ဟိုတယ်လုပ်ငန်းများ အပါအဝင် လုပ်ငန်း (၁၀) ခုကို ပြန်လည် ဖွင့်လှစ်ခွင့်ပေး




သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းလုပ်ငန်းများ အပါအဝင် “ အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း ” များအား ပြန်လည်ဖွင့်ခွင့်ပေးလိုက်ပြီး ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများ လိုက်နာခြင်း ရှိ၊မရှိ လိုက်လံစစ်ဆေးသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်ကြိုင်က ပြောသည်။

ဖွင့်ခွင့်ပေးလိုက်သည့် လုပ်ငန်းများသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင်များတွင် ဆောင်ရွက်ထားရမည့်အချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက် ထားရှိရမည်ဟုလည်း သိရသည်။

“အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း” များအား အမျိုးအစား ၁၀ ခု ခွဲခြားထားသည်ဟု သိရကာ ယင်းတို့မှာ...

၁။ သယ်ယူပို့ဆောင်ရေး၊ သိုလှောင်ရုံနှင့် ပွဲရုံလုပ်ငန်း၊
၂။ ဆိပ်ကမ်းလုပ်ငန်း၊ ကုန်ပစ္စည်း ပို့ဆောင်ရေးနှင့် ကုန်တင်ကုန်ချလုပ်ငန်း၊
၃။ ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများနှင့် ကုန်သွယ်မှုလုပ်ငန်း၊ 
၄။ စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်း၊
၅။ ဘဏ်နှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း
၆။ အာမခံကုမ္ပဏီနှင့် ကုန်ထုတ်လုပ်မှုမရှိသော ကုမ္ပဏီလုပ်ငန်း
၇။ အလုပ်အကိုင် ရှာဖွေရေးလုပ်ငန်း
၈။ ပြန်ကြားရေးလုပ်ငန်း
၉။ မြို့ဝင်ကြေး၊ လမ်းအသုံးပြုခ၊ တံတားဖြတ်သန်းခ ကောက်ခံသည့်လုပ်ငန်းနှင့် 
၁၀။ ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းလုပ်ငန်းတို့ ဖြစ်သည်ဟု သိရသည်။

အခြားသောလုပ်ငန်းများမှာ ၁၉-၄-၂၀၂၀ ရက်နေ့ က အသိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်သော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည့်သူ့အင်အား ဝန်ကြီးဌာနနှင့်ကျွမ်းကျင်မှုဆိုင်ရာပူးပေါင်းအဖွဲ့များ၏ စစ်ဆေးမှုများကို ခံယူပြီး ယင်းအဖွဲ့များ၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့် ကိုက်ညီမှသာ ပြန်လည်ဖွင့်လှစ်ရမည်ဆိုသော ကြေညာချက်အတိုင်းသာ ဖြစ်သည်ဟု သိရှိရသည်။

ယခု ဖွင့်လှစ်ခွင့်ပြုလိုက်သော “အများပြည်သူဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း” များအား တာဝန်ရှိသူများက လိုက်လံစစ်ဆေးမည်ဖြစ်ပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်ချက်၊ အကြံပြုချက်များနှင့် မညီညွတ်ပါက ဖွင့်ခွင့် ရပ်ဆိုင်းခံရမည်ဟုလည်း သိရသည်။

ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနက ဟိုတယ်၊ မိုတယ်နှင့် တည်းခိုခန်းလုပ်ငန်း ဆောင်ရွက်နေသူများအနေဖြင့် မိမိတို့၏ ဟိုတယ်၊မိုတယ်နှင့်တည်းခိုခန်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းခွင် များတွင် ဆောင်ရွက်ထားရမည့်အချက်များနှင့်အညီ ပြင်ဆင် ဆောင်ရွက် ထားရှိရမည် ဖြစ်သည်။

ဆောင်ရွက်ပြီးစီးပါက အထောက်အထားများဖြင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည့်သူအင်အား ဝန်ကြီးဌာနနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသို့ ပြန်လည်တင်ပြရန်နှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့များ၏ စစ်ဆေးမှုခံယူနိုင်ရေး ဆောင်ရွက်ထားရှိရန် နှိုးဆော်ထားသည်။

Myanmar Harp

==============================

ဟိုတယ္လုပ္ငန္းမ်ား အပါအဝင္ လုပ္ငန္း (၁၀) ခုကို ျပန္လည္ ဖြင့္လွစ္ခြင့္ေပး
 

သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားႏွင့္ ဟိုတယ္၊ မိုတယ္၊ တည္းခိုခန္းလုပ္ငန္းမ်ား အပါအဝင္ “ အမ်ားျပည္သူဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္း ” မ်ားအား ျပန္လည္ဖြင့္ခြင့္ေပးလိုက္ၿပီး က်န္းမာေရးဆိုင္ရာစစ္ေဆးမႈမ်ား လိုက္နာျခင္း ရွိ၊မရွိ လိုက္လံစစ္ေဆးသြားမည္ဟု အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန ဒုတိယဝန္ႀကီးဦးျမင့္ႀကိဳင္က ေျပာသည္။

ဖြင့္ခြင့္ေပးလိုက္သည့္ လုပ္ငန္းမ်ားသည္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္ေရးႏွင့္ပတ္သက္၍ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ လုပ္ငန္းခြင္မ်ားတြင္ ေဆာင္႐ြက္ထားရမည့္အခ်က္မ်ားႏွင့္အညီ ျပင္ဆင္ ေဆာင္႐ြက္ ထားရွိရမည္ဟုလည္း သိရသည္။

“အမ်ားျပည္သူဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္း” မ်ားအား အမ်ိဳးအစား ၁၀ ခု ခြဲျခားထားသည္ဟု သိရကာ ယင္းတို႔မွာ...

