ဆေးဝါးထုတ်လုပ်ရေး စက်ရုံများကို ပထမ ဦးစားပေးအနေဖြင့် စစ်ဆေး




မြန်မာတစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက်ပြီးမှသာ ပြန်လည် ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာ၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း အဖွဲ့အစည်းများသည် သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများကို ဧပြီလ ၂၀ ရက်နေ့မှ စတင်၍ စစ်ဆေးသွားမည် ဖြစ်သည်။

ဧပြီလ ၂၀ ရက်မှ ၃၀ ရက်အထိ လိုက်လံ စစ်ဆေးသွားမည် ဖြစ်ပြီး အောက်ဖော်ပြပါ ဦးစားပေး အစီအစဉ်အတိုင်း ဆောင်ရွက် စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။

၁။ ဆေးဝါးထုတ်လုပ်ရေး စက်ရုံများ
၂။ စားသောက်ကုန် ထုတ်လုပ်ရေး စက်ရုံများ
၃။ ကျန်းမာရေး လိုအပ်ချက်များနှင့် ကိုက်ညီပြီး ဖွင့်လှစ်ရန် အသင့်ဖြစ်နေသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ
၄။ လုပ်သားဦးရေ ( ၁,၀၀၀ ) နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများ
၅။ အခြားစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ

Su Mon Oo ( Mine )

============================

ေဆးဝါးထုတ္လုပ္ေရး စက္႐ုံမ်ားကို ပထမ ဦးစားေပးအေနျဖင့္ စစ္ေဆး

ျမန္မာတစ္ႏိုင္ငံလုံးရွိ စက္႐ုံ၊ အလုပ္႐ုံမ်ားကို က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ အႀကံျပဳခ်က္၊ သတ္မွတ္ခ်က္မ်ားႏွင့္အညီ လိုက္နာ ေဆာင္႐ြက္ၿပီးမွသာ ျပန္လည္ ဖြင့္လွစ္ခြင့္ျပဳမည္ ျဖစ္ေၾကာင္း အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနမွ ထုတ္ျပန္လိုက္သည္။

က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာ၊ အလုပ္သမား၊ လူဝင္မႈ ႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနႏွင့္ ကြၽမ္းက်င္မႈဆိုင္ရာ ပူးေပါင္း အဖြဲ႕အစည္းမ်ားသည္ သက္ဆိုင္ရာ စက္႐ုံ၊ အလုပ္႐ုံႏွင့္ အလုပ္ဌာနမ်ားကို ဧၿပီလ ၂၀ ရက္ေန႔မွ စတင္၍ စစ္ေဆးသြားမည္ ျဖစ္သည္။

ဧၿပီလ ၂၀ ရက္မွ ၃၀ ရက္အထိ လိုက္လံ စစ္ေဆးသြားမည္ ျဖစ္ၿပီး ေအာက္ေဖာ္ျပပါ ဦးစားေပး အစီအစဥ္အတိုင္း ေဆာင္႐ြက္ စစ္ေဆးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

၁။ ေဆးဝါးထုတ္လုပ္ေရး စက္႐ုံမ်ား
၂။ စားေသာက္ကုန္ ထုတ္လုပ္ေရး စက္႐ုံမ်ား
၃။ က်န္းမာေရး လိုအပ္ခ်က္မ်ားႏွင့္ ကိုက္ညီၿပီး ဖြင့္လွစ္ရန္ အသင့္ျဖစ္ေနေသာ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ား
၄။ လုပ္သားဦးေရ ( ၁,၀၀၀ ) ႏွင့္အထက္ရွိေသာ စက္႐ုံ၊ အလုပ္႐ုံမ်ား
၅။ အျခားစက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ား

Su Mon Oo ( Mine )
 

 

<< Back
Business Health & Wellness Read 298 times

Featured categories

All categories