ်များရှိ ပြည်သူများအနေဖြင့် မဲဆန္ဒနယ်မြေများသို့ မဲပေးရန်သွားရောက်ခြင်း၊ ကြိုတင်ဆန္ဒမဲပေးရန် သွားရောက်ခြင်းများကို ခြွင်းချက်အနေဖြင့်ခွင့်ပြုလိုက်သည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးမှ အမိန့်ထုတ်ပြန်ထားသည်။ 

 

Yangon Trend Read 179 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
29 Days left
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
29 Days left