Korea Drama စီးရီးသစ်  “ The King: Eternal Monarch ” 




လူသားကမ္ဘာထဲကို လွတ်မြောက်လာတဲ့ နတ်ဆိုးတစ်ကောင်ဟာ ကမ္ဘာနှစ်ခုကို ချိတ်ဆက်ထားတဲ့ တံခါးကို ဖွင့်ဖို့ ကြိုးစားခဲ့တယ်။ နတ်ဆိုးက ပိုကောင်းတဲ့ဘဝတစ်ခုနဲ့ အခြားကမ္ဘာမှာ နေရမယ်ဆိုရင် အဲဒီကမ္ဘာမှာ နေချင်လားလို့ မေးခဲ့ပြန်တယ်။

ကမ္ဘာတစ်ခုရဲ့ ဘုရင် Lee Gon (Lee Min-Ho) ဟာ ကမ္ဘာနှစ်ခုကြားမှာ ချိတ်ဆက်နေတဲ့ တံခါးကနေတဆင့် ဝင်ရောက်လာမယ့် နတ်ဆိုးကို တာဆီးဖို့ရာအတွက် ဝင်ပေါက်ကို ပိတ်ဖို့ ကြိုးစားတဲ့အခါ...
 
ဒီဘက်ကမ္ဘာတစ်ခုမှာ နေထိုင်တဲ့ စုံထောက် Jung Tal-Eul (Kim Go-Eun) က စုံထောက်သက်တမ်း (၆) နှစ်ရှိပြီဖြစ်ပြီး ဘယ်လိုအကြောင်းအရာတွေရှိရှိ မကောင်းမှုမှန်သမျှဟာ ဆိတ်ကွယ်ရာမရှိ ဆိုတဲ့သဘောတရားကို ယုံကြည်လက်ကိုင်ထားပြီး သူချစ်တဲ့သူတွေနဲ့ သူတို့တွေ နေထိုင်တဲ့ကမ္ဘာကို ကာကွယ်ဖို့ ကြိုးစားရင်း Lee Gon နဲ့ ဆုံမိတဲ့အခါ...

ကိုရီးယားအင်ပါယာကမ္ဘာမှာတော့ နိမ့်ပါးလွန်းလှတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ စွန့်ပစ်ခံထားရတဲ့  Luna.. 
ဘယ်သူဘယ်ဝါရယ်လို့ အထောက်အထားဆိုတာမရှိ မိဘမဲ့တစ်ကောင်ကြွက် အိမ်ဖောက် ခိုးဝှက် လိမ်လည် စသဖြင့် ရှင်သန်နေထိုင်ရဖို့ဆို အကုန်ကျူးလွန်ရဲတဲ့ ဆိုးပေမိန်းကလေး Luna...
လောကမှာနေထိုင်ရှင်သန်ခွင့် ၃လသာ ကျန်ရှိတော့တဲ့ ကင်ဆာဝေဒနာ ခံစားနေရတဲ့ Luna...

စုံထောက်အမျိုးသမီး Jung Tae-Eul အပြင် Luna အဖြစ်ပါ နှစ်မျိုးမြင်တွေ့ရမယ့် မင်းသမီး Kim Go-Eun ကို ကမ္ဘာနှစ်ခုမှာ ဘယ်လို မတူကွဲပြားတဲ့ သရုပ်ဆောင်မှုတွေနဲ့ မြင်တွေ့ရမလဲဆိုတာ စောင့်မျှော် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ 

အခြားပါဝင်မယ့် Casts တွေနဲ့ သူတို့ရဲ့ Character Name တွေပါ ဖော်ပြပေးလိုက်ပါတယ်။
 
Lee Min-Ho  -  Lee Gon
Kim Go-Eun  -  Jung Tae-Eul  -  Luna
Woo Do-Hwan  -  Jo Young
Kim Kyung-Nam  -  Kang Shin-Jae
Jung Eun-Chae  -  Koo Seo-Ryeong
Lee Jung-Jin  -  Lee Rim
Kim Young-Ok  -  No Ok-Nam
Jeon Bae-Su  -  Jung Do-In
Seo Jung-Yeon  -  Song Jung-Hye
Park Won-Sang  -  Park Moon-Sik
Kim Yong-Ji  -  Myung Seung-A
 
ထူးခြားချက်လေးတွေကတော့...

