ဆန္ဒမဲပေးစဉ်က လက်သန်းတွင် တို့ခဲ့ရသော မှင်အား ပြန်ဖျက်နိုင်မည့် နည်းလမ်း ( ၄ ) ခု

Ads Ads Ads

မြန်မာနိုင်ငံတွင် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲကို နိုဝင်ဘာလ (၈) ရက်နေ့က နံနက် (၆) နာရီက စတင် ပြုလုပ် ကျင်းပခဲ့ပြီး နိုင်ငံတစ်ဝန်း မဲပေးခွင့်ရှိသူ ပြည်သူပေါင်း (၃၇) သန်းကျော် ရှိခဲ့ပေသည်။ 

ဆန္ဒမဲ ပေးပြီးကြောင်း အမှတ်အသား အဖြစ် မဲပေးပြီး ပြည်သူတိုင်း၏ လက်သန်းတွင် မှင်များ တို့ခဲ့ရပြီး ၎င်းမှင်များမှာ ဆပ်ပြာ၊ အရက်ပြန်တို့ဖြင့် အလွယ်တကူ ဖျက်ရန် ခက်သော ကြာရှည်ခံ မှင်များ ဖြစ်သည်။ 

မဲပေးပြီးကာစ အချိန်တွင် လက်သန်းမှင်စွန်းခြင်းကို ပြည်သူအများ ဂုဏ်ယူခဲ့ကြသော်လည်း အချိန်ကြာလာ၍ မှင်အရောင်မှာ အပြာမှ အမဲပုတ်ရောင်ဘက်သို့ ပြောင်းသွားသောအခါ ပြန်ဖျက်ဖို့ ကြိုးစားနေကြကြောင်း သိရသည်။ 

ရွေးကောက်ပွဲအတွက် အထူးသီးသန့် အသုံးပြုသော မှင်သည် Silver Nitrate ပါဝင်မှုကြောင့် အရက်ပြန်သာမက ဓာတ်ဆီဖြင့် ဆေးခြင်း၊ လက်သည်းဖျက်ဆေးဖြင့် ဆေးခြင်း၊ ရေနွေးစိမ်ခြင်း စသည့် နည်းလည်းများဖြင့်လည်း ဖျောက်ဖျက်၍ ရမည် မဟုတ်ပေ။ 

မှင်ကို လက်သန်းဖြင့် တို့ချိန်တွင် မှင်၌ ပါဝင်သည့် Silver Nitrate နှင့် လက်သန်းပေါ်ရှိ Chloride နှင့် ဓာတ်ပြုကာ အရေပြား၏ အပေါ်ယံလွှာ Epidermic တွင်သာမက အရေပြား အတွင်းပိုင်းအထိပါ စွဲကပ်သွားခြင်းကြောင့် လွယ်လွယ်မပျက်နိုင်ခြင်း ဖြစ်သည်။ 

၎င်းမှင်သည် ပုံမှန်အားဖြင့် ၄ရက်မှ (၂) ပတ်အတွင်း ပျက်ပြယ်တတ်ပြီး အသားအရည်နှင့် မှင်အမျိုးအစား အပေါ် လိုက်၍ (၂) ပတ်ထက် ပိုမို ကြန့်ကြာနိုင်ပေသည်။ 

ထို့ကြောင့် လက်သန်းမှင် ပျက်ပြယ်ချင်သူများအတွက် အမြန်ဆုံး ဖျက်နိုင်မည့် သဘာဝနည်းလမ်းများအား အောက်တွင် ဖော်ပြပေးသွားပါမည်။ 

(၁) အာလူး

အိမ်တိုင်း၏ မီးဖိုချောင်၌ ရှိတတ်သည့် အာလူးဖြင့် လက်သန်းမှင်အား အလွယ်တကူ ဖျက်နိုင်ပါသည်။  ပထမဦးစွာ အာလူး၏ ထိပ်ကို ဖြတ်လိုက်ပါ။ ထို့နောက် မိမိလက်သန်း ဝင်လောက်မည့် အပေါက်ငယ်လေး ဖောက်ပြီး အာလူးပေါက်ထဲတွင် လက်သန်းကို နာရီဝက်ခန့် စွပ်ထားပါက သာမန်ထက် တိုတောင်းသော အချိန်တွင် မှင်အဖတ်များ ကွာကျလာသည်ကို တွေ့မြင်ရပါလိမ့်မည်။ 

(၂) ကြက်ဥအကာ 

ရှေးဦးစွာ လက်ကို ရေနွေးဖြင့် ဆေးပါ။ လက်ကို အခြောက်ခံပြီးလျှင် ကြက်ဥအကာ ထည့်ထားသော ခွက်အတွင်းသို့ မှင်များ နစ်သည်အထိ စိမ်ထားပါ။ ထိုကြက်ဥအကာ ခွက်ထဲသို့ လက်သန်းဖြင့် အနည်းငယ် မွှေနိုင်ပြီး အမြှုပ်များ ထွက်လာပါက ဖယ်ရှားပစ်ပေးပါ။ မကြာခင် အရောင်ပြယ်လာပြီး မှင်များ ကွာကျသွားမည်ကို တွေ့ရပါမည်။ 

(၃) သွားတိုက်ဆေး၊ လက်သန့်ဆေးရည်နှင့် လက်သည်းဖျက်ဆေး

ပထမဦးစွာ မှင်စွန်းနေသော လက်သန်းကို သွားတိုက်ဆေးဖြင့် သေချာ ပွတ်ပါ။ ထို့နောက် Alcohol ပမာဏ လုံလောက်စွာ ပါဝင်သော Hand Gel (ဥပမာ Dettol) ဖြင့် ထပ်မံ ပွတ်လိမ်းပါ။ လက်သည်းဖြတ်ဆေး ကဲ့သို့ အရက်ပြန် ပါဝင်သော အရည်ဖြင့် ထပ်မံပွတ်တိုက်ပြီး လက်ကို ဆေးကြောပါ။ အရောင် ဖျော့လာသည်ကို လက်တွေ့ မြင်ရမည် ဖြစ်သည်။ 

(၄) ရှာလကာရည်၊ သံပုရာသီးနှင့် မုန့်ဖုတ်ဆိုဒါ

ရှာလကာရည် အနည်းငယ်ထဲတွင် သံပုရာသီးကို တန်သင့်ရုံ ညှစ်ထည့်ပါ။ ထို့နောက် မုန့်ဖုတ်ဆိုဒါ အနည်းငယ်အား ထည့်၍ ခလောက်ပေးပါ။ မှင်စွန်းနေသော လက်သန်းအား နာရီဝက်ခန့် စိမ်ထားပြီး အခြောက်ခံပါ။ ထို့နောက် ရေနွေးနွေးဖြင့် ဆေးကြောခြင်းအားဖြင့် သင့်လက်တွင် စွန်းထင်းနေသော မှင်များ အမြန်ဆုံး ဖယ်ရှားနိုင်မည် ဖြစ်ပါသည်။ 

Ref From Facebook

 

Live-Style Yangon Trend Read 2252 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
29 Days left
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
29 Days left