Covid-19 Fund လျှောက်ထားရာတွင် လိုအပ်သည့် အကြံဉာဏ်များ တောင်းခံနိုင်




Covid-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိသော နိုင်ငံသားပိုင် စီးပွားရေးလုပ်ငန်းများအတွက် အတိုးနှုန်းသက်သာသည့် ချေးငွေ ( Stimulus Package ) ကို နိုင်ငံအဝှမ်းတွင် ၂၀၂၀၊ ဧပြီလ (၉) ရက်နေ့ နောက်ဆုံးထား၍ လျှောက်လွှာများ ခေါ်ယူလျက် ရှိသည်။ 

အဆိုပါ Fund မှ ချေးငွေများကို လျှောက်ထားရာတွင် MSME လုပ်ငန်းရှင်များအနေဖြင့် ဖြည့်စွက်ရမည့် လျှောက်လွှာနှင့် ပတ်သက်၍ အခမဲ့အကြံဉာဏ်များကို ဧပြီလ ၂ ရက်နေ့မှ ၉ ရက်နေ့ထိ ရယူနိုင်မည် ဖြစ်ကြောင်း သိရသည်။

၄င်းအကြံဉာဏ်ပေးခြင်း အစီအစဉ်ကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ဖွံ့ဖြိုးမှုစီမံကိန်း (UNDP) တို့ ပူးပေါင်း လုပ်ဆောင်ခြင်း ဖြစ်ပြီး UNDP မှ ကျွမ်းကျင်ပညာရှင်များ၊ DISI ဝန်ထမ်းများမှ အကြံပေးသွားမည် ဖြစ်သည်။

အကြံဉာဏ်ရယူနိုင်မည့် နေရာများမှာ... 

၁။ ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနရုံး၊ 
     Incubation Center ၊ အမှတ်(၅)၊ သလ္လာဝတီလမ်း၊ (၇) မိုင်၊ ရန်ကုန်မြို့။

၂။ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
    ရတနာပုံ စူပါစင် တာ၊ ၄ လွှာ၊ ၇၈လမ်းနှင့် ၃၄ လမ်းထောင့် မန္တလေးမြို့။

၃။ ရခိုင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ 
   တက္ကသိုလ်ရိပ်သာလမ်း၊ မကျည်းမြိုင်ရပ်ကွက်၊ တက္ကသိုလ်ဆရာ၊ ဆရာမများ လေးထပ်ဆောင်ရှေ့၊ စစ်တွေမြို့၊ ရခိုင်ပြည်နယ်။

ချေးငွေလျှောက်လွှာဖြည့်စွက်ရမည်နှင့် ပတ်သက်၍ လိုအပ်သည့် အကြံဉာဏ်များကို ဒေါ်ဇင်ဇင်ထွန်း - ၀၉-၄၄၃၁၂၂၇၁၄ နှင့် ဒေါ်ဝင်းဝင်းစံ - ၀၉-၄၂၅၂၆၇၄၈၁ တို့ထံ ဆက်သွယ်နိုင်ပါသည်။

ထို့ပြင် ချေးငွေလျှောက်ထားသည့် လျှောက်လွှာများကို UMFCCI နှင့် တိုင်း/ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးများတွင် လက်ခံသွားမည် ဖြစ်သကဲ့သို့ Online မှတစ်ဆင့်လည်း ( https://umfccicovid19loan.mitcloud.com ) ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

ကမ္ဘာတစ်ဝှမ်းတွင် ကူးစက်မြန်အဆုတ်ရောင်ရောဂါ Covid-19 ပျံ့နှံ့ဖြစ်ပွားမှုကြောင့် ကမ္ဘာ့စီးပွားရေးသာမက မြန်မာ့စီပွားရေးပါ ထိခိုက်မှုများစွာ ဖြစ်ပေါ်လျက် ရှိသည်။ 

Su Mon Oo ( Mine )
Covid-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်  ကုစားရေးလုပ်ငန်းကော်မတီ

<< Back
Business Read 262 times

Featured categories

All categories