 Lee Min-Ho က ၂၀၁၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပြီး အရမ်းကို အောင်မြင်ခဲ့တဲ့ SBS ရဲ့ “ The Heirs ” ဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခဲ့ပြီး ဒါက ဇာတ်လမ်းရဲ့ မူရင်းစာရေးဆရာမ Kim Eun-Sook နဲ့ ဒုတိယအကြိမ် ထပ်မံ ဆုံဆည်းမှုပါ။

မင်းသမီး Kim Go-Eun ကလည်း ၂၀၁၆ ခုနှစ် tvn က ထုတ်လွှင့်တဲ့ Goblin ( Guardian : The Lonely and Great God ) ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး အခု ဒုတိယအကြိမ်အဖြစ် ဆရာမရဲ့ ဇာတ်လမ်းမှာ ထပ်မံ ပါဝင်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒါရိုက်တာ Baek Sang-Hoon ကလည်း ဆရာမရဲ့ လက်ရာတစ်ခုဖြစ်တဲ့ ၂၀၁၆ ခုနှစ်က အကြီးအကျယ်အောင်မြင်ခဲ့တဲ့ KBS2 ရဲ့ " Descendants of the Sun " ဇာတ်လမ်းတွဲအပြီး ယခုအခါ ဒုတိယမြောက် ဆရာမဇာတ်လမ်းတွဲကို ထပ်မံ ရိုက်ကူးဖြစ်ခြင်းပါ။
 
အနှစ်ချုပ်လိုက်ရင် အရမ်းအောင်မြင်ပြီး ကောင်းမွန်တဲ့ ဇာတ်လမ်းတွေကို ဖန်တီးတဲ့ ဆရာမနဲ့ မင်းသား၊ မင်းသမီး၊ ဒါရိုက်တာတို့ရဲ့ ဒုတိယအကြိမ်မြောက် ဆုံဆည်းမှုတွေ စုနေတဲ့ ဒီဇာတ်လမ်းတွဲက အရမ်းကို မျှော်လင့်ပြီး စောင့်ကြည့်ရမယ့် Bucket List ထဲက တစ်ကားပါပဲ။

============================

Korea Drama စီးရီးသစ္  “ The King: Eternal Monarch ” 

လူသားကမာၻထဲကို လြတ္ေျမာက္လာတဲ့ နတ္ဆိုးတစ္ေကာင္ဟာ ကမာၻႏွစ္ခုကို ခ်ိတ္ဆက္ထားတဲ့ တံခါးကို ဖြင့္ဖို႔ ႀကိဳးစားခဲ့တယ္။ နတ္ဆိုးက ပိုေကာင္းတဲ့ဘဝတစ္ခုနဲ႔ အျခားကမာၻမွာ ေနရမယ္ဆိုရင္ အဲဒီကမာၻမွာ ေနခ်င္လားလို႔ ေမးခဲ့ျပန္တယ္။

ကမာၻတစ္ခုရဲ႕ ဘုရင္ Lee Gon (Lee Min-Ho) ဟာ ကမာၻႏွစ္ခုၾကားမွာ ခ်ိတ္ဆက္ေနတဲ့ တံခါးကေနတဆင့္ ဝင္ေရာက္လာမယ့္ နတ္ဆိုးကို တာဆီးဖို႔ရာအတြက္ ဝင္ေပါက္ကို ပိတ္ဖို႔ ႀကိဳးစားတဲ့အခါ...
 
ဒီဘက္ကမာၻတစ္ခုမွာ ေနထိုင္တဲ့ စုံေထာက္ Jung Tal-Eul (Kim Go-Eun) က စုံေထာက္သက္တမ္း (၆) ႏွစ္ရွိၿပီျဖစ္ၿပီး ဘယ္လိုအေၾကာင္းအရာေတြရွိရွိ မေကာင္းမႈမွန္သမွ်ဟာ ဆိတ္ကြယ္ရာမရွိ ဆိုတဲ့သေဘာတရားကို ယုံၾကည္လက္ကိုင္ထားၿပီး သူခ်စ္တဲ့သူေတြနဲ႔ သူတို႔ေတြ ေနထိုင္တဲ့ကမာၻကို ကာကြယ္ဖို႔ ႀကိဳးစားရင္း Lee Gon နဲ႔ ဆုံမိတဲ့အခါ...

ကိုရီးယားအင္ပါယာကမာၻမွာေတာ့ နိမ့္ပါးလြန္းလွတဲ့ ပတ္ဝန္းက်င္တစ္ခုမွာ စြန္႔ပစ္ခံထားရတဲ့  Luna.. 
ဘယ္သူဘယ္ဝါရယ္လို႔ အေထာက္အထားဆိုတာမရွိ မိဘမဲ့တစ္ေကာင္ႂကြက္ အိမ္ေဖာက္ ခိုးဝွက္ လိမ္လည္ စသျဖင့္ ရွင္သန္ေနထိုင္ရဖို႔ဆို အကုန္က်ဴးလြန္ရဲတဲ့ ဆိုးေပမိန္းကေလး Luna...
ေလာကမွာေနထိုင္ရွင္သန္ခြင့္ ၃လသာ က်န္ရွိေတာ့တဲ့ ကင္ဆာေဝဒနာ ခံစားေနရတဲ့ Luna...

စုံေထာက္အမ်ိဳးသမီး Jung Tae-Eul အျပင္ Luna အျဖစ္ပါ ႏွစ္မ်ိဳးျမင္ေတြ႕ရမယ့္ မင္းသမီး Kim Go-Eun ကို ကမာၻႏွစ္ခုမွာ ဘယ္လို မတူကြဲျပားတဲ့ သ႐ုပ္ေဆာင္မႈေတြနဲ႔ ျမင္ေတြ႕ရမလဲဆိုတာ ေစာင့္ေမွ်ာ္ ၾကည့္ရႈရမွာ ျဖစ္ပါတယ္။ 

အျခားပါဝင္မယ့္ Casts ေတြနဲ႔ သူတို႔ရဲ႕ Character Name ေတြပါ ေဖာ္ျပေပးလိုက္ပါတယ္။
 
Lee Min-Ho  -  Lee Gon
Kim Go-Eun  -  Jung Tae-Eul  -  Luna
Woo Do-Hwan  -  Jo Young
Kim Kyung-Nam  -  Kang Shin-Jae
Jung Eun-Chae  -  Koo Seo-Ryeong
Lee Jung-Jin  -  Lee Rim
Kim Young-Ok  -  No Ok-Nam
Jeon Bae-Su  -  Jung Do-In
Seo Jung-Yeon  -  Song Jung-Hye
Park Won-Sang  -  Park Moon-Sik
Kim Yong-Ji  -  Myung Seung-A
 
ထူးျခားခ်က္ေလးေတြကေတာ့...

 Lee Min-Ho က ၂၀၁၃ ခုႏွစ္မွာ ထုတ္လႊင့္ခဲ့ၿပီး အရမ္းကို ေအာင္ျမင္ခဲ့တဲ့ SBS ရဲ႕ “ The Heirs ” ဇာတ္လမ္းတြဲမွာ သ႐ုပ္ေဆာင္ခဲ့ၿပီး ဒါက ဇာတ္လမ္းရဲ႕ မူရင္းစာေရးဆရာမ Kim Eun-Sook နဲ႔ ဒုတိယအႀကိမ္ ထပ္မံ ဆုံဆည္းမႈပါ။

မင္းသမီး Kim Go-Eun ကလည္း ၂၀၁၆ ခုႏွစ္ tvn က ထုတ္လႊင့္တဲ့ Goblin ( Guardian : The Lonely and Great God ) ဇာတ္လမ္းတြဲမွာ ပါဝင္ သ႐ုပ္ေဆာင္ခဲ့ၿပီး အခု ဒုတိယအႀကိမ္အျဖစ္ ဆရာမရဲ႕ ဇာတ္လမ္းမွာ ထပ္မံ ပါဝင္ခဲ့ျခင္း ျဖစ္ပါတယ္။

ဒါ့အျပင္ ဒါ႐ိုက္တာ Baek Sang-Hoon ကလည္း ဆရာမရဲ႕ လက္ရာတစ္ခုျဖစ္တဲ့ ၂၀၁၆ ခုႏွစ္က အႀကီးအက်ယ္ေအာင္ျမင္ခဲ့တဲ့ KBS2 ရဲ႕ " Descendants of the Sun " ဇာတ္လမ္းတြဲအၿပီး ယခုအခါ ဒုတိယေျမာက္ ဆရာမဇာတ္လမ္းတြဲကို ထပ္မံ ႐ိုက္ကူးျဖစ္ျခင္းပါ။
 
အႏွစ္ခ်ဳပ္လိုက္ရင္ အရမ္းေအာင္ျမင္ၿပီး ေကာင္းမြန္တဲ့ ဇာတ္လမ္းေတြကို ဖန္တီးတဲ့ ဆရာမနဲ႔ မင္းသား၊ မင္းသမီး၊ ဒါ႐ိုက္တာတို႔ရဲ႕ ဒုတိယအႀကိမ္ေျမာက္ ဆုံဆည္းမႈေတြ စုေနတဲ့ ဒီဇာတ္လမ္းတြဲက အရမ္းကို ေမွ်ာ္လင့္ၿပီး ေစာင့္ၾကည့္ရမယ့္ Bucket List ထဲက တစ္ကားပါပဲ။

KDrama Crazies Myanmar Fan 

 

<< Back
Life Style Movies Read 364 times

Featured categories

All categories