နှစ်ကတ်ထက် ပို၍ မှတ်ပုံတင်ထားသည့် ဆင်းကတ်များနှင့် အချက်အလက် မှန်ကန်စွာ ထည့်သွင်းထားခြင်း မရှိသည့် ဆင်းကတ်များကို ယခုလကုန်တွင် အထွက်ခေါ်ဆိုမှု ပိတ်မည် ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
တည်ဆဲဥပဒေအရ ထုတ်ပေးထားသည့် သက်သေခံလက်မှတ် နိုင်ငံသားဧည့်နိုင်ငံသား နိုင်ငံသားပြု/ နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား )၊ နိုင်ငံခြားသားများအနေဖြင့် နိုင်ငံကူးလက်မှတ် ( Passport ) တစ်ခုခုဖြင့် ဆင်းကတ်များကို မှတ်ပုံတင်ရမည် ဖြစ်သည်။
ဆင်းကတ်များကို ဧပြီလကုန်နောက်ပိုင်းတွင် မှတ်ပုံတင်ရေးကိစ္စများ စုံစမ်းနိုင်ရန် Call Center သို့ ခေါ်ဆိုနိုင်ခြင်းမှလွဲ၍ အထွက်ခေါ်ဆိုမှု ပိတ်ထားခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး ဇွန်လနောက်ပိုင်းတွင် အပြီးသတ် ပိတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
SIM Card များ စနစ်တကျ ပြန်လည် မှတ်ပုံတင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ သုံးစွဲသူများအနေဖြင့် သတ်မှတ်ရက်အတွင်း ပြန်လည်မှတ်ပုံတင်ကြပါရန် (၂၃-၀၂-၂၀၂၀) ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများနှင့် လူမှုကွန်ရက် မီဒီယာများမှ အသိပေးကြေညာခဲ့ပြီး ဖြစ်သည်။
သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများက ဆောင်ရွက်ပေးလျက်ရှိသော စစ်ဆေးနိုင်မည့် နည်းလမ်းများနှင့် မိမိသုံးစွဲနေသော SIM Card သည် မိမိ၏ ကိုယ်ရေးအချက်အလက်များဖြင့် မှတ်ပုံတင်ထားသော SIM Card မှန်/မမှန် စစ်ဆေး၍ မမှန်ပါက သက်ဆိုင်ရာ မိုဘိုင်းအော်ပရေတာများ၏ Online ဝန်ဆောင်မှုဖြင့်လည်းကောင်း၊ အရောင်းဆိုင်များတွင်လည်းကောင်း လုပ်ဆောင်နိုင်ကြောင်း အသိပေးထားသည်။
Su Mon Oo ( Mine )
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန
==============================
မွတ္ပုံမတင္ထားသည့္ ဆင္းကတ္မ်ား ယခုလကုန္တြင္ အထြက္ေခၚဆိုမႈ ပိတ္မည္
ႏွစ္ကတ္ထက္ ပို၍ မွတ္ပုံတင္ထားသည့္ ဆင္းကတ္မ်ားႏွင့္ အခ်က္အလက္ မွန္ကန္စြာ ထည့္သြင္းထားျခင္း မရွိသည့္ ဆင္းကတ္မ်ားကို ယခုလကုန္တြင္ အထြက္ေခၚဆိုမႈ ပိတ္မည္ ျဖစ္ေၾကာင္း ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္လိုက္သည္။
တည္ဆဲဥပေဒအရ ထုတ္ေပးထားသည့္ သက္ေသခံလက္မွတ္ ႏိုင္ငံသားဧည့္ႏိုင္ငံသား ႏိုင္ငံသားျပဳ/ ႏိုင္ငံသားစိစစ္ခံရမည့္သူ၏ သက္ေသခံကတ္ျပား )၊ ႏိုင္ငံျခားသားမ်ားအေနျဖင့္ ႏိုင္ငံကူးလက္မွတ္ ( Passport ) တစ္ခုခုျဖင့္ ဆင္းကတ္မ်ားကို မွတ္ပုံတင္ရမည္ ျဖစ္သည္။
ဆင္းကတ္မ်ားကို ဧၿပီလကုန္ေနာက္ပိုင္းတြင္ မွတ္ပုံတင္ေရးကိစၥမ်ား စုံစမ္းႏိုင္ရန္ Call Center သို႔ ေခၚဆိုႏိုင္ျခင္းမွလြဲ၍ အထြက္ေခၚဆိုမႈ ပိတ္ထားျခင္း ျပဳလုပ္သြားမည္ျဖစ္ၿပီး ဇြန္လေနာက္ပိုင္းတြင္ အၿပီးသတ္ ပိတ္သိမ္းသြားမည္ ျဖစ္ေၾကာင္း သိရသည္။
SIM Card မ်ား စနစ္တက် ျပန္လည္ မွတ္ပုံတင္ႏိုင္ေရးကိစၥႏွင့္ စပ္လ်ဥ္း၍ သုံးစြဲသူမ်ားအေနျဖင့္ သတ္မွတ္ရက္အတြင္း ျပန္လည္မွတ္ပုံတင္ၾကပါရန္ (၂၃-၀၂-၂၀၂၀) ရက္ေန႔ထုတ္ ႏိုင္ငံပိုင္ သတင္းစာမ်ားႏွင့္ လူမႈကြန္ရက္ မီဒီယာမ်ားမွ အသိေပးေၾကညာခဲ့ၿပီး ျဖစ္သည္။
သက္ဆိုင္ရာ မိုဘိုင္းေအာ္ပေရတာမ်ားက ေဆာင္႐ြက္ေပးလ်က္ရွိေသာ စစ္ေဆးႏိုင္မည့္ နည္းလမ္းမ်ားႏွင့္ မိမိသုံးစြဲေနေသာ SIM Card သည္ မိမိ၏ ကိုယ္ေရးအခ်က္အလက္မ်ားျဖင့္ မွတ္ပုံတင္ထားေသာ SIM Card မွန္/မမွန္ စစ္ေဆး၍ မမွန္ပါက သက္ဆိုင္ရာ မိုဘိုင္းေအာ္ပေရတာမ်ား၏ Online ဝန္ေဆာင္မႈျဖင့္လည္းေကာင္း၊ အေရာင္းဆိုင္မ်ားတြင္လည္းေကာင္း လုပ္ေဆာင္ႏိုင္ေၾကာင္း အသိေပးထားသည္။
Su Mon Oo ( Mine )
ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန