Careers & Jobs Yangon Trend

မေလ (၅) ရက်နှင့် (၇) ရက်တွင် ရန်ကုန်တိုင်းရှိ ခရိုင်နှင့် မြို့နယ်အားလုံး မီးပျက်မည်

Read 50464 times

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များအားလုံးတွင် မေလ ၅ ရက်နေ့ (အင်္ဂါနေ့) နှင့် မေလ ၇ ရက်နေ့ (ကြာသပတေးနေ့ ) တွင် မနက် (၉) နာရီမှ နေ့လည် (၁၂ ) နာရီ အချိန်အထိ ယာယီ ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း YESC မှ သိရသည်။ 

 

  • (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်း ပြုပြင်ခြင်း လုပ်ငန်းများ၊ 
  • ရေရှည် ဓာတ်အားတည်ငြိမ်ပြည့်ဝစွာ ပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁) ကေဗွီ ဓာတ် အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများ
  • ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်/သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်မည့်အတွက်ကြောင့် ဖြစ်သည်။

လုပ်ငန်းဆောင်ရွက်စဉ် အချိန်အတွင်း...


ရန်ကုန်တိုင်းဒေသကြီး မြောက်ဉက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (မြောက်ပိုင်း/ တောင်ပိုင်း)၊ ဗိုလ်တစ်ထောင်၊ တောင်ဉက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ရွှေပေါက္ကံ၊ မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ စမ်းချောင်း၊ လမ်းမတော်၊ ကမာရွတ်၊ လှိုင်၊ ဗဟန်း၊ ကြည့်မြင်တိုင်၊ သန်လျင်၊ သုံးခွ၊ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဆိပ်ကြိးခနောင်တို၊ ကျိုက်ထော်၊ တွံတေး၊ အေးရွာ၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ပန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မြောင်းတကာ၊ ဥက္ကံ၊ တိုက်ကြီး၊ အဖျောက်၊ ဒလ၊ လက်ခုပ်ကုန်း မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု အနည်းငယ် ရှိမည် ဖြစ်သည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရခြင်း ဖြစ်သောကြောင့် ယာယီဓာတ်အားပြတ်တောက်ရခြင်းအတွက် နားလည်ခွင့်လွှတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ အသိပေးထားသည်။

Su Mon Oo ( Mine )

==============================



 






Su Mon Oo ( Mine )

Bookmark