ရန်ကုန်မြို့တွင် ကုတင် (၅၀၀၀)ခန့်ရှိမည့် ယာယီဆေးရုံများ ထပ်မံဆောက်လုပ်မည်




ရန်ကုန်မြို့တွင် COVID-19 ကူးစက်လူနာဦးရေမှာ လျင်မြန်စွာတိုးပွားလာပြီး လက်ရှိကုသပေးနေသော ဆေးရုံ(၃)ခုမှာ လူနာများပြည့်လုပြည့်ခင်ဖြစ်နေသောကြောင့် ယာယီဆေးရုံများ ထပ်မံဆောက်လုပ်ရန် စီစဥ်နေခြင်းဖြစ်သည်။ 

တနင်္လာနေ့မနက်ပိုင်း မြန်မာနိုင်ငံတွင် COVID-19 ဖြစ်ပွားမှုပေါင်း (၃၀၁၅)ဦး သေဆုံးမှု (၂၆) ဦး နှင့်ပြန်လည်ကောင်းမွန်လာသူ (၆၉၉) ဦးရှိလာပြီဖြစ်သည်။ 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးသည် COVID-19 ဖြစ်ပွားသူ (၁၆၇၈)ဦး ဖြင့် ရောဂါ အများဆုံးဖြစ်ပွားရာဒေသဖြစ်လာပြီဖြစ်သည်။  ရန်ကုန်ရှိလူနာများကို ဝေဘာဂီ၊ ဖောင်ကြီးနှင့် လှည်းကူးတို့တွင် အဓိကကုသပေးလျက်ရှိပြီး ဖောင်ကြီးတွင် လူနာ (၈၅၁) ဦးနှင့် လှည်းကူးတွင် (၁၀၅၀) ဦးတို့ကို ကုသပေးလျက်ရှိသည်။

“ကျွန်တော်တို့ တစ်ရက်ကို လူနာ (၂၀၀) ကနေ (၄၀၀) အထိထားရှိဖို့ ယာယီဆေးရုံတွေ လုပ်နေပါတယ် လာမယ့်နှစ်ပတ်အတွင်း ကုတင် (၅၀၀၀) ထိရှိလာမယ်လို့ မျော်လင့်ထားပါတယ်” ဟု ဒေါက်တာ ဇော်ဝေစိုးက ပြောကြားထားသည်။ ထိုယာယီ ဆေးရုံတွေကို လှိုင်မြို့နယ်နဲ့ သုဝဏ္ဏ ဘောလုံးကွင်းတွေမှာ တည်ဆောက်သွားမယ်လို့သိရှိရပါတယ်။ 

 

Yangon Trend Read 390 times