က.ည.နမှာ ၅,၈၀၀ ကျပ်နဲ့ သင်မောင်းလိုင်စင် ကိုယ်တိုင်သွားလုပ်မယ်ဆိုရင်...


သင်မောင်းလိုင်စင်လုပ်ဖို့အတွက် မှတ်ပုံတင်မူရင်း၊ မိတ္ထူ ( ၁ ) စောင်နဲ့ လိုင်စင်ဓာတ်ပုံ ( ၂ ) ပုံ လိုအပ်ပါတယ်။ အသက်ကတော့ ၁၈ နှစ်ပြည့်ရပါမယ်။

သင်မောင်းလိုင်စင်လုပ်ဖို့အတွက် မှတ်ပုံတင်မူရင်း၊ မိတ္ထူ ( ၁ ) စောင်နဲ့ လိုင်စင်ဓာတ်ပုံ ( ၂ ) ပုံ လိုအပ်ပါတယ်။ အသက်ကတော့ ( ၁၈ ) နှစ်ပြည့်ရပါမယ်။ ကုန်ကျငွေကတော့ ၅,၈၀၀ ကျပ်တိတိပါ။ သင်မောင်းလိုင်စင်ကတ်ပြားကို တစ်ခါထဲ စောင့်ပြီး ယူလာလို့ ရပါတယ်။

မြင်သာမှာရှိတဲ့ က.ည.န ရုံးကို သွားပါ။ ၆၊ ၆၀၊ ၉၂၊ ၈၄၊ ၁၄၊ ၂၇ ကားတွေကတော့ က.ည.န ရှေ့မှတ်တိုင်ထိ ရောက်ပါတယ်။ ၇၊ ၃၊ ၄၂၊ ၂၄၊ ၆၂ စတဲ့ ကားတွေစီး၊ စံပြဈေးမှာ ဆင်းပြီး လမ်းနည်းနည်းလျှောက်ရင်လည်း ရပါတယ်။

က.ည.န ရုံး အဝင်လမ်းအတိုင်း တည့်တည့်ဝင်သွားပါ။ အစိမ်းရောင် ၃ ထပ်အဆောက်အဦးကို တွေ့ရင် ညာဘက်လှေကားအတိုင်း အပေါ်ဆုံးထပ်ကို တက်သွားပါ။ သင်မောင်းလိုင်စင် လုပ်ရတဲ့နေရာက ညာဘက်ထောင့်စွန်းအခန်းမှာပါ။

ပထမဦးဆုံး သင်မောင်းလိုင်စင် လုပ်မယ်လို့ပြောပြီး အခန်းဘယ်ဘက်ထောင့်မှာ လျှောက်လွှာထုတ်ပါ။ မှတ်ပုံတင်မူရင်းနဲ့ မိတ္ထူကို ပေးလိုက်ပါ။ လျှောက်လွှာမှာ လိုအပ်တဲ့အချက်အလက်တွေ ဖြည့်ပြီး ပါလာတဲ့ ဓာတ်ပုံ ( ၂ ) ပုံကို လျှောက်လွှာမှာ ကပ်ပါ။ ကော်လည်း ရှိပါတယ်။

ဒုတိယအဆင့် မှတ်တမ်းစစ်ရန်ဆိုတဲ့ ကောင်တာကို သွားပြီး လျှောက်လွှာကို ထပ်ပါ။ ပြီးရင် ကိုယ့်နာမည်ခေါ်တာကို စောင့်ပါ။ သူတို့ အချက်အလက်တွေ မှန်မမှန် စစ်ပြီးရင် ကိုယ့်ရဲ့ လျှောက်လွှာနဲ့အတူ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစာအုပ် ပြန်ပေးပါလိမ့်မယ်။ ( ၅၀၀ ) ကျပ် ပေးရပါတယ်။

တတိယအဆင့် လျှောက်လွှာထုတ်တဲ့ကောင်တာရဲ့ ညာဘက် ဘေးကပ်ရပ်ကောင်တာမှာ ယာဉ်မောင်းလိုင်စင်ခ ဆိုပြီး ( ၃,၀၀၀ ) ကျပ် သွင်းရပါတယ်။ စလစ်လေး ထုတ်ပေးပါတယ်။ ပြီးရင် အဲဒီအခန်းရဲ့ ဘေးကပ်ရပ်အခန်းကို သွားပြီး အာမခံကြေး သွင်းရပါတယ်။ ငွေရပြေစာမှာ ( ၂,၀၀၀ ) ကျပ်ပေမဲ့ ( ၂,၁၀၀ ) ကျပ် ပေးရပါတယ်။

အဲဒီအဆင့်တွေ ပြီးပြီဆိုရင် လျှောက်လွှာထုတ်တဲ့ကောင်တာကို ပြန်သွားပြီး စလစ်နှစ်ရွက်ကို ပြပါ။ အဲဒီမှာ ( ၂၀၀ ) ကျပ် ပေးရပါတယ်။ ကိုယ်ပေးတဲ့ စလစ်နဲ့ ငွေရပြေစာကို မှန်မမှန် ကြည့်ပြီး ( ၁ ) နာရီလောက် စောင့်ခိုင်းပါလိမ့်မယ်။

ထိုင်စရာနေရာတွေတော့ ရှိပေမဲ့ လူရှုပ်ပါတယ်။ အပြင်မှာ တစ်ခုခုသွားစားရင်း စောင့်လို့ရပါတယ်။ တစ်နာရီဆိုတော့ အချိန်မီပါတယ်။ စားသောက်ပြီး ပြန်လာ၊ သူတို့နာမည်ခေါ်ရင် လယ်ဂျာစာအုပ်ထဲမှာ လက်မှတ်ရေးထိုးပြီး သင်မောင်းလိုင်စင်ကတ်ပြား ထုတ်ယူရပါတယ်။ သင့်လက်ထဲ သင်မောင်းလိုင်စင် ရောက်ရှိပါပြီ။

မိမိလုပ်ဆောင်ရာမှာ မရှင်းလင်းတာရှိရင်၊ အခက်အခဲ တစ်စုံတစ်ရာရှိရင် အောက်မှာဖော်ပြထားတဲ့ ခရိုင်ဦးစီးမှူးနဲ့ တာဝန်ခံဦးစီးအရာရှိတို့ရဲ့ ဖုန်းနံပါတ်များကို ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။

Su Mon Oo ( Mine )
 

<< Back
Yangon Trend Read 2022 times

Featured categories

All categories