MLBB ရဲ့ Project Next Update မှာသိသိသာသာ ပြောင်းလဲသွားတဲ့ အချက်များ

Ads Ads Ads

MLBB Developer Moonton ကနေပြီးတော့ Game ကိုတော်တော်ပြောင်းလဲလိုက်ပါတယ်။

ဒီအထဲမှာမှ သိသိသာသာ ပြောင်းလဲသွားတဲ့အချက်တွေကို ဖော်ပြပေးသွားမှာပါ…

Heroes Revamp 

Pick Rate နည်းတဲ့ကောင်တွေ  Miya, Eudora, Zilong, Layla လိုမျိုး Meta အပြင်ဘက်ရောက်နေတဲ့ကောင်တွေအတွက် Skills Reworked ပေးလိုက်ပါတယ်။ ကြမ်းလာလားဆိုတော့ ကြမ်းပါတယ် သောက်ကျိုးနည်းကို ကြမ်းလာတာပါ။ မကိုင်ရင် ban ဖို့သာပြင်ထားကြပါ :3

Visual Upgrades 

Graphic ကတော့ တော်တော်ကြည့်လို့ကောင်းသွားပါတယ်။တစ်ခုရှိတာက ကြည့်လို့ပိုကောင်းလာသလို ဖုန်းကလည်းပိုကောင်းဖို့လိုလာပါတယ် :3 

မဟုတ်ရင်တော့ FPS ရှယ်ကျနိုင်ပါတယ် (ဖုန်းအသစ်ရတာပေါ့) 

Game Play 

Experience ပိုရမယ့်လမ်းနဲ့ Gold ပိုရမယ့်လမ်းဆိုပြီး side lane နှစ်ခုကကွဲသွားမှာပါ။ ဘယ်လမ်းက ဘာရမယ်ဆိုတာကတော့ Randomကျမှာဖြစ်ပြီး ပွဲထဲရောက်မှသိရမှာပါ။ MM တွေက Gold lane ကိုသွား Fighter တွေကတော့ Exp lane ကိုသွားတာပိုကောင်းပါတယ်။  ဒါပေမယ့် အဲ့ဒီ Gold & Exp ပါလာမယ့် Minions လေးတွေက 8th wave ထိပဲပါလာမှာပါ။ 

Shield ပါလာမယ့် T1 Tower များ

အခုဆို ပထမဆုံး tower တွေမှာ shield တွေပါလာတော့မှာပါ။ ဒါပေမယ့် Shield ရှိနေတုန်း Tower ကိုပစ်ရင် Gold တွေတက်နေမှာလည်းဖြစ်ပါတယ်။Tower ကို ကိုယ်က ဘာမှမလုပ်ဘဲ ရပ်နေရင်လည်း Creep က ဖြစ်ဖြစ် Tower ကို ပစ်နေရင်လည်း Gold က ရမှာပါ။ 

No Retribution No Jungle Items

အကြီးမားဆုံးပြောင်းလဲသွားတာက Retribution spell မယူထားရင် Jungle item လုံးဝဝယ်လို့မရတော့တာပါပဲ

အကယ်၍ Jungle item ဝယ်ထားရင်လည်း ပထမ ၃ မိနစ်အတွင်းမှာ Jungle item မဝယ်ထားတဲ့ သူတွေထက် minion တွေဆီက exp ရရှိနှုန်းလျော့ချထားပါသေးတယ်...

ကဲ ဒီလောက်ဆိုရင်တော့ ဘာတွေပြောင်းသွားလဲ အကြမ်းဖျင်းသိလောက်ပြီလို့ထင်ပါတယ်။

By Aung Myo Hein

Event & Entertainment Read 346 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021