ဈေးကွက်မှာ ပစ္စည်းပျက်လုနီးပါးဖြစ်နေသည့် လက်သန့်ဆေးရည်ပြုလုပ်နည်း




အခုအချိန်မှာ လူတိုင်းပြုလုပ်သင့်တာက မကြာခဏလက်ဆေးဖို့ပါ။ အိမ်မှာနေသူတွေအဖို့ ကိစ္စမရှိပေမယ့် အပြင်ထွက်သွားလာနေသူတွေအတွက်တော့ လက်သန့်ဆေးရည်တွေ ဆောင်ထားဖို့ လိုအပ်ပါတယ်။

အခုလို အခြေအနေမှာ လက်သန့်ဆေးရည်တွေကို အလွယ်တကူ ဝယ်လို့မရသူတွေအတွက် ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ လက်သန့်ဆေးရည်အကြောင်း ပြောပြချင်ပါတယ်။

ကိုယ်တိုင်ပြုလုပ်တာကြောင့် ပမာဏများများပြုလုပ်နိုင်သလို လက်သန့်ဆေးရှာဝယ်ရတဲ့ ဒုက္ခလည်း ကင်းဝေးသွားမှာ ဖြစ်ပါတယ်။ ပါဝင်ပစ္စည်းနဲ့ ပြုလုပ်နည်းကို ကြည့်လိုက်ရအောင်...

၁။ BPI အရက်ပျံ- ၃၅၀ ဂရမ်( မိမိကြိုက်နှစ်သက်ရာ တံဆိပ်ကိုအသုံးပြုနိုင်ပါတယ်) 

၂။ Aloe Vera gel- ၁၅၀ ဂရမ်

၃။ Virgin Coconut Oil- ဇွန်းတဝက် 

၄။ ကြိုက်နှစ်သက်ရာ essential oils- အစက် ၂၀ မှ ၃၀ အထိ

၅။ ဖန်ခွက်အလွတ် တစ်ခုနဲ့ ဇွန်းတချောင်း

ပြုလုပ်နည်း

ပထမဆုံး ဖန်ခွက်ကို ပိုးသတ်ထားသလိုဖြစ်အောင် wet tissue နဲ့ အရက်ပျံရောပြီး နံ့အောင်သုတ်ကာ အခြောက်ခံရပါမယ်။ ပြီးရင် အရက်ပျံ ၃၅၀ ဂရမ်ထည့်ပါ။ Aloe Vera Gel ၁၅၀ ဂရမ် ထည့်ချိန်လိုက်ပါ။ ပြီးရင် သမအောင် ၁၀မိနစ်ခန့်လောက် မွှေပေးရပါမယ်။

အရက်ပျံကို Gel နဲ့ ရောပြီး တသားတည်းဖြစ်သွားရင် essential oils ကိုထည့်ပါ။ ပြီးရင် Lavender ၁၅ စက် Orange Rosemary ၁၅ စက် သုံးပေးပါ။ Virgin coconut oil ကို ဇွန်းတဝက် ထည့်ရပါမယ်။ ဘာလို့လဲဆိုတော့ alchohol based ပါတဲ့ hand gel များဟာ လက်တွေကို ပိုမိုခြောက်သွေ့စေပါတယ်။

အဲလိုခြောက်သွေ့ခြင်းမှ ကာကွယ်အောင် Vitamins E အဆီဖြစ်ဖြစ် Virgin coconut oil ဖြစ်ဖြစ်ပါဝင်ခြင်းဟာ အစိုဓာတ်ကို ထိန်းသိမ်းပေးရာရောက်ပါတယ်။ ထည့်ပြီးရင်တော့ တသားတည်းကျအောင် မွှေပါ။ အားလုံးတသားတည်း ရောနှောသွားပြီဆိုရင် လိုချင်တဲ့ hand sanitizer gel ရပါပြီ။

အခုဖော်ပြပေးမယ့် နည်းလမ်းတွေကို သေချာလေးဖတ်ပြီး အိမ်မှာ ကိုယ်တိုင်လုပ်ကြည့်စေချင်ပါတယ်။ အကုန်ကျလည်း သက်သာမှာဖြစ်သလို ဆိုင်မှာဝယ်တဲ့ဗူးတွေထက်လဲ ပမာဏပိုများများ အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။

Psyche (My Yangon)
Ref; my mandalay

Business Health & Wellness Read 611 times