ကမ္ဘာပေါ်က ဈေးအကြီးဆုံးသော အဝတ်အစား Brand များ




အဝတ်အစားတွေထဲမှာ နာမည်အကြီးဆုံး၊ ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးသော Clothing Brand ( ၇ ) မျိုးကို အားလုံးသိရှိအောင် ဖော်ပြပေးလိုက်ပါတယ်။ ပြင်သစ်နဲ့ အီတလီ နိုင်ငံထုတ် Brand တွေကတော့ ထိပ်ဆုံးမှာ ရပ်တည်နေတာကို တွေ့ရပြီး အခြားနိုင်ငံကဆိုလို့ ဗြိတိန်နိုင်ငံက Brand တစ်ခုပဲ ပါပါတယ်။

၁။ Louis Vuitton – Brand Value: $ 28.4 Billion

နံပါတ်တစ်နေရာမှာ ရပ်တည်နေတာကတော့ Louis Vuitton ပါ။ ဒီ Brand ကို ၁၈၅၄ ခုနှစ်တုန်းက ပြင်သစ်နိုင်ငံက Louis Vuitton ဆိုသူက စတင် တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ အဝတ်အစားအပြင် နာရီနဲ့ အိတ်တွေပါ ရောင်းပါတယ်။

၂။ Hermès – Brand Value: $ 19.2 Billion

နံပါတ်နှစ်ကတော့ Hermès ပါ။ ၁၈၃၇ ခုနှစ်တုန်းက ပြင်သစ်နိုင်ငံမှာရှိတဲ့ ကုမ္ပဏီတစ်ခုကပဲ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Hermès International S.A. ဆိုပြီး နာမည်ကြီးသလို Hermès Paris လို့လည်း လူသိများပါတယ်။

၃။ Gucci – Brand Value: $ 12.7 Billion

အားလုံး သိပြီးသား ဖြစ်တဲ့ Gucci ကတော့ နံပါတ်သုံးနေရာမှာ ရှိပါတယ်။ အီတလီနိုင်ငံက ဖြစ်ပြီး ၁၉၂၁ ခုနှစ်က စတင် ထုတ်လုပ်ခဲ့တာပါ။ Gucci Group ကို ပိုင်ဆိုင်ခဲ့သူကတော့ Kering ဖြစ်ပါတယ်။

၄။ Prada – Brand Value: $ 9.4 Billion

နံပါတ်လေးနေရာမှာရှိနေတဲ့ Brand ဟာလည်း အီတလီနိုင်ငံကပါပဲ။ ၁၉၁၃ ခုနှစ်မှာ Mario Prada ဆိုသူက တည်ထောင်ခဲ့ပါတယ်။ အဝတ်အစားအပြင် လည်သာအိတ်တွေကိုလည်း ရောင်းချပါတယ်။

၅။ Chanel – Brand Value: $ 7 Billion

ပြင်သစ်နိုင်ငံထုတ် ဖြစ်ပြီး ၁၉၀၉ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ပါတယ်။ အဝတ်အစား သာမကပဲ လက်ဝတ်ရတနာတွေ၊ နာရီတွေ၊ မျက်မှန်တွေနဲ့ အလှကုန်ပစ္စည်းတွေပါ ထုတ်လုပ်ပါတယ်။

၆။ Burberry – Brand Value: $ 4.1 Billion

ဒီတစ်ခုကတော့ ဗြိတိန်နိုင်ငံက ထုတ်လုပ်တာ ဖြစ်ပြီး ၁၈၅၆ ခုနှစ်က စတင် တည်ထောင်ခဲ့ပါတယ်။ Burberry Prorsum, Burberry London နဲ့ Burberry Brit ဆိုပြီး Brand သုံးခု ထပ်ခွဲထားပြီး နိုင်ငံပေါင်း ၅၀ ကျော်မှာ ဆိုင်ခွဲပေါင်း ၅၀၀ ကျော် ဖွင့်လှစ် ရောင်းချနေပါတယ်။

၇။ Fendi – Brand Value: $3.6 Billion

နောက်ဆုံးတစ်ခုကတော့ Fendi ပါ။ အီတလီနိုင်ငံမှာ ၁၉၂၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး ကမ္ဘာအနှံ့အပြားမှာ ဆိုင်ခွဲပေါင်း ၁၁၅ ဆိုင် ဖွင့်လှစ်ထားပါတယ်။ အိတ်တွေကိုလည်း ထုတ်လုပ် ရောင်းချပါသေးတယ်။

Su Mon Oo ( Mine )
Ref by Fashion Scoop
 

<< Back
Life Style Read 349 times

Featured categories

All categories