ကိုရီးယား၏ ယဉ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန်အဖြစ် သရုပ်ဆောင် ခါရာမှ ခန့်အပ်ခြင်းခံရ

Ads Ads Ads

ကိုရီးယား ယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန်သည် ကိုရီးယား-မဲခေါင် ဖလှယ်ရေးနှစ် (Mekong-ROK Exchange Year) ကို ဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးအနေဖြင့် ပထမဦးဆုံးအကြိမ် ခန့်အပ်သော သံတမန် ဖြစ်ပါသည်။

ထိုကဲ့သို့ ခန့်အပ်ရာတွင် ကိုရီးယား သံရုံးမှ တာဝန်ရှိသူများ အနေဖြင့် အောက်ပါ အကြောင်းအရာများကို ကြည့်၍ မြန်မာ ရုပ်ရှင်သရုပ်ဆောင် ခါရာအား ခန့်အပ်ခဲ့သည်။ ၎င်းအကြောင်းအရာများမှာ…

  • ပုံမှန်အားလပ်ချိန်များတွင် တိုက်ကွမ်ဒို အားကစားနည်းကို ကြိုက်နှစ်သက်ခြင်း၊ 
  • ကိုရီးယား ရုပ်ရှင်များတွင် စိတ်ဝင်စားမှု ရှိခြင်း၊
  • ကိုရီးယား ယဥ်ကျေးမှုတွင် စိတ်အားထက်သန်မှု ရှိခြင်း၊
  • မြန်မာပြည်သူများ ကြားတွင် တည်ကြည် ဖြောင့်မတ်မှု ရှိခြင်း၊ 
  • လူမှုအကျိုးပြုခြင်း လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခြင်း နှင့် 
  • ပရိသတ်များ၏ တစ်ခဲနက် ချစ်ခင် နှစ်သက်မှုကို ရရှိထားခြင်း 

စသည့် အချက်များကြောင့် ကိုရီးယား ယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန်အဖြစ် ခန့်အပ်ခဲ့ခြင်း ဖြစ်ပြီး ရှေ့ဆက်၍ ခါရာမှ ကိုရီးယား-မြန်မာ နှစ်နိုင်ငံ ပြည်သူများ၏ ပေါင်းကူးတံတား ကဏ္ဍတွင် ပါဝင် အားဖြည့်ပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့ပြင် ခါရာက ကိုရီးယား အစားအစာ၊ ရုပ်ရှင်၊ တိုက်ကွမ်ဒို စသဖြင့် လူသိများသော ကိုရီးယား ယဥ်ကျေးမှုကို သာမက ယခုချိန်ထိ လူသိ နည်းနေသေးသည့် ကိုရီးယား ယဥ်ကျေးမှုများအား မြန်မာပြည်သူများထံ ချပြနိုင်ရန် ကြိုးစားသွားပါ့မည်ဟု ဆက်လက် ပြောကြားခဲ့ပါသည်။ 

ခါရာသည် (2019) ခုနစ် အောက်တိုဘာလတွင် ASEAN-Korea Train အစီအစဥ်တွင် မြန်မာ အနုပညာရှင်များ ကိုယ်စားပြုအဖြစ် ကိုရီးယားသို့ ရောက်ရှိခဲ့ပြီး ကိုရီးယား ပြည်သူများထံသို့ ပုံရိပ်ကောင်း ချပြနိုင်ခဲ့ရုံ သာမက ယခင်နှစ်ကုန်၌ ကိီုရးယား ရုပ်ရှင်ပွဲတော်၊ ယခုနှစ် မေလတွင် COVID-19 နှင့် ပတ်သက်သော သံအမတ်ကြီး၏ ပို့ချချက်များအား ကြေငြာပေးခြင်းကို ဆောင်ရွက်နိုင်ခဲ့သူ တစ်ယောက် ဖြစ်ပါသည်။ 

အောက်တိုဘာလတွင်လည်း ကိုရီးယား-မြန်မာ ယဥ်ကျေးမှု ပူးပေါင်း ဖျော်ဖြေပွဲတွင် အစီအစဥ် တင်ဆက်သူ အဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခဲ့ပြီး ထိုကာလများ အတွင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယား သံရုံးနှင့် ပူးပေါင်းဆောင်ရွက်ရာ၌ အားကြိုးမာန်တက် ကူညီပံ့ပိုးပေးခဲ့သည့် အနုပညာရှင် ဖြစ်ပါသည်။

အထက်ပါ အကြောင်းအရာများကြောင့် ခါရာအား ကိုရီးယား ယဥ်ကျေးမှု မြှင့်တင်ရေး ဂုဏ်ထူးဆောင် သံတမန် အဖြစ် ခန့်အပ်ခြင်း ဖြစ်ပါသည်ဟု သက်ဆိုင်ရာ တာဝန်ရှိသူများက ပြောကြားထားသည်။ 

 

Event & Entertainment Read 182 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
29 Days left
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
29 Days left