ချယ်ရီသင်္ဘောများ တစ်နေ့ အသွားအပြန် ၄၈ ခေါက်နှုန်းဖြင့် ပြန်လည်ပြေးဆွဲ




ပန်းဆိုးတန်း-ဒလ ပြေးဆွဲနေသည့်  ခရီးသည်တင် ချယ်ရီရေယာဉ်ခရီးစဉ်များကို ဧပြီလ ၂၀ ရက်မှ စတင်၍ နံနက် ၅ နာရီမှ ည ၇ နာရီခွဲအထိ ‌တစ်ရက်လျှင်၂၄ ခေါက်နှုန်းဖြင့် သတ်မှတ်အချိန်အလိုက် ပြေးဆွဲသွားမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) မှ သိရသည်။

သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပန်းဆိုးတန်း-ဒလကူးတို့ ချယ်ရီရေယာဉ်များကို ခရီးစဉ် ၁၂ ခေါက်နှုန်းဖြင့် ပြေးဆွဲမည်ဟု သတ်မှတ်ထားသော်လည်း ခရီးသွားလာမှု မရှိသလောက်ဖြစ်၍ ၇ ခေါက်နှုန်း ၊ ထိုမှတစ်ဆင့် ၄ ခေါက်နှုန်း စသဖြင့် လျော့၍ ပြေးဆွဲပေးခဲ့ရသည်ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး (မြစ်ဝကျွန်းပေါ်ဌာနခွဲ) လက်ထောက်အထွေထွေမန်နေဂျာ ဦးလှဝင်းနိုင်က ပြောသည်။

နှစ်စဉ်သင်္ကြန်အပြီးတွင် သင်္ဘောခရီးစဉ်များကို ပုံမှန်အတိုင်း ၄၈ ခေါက် အသွားအပြန် ၉၆ ကြောင်း ပြေးဆွဲခဲ့သော်လည်း ယခုနှစ်တွင်မူ Covid-19 ရောဂါကြောင့် အစိုးရရုံးသွားရုံးပြန်ဝန်ထမ်းများ သွားလာရေးအဆင်ပြေစေရန် တစ်နေ့ ၂၄ ခေါက် အသွားအပြန် ၄၈ ကြောင်းနှုန်းပြေးဆွဲပေးမည် ဖြစ်သည်။

အဆိုပါ ရေယာဉ်ခရီးစဉ်ကို ဒလဆိပ်ကမ်းမှ နံနက် ၅ နာရီခွဲမှ စထွက်လာပြီး ထိုချယ်ရီရေယာဉ်နှင့်ပင် နံနက် ၆ နာရီတွင် ပန်းဆိုးတန်းမှ ပြန်လာမည် ဖြစ်သည်။

တစ်ပြိုင်နက်တည်း နံနက် ၆ နာရီတွင် နောက်ထပ်ချယ်ရီ ရေယာဉ်တစ်စီး ထပ်မံပြေးဆွဲမည်ဖြစ်ပြီး ထိုကဲ့သို့ ချယ်ရီသင်္ဘောနှစ်စင်းဖြင့် မိနစ် ၃၀ ကြာ တစ်ခေါက်နှုန်းဖြင့် နောက်ဆုံးအခေါက်အဖြစ် ဒလဘက်မှ ည ၇ နာရီ အထိလည်းကောင်း ပန်းဆိုးတန်းဘက်မှ ည ၇ နာရီအထိလည်းကောင်း တစ်နေ့ ၂၄ ခေါက်ပြေးဆွဲမည် ဖြစ်သည်။

လက်ရှိအချိန်တွင် COVID-19 ရောဂါကြောင့် ရန်ကုန်နှင့်အနီးတစ်ဝိုက် နေရာအနှံ့အပြားတွင် ဒေသန္တရအမိန့်များ ကန့်သတ်တားမြစ်ကာ ကပ်ဘေးမှကင်းဝေးစေရေး ဆောင်ရွက်ထားခြင်း၊Stay at Home နေခြင်းတို့ကြောင့် ခရီးသွားလာမှု အလွန်နည်းပါးသွားခဲ့ကြောင်း သိရှိရသည်။

============================

ခ်ယ္ရီသေဘၤာမ်ား တစ္ေန႔ အသြားအျပန္ ၄၈ ေခါက္ႏႈန္းျဖင့္ ျပန္လည္ေျပးဆြဲမည္

ပန္းဆိုးတန္း-ဒလ ေျပးဆြဲေနသည့္  ခရီးသည္တင္ ခ်ယ္ရီေရယာဥ္ခရီးစဥ္မ်ားကို မဟာသၾကၤန္ကာလအတြင္း ေခါက္ေရေလွ်ာ့ေျပးဆြဲခဲ့ရာ ဧၿပီလ ၂၀ ရက္မွ စတင္၍ နံနက္ ၅ နာရီမွ ည ၇ နာရီခြဲအထိ ‌တစ္ရက္လွ်င္၂၄ ေခါက္ႏႈန္းျဖင့္ သတ္မွတ္အခ်ိန္အလိုက္ ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး (ျမစ္ဝကြၽန္းေပၚဌာနခြဲ) မွ သိရသည္။

သၾကၤန္႐ုံးပိတ္ရက္ကာလအတြင္း ပန္းဆိုးတန္း-ဒလကူးတို႔ ခ်ယ္ရီေရယာဥ္မ်ားကို ခရီးစဥ္ ၁၂ ေခါက္ႏႈန္းျဖင့္ ေျပးဆြဲမည္ဟု သတ္မွတ္ထားေသာ္လည္း ခရီးသြားလာမႈ မရွိသေလာက္ျဖစ္၍ ၇ ေခါက္ႏႈန္း ၊ ထိုမွတစ္ဆင့္ ၄ ေခါက္ႏႈန္း စသျဖင့္ ေလ်ာ့၍ ေျပးဆြဲေပးခဲ့ရသည္ဟု ျပည္တြင္းေရေၾကာင္းပို႔ေဆာင္ေရး (ျမစ္ဝကြၽန္းေပၚဌာနခြဲ) လက္ေထာက္အေထြေထြမန္ေနဂ်ာ ဦးလွဝင္းႏိုင္က ေျပာသည္။

ႏွစ္စဥ္သၾကၤန္အၿပီးတြင္ သေဘၤာခရီးစဥ္မ်ားကို ပုံမွန္အတိုင္း ၄၈ ေခါက္ အသြားအျပန္ ၉၆ ေၾကာင္း ေျပးဆြဲခဲ့ေသာ္လည္း ယခုႏွစ္တြင္မူ Covid-19 ေရာဂါေၾကာင့္ အစိုးရ႐ုံးသြား႐ုံးျပန္ဝန္ထမ္းမ်ား သြားလာေရးအဆင္ေျပေစရန္ တစ္ေန႔ ၂၄ ေခါက္ အသြားအျပန္ ၄၈ ေၾကာင္းႏႈန္းေျပးဆြဲေပးမည္ ျဖစ္သည္။

အဆိုပါ ေရယာဥ္ခရီးစဥ္ကို ဒလဆိပ္ကမ္းမွ