၁။ သယ္ယူပို႔ေဆာင္ေရး၊ သိုေလွာင္႐ုံႏွင့္ ပြဲ႐ုံလုပ္ငန္း၊
၂။ ဆိပ္ကမ္းလုပ္ငန္း၊ ကုန္ပစၥည္း ပို႔ေဆာင္ေရးႏွင့္ ကုန္တင္ ကုန္ခ်လုပ္ငန္း၊
၃။ ပို႔ကုန္၊ သြင္းကုန္လုပ္ငန္းမ်ားႏွင့္ ကုန္သြယ္မႈလုပ္ငန္း၊ 
၄။ စည္ပင္သာယာေရးဆိုင္ရာလုပ္ငန္း၊
၅။ ဘဏ္ႏွင့္ ေငြေၾကးဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္း
၆။ အာမခံကုမၸဏီႏွင့္ ကုန္ထုတ္လုပ္မႈမရွိေသာ ကုမၸဏီလုပ္ငန္း
၇။ အလုပ္အကိုင္ ရွာေဖြေရးလုပ္ငန္း
၈။ ျပန္ၾကားေရးလုပ္ငန္း
၉။ ၿမိဳ႕ဝင္ေၾကး၊ လမ္းအသုံးျပဳခ၊ တံတားျဖတ္သန္းခ ေကာက္ခံသည့္လုပ္ငန္းႏွင့္ 
၁၀။ ဟိုတယ္၊ မိုတယ္ႏွင့္ တည္းခိုခန္းလုပ္ငန္းတို႔ ျဖစ္သည္ဟု သိရသည္။

အျခားေသာလုပ္ငန္းမ်ားမွာ ၁၉-၄-၂၀၂၀ ရက္ေန႔ က အသိေပး ထုတ္ျပန္ခဲ့ၿပီးျဖစ္ေသာ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည့္သူ႔အင္အား ဝန္ႀကီးဌာနႏွင့္ကြၽမ္းက်င္မႈဆိုင္ရာပူးေပါင္းအဖြဲ႕မ်ား၏ စစ္ေဆးမႈမ်ားကို ခံယူၿပီး ယင္းအဖြဲ႕မ်ား၏ သတ္မွတ္ခ်က္၊ အႀကံျပဳခ်က္မ်ားႏွင့္ ကိုက္ညီမွသာ ျပန္လည္ဖြင့္လွစ္ရမည္ဆိုေသာ ေၾကညာခ်က္အတိုင္းသာ ျဖစ္သည္ဟု သိရွိရသည္။

ယခု ဖြင့္လွစ္ခြင့္ျပဳလိုက္ေသာ “အမ်ားျပည္သူဆိုင္ရာ ဝန္ေဆာင္မႈလုပ္ငန္း” မ်ားအား တာဝန္ရွိသူမ်ားက လိုက္လံစစ္ေဆးမည္ျဖစ္ၿပီး က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာန၏ သတ္မွတ္ခ်က္၊ အႀကံျပဳခ်က္မ်ားႏွင့္ မညီၫြတ္ပါက ဖြင့္ခြင့္ ရပ္ဆိုင္းခံရမည္ဟုလည္း သိရသည္။

ဟိုတယ္ႏွင့္ခရီးဝန္ႀကီးဌာနက ဟိုတယ္၊ မိုတယ္ႏွင့္ တည္းခိုခန္းလုပ္ငန္း ေဆာင္႐ြက္ေနသူမ်ားအေနျဖင့္ မိမိတို႔၏ ဟိုတယ္၊မိုတယ္ႏွင့္တည္းခိုခန္းမ်ားအား က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္ေရးႏွင့္ပတ္သက္၍ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ လုပ္ငန္းခြင္ မ်ားတြင္ ေဆာင္႐ြက္ထားရမည့္အခ်က္မ်ားႏွင့္အညီ ျပင္ဆင္ ေဆာင္႐ြက္ ထားရွိရမည္ ျဖစ္သည္။

ေဆာင္႐ြက္ၿပီးစီးပါက အေထာက္အထားမ်ားျဖင့္ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရး ႏွင့္ ျပည့္သူအင္အား ဝန္ႀကီးဌာနႏွင့္က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနသို႔ ျပန္လည္တင္ျပရန္ႏွင့္ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႕မ်ား၏ စစ္ေဆးမႈခံယူႏိုင္ေရး ေဆာင္႐ြက္ထားရွိရန္ ႏႈိးေဆာ္ထားသည္။

Myanmar Harp

Business Read 4400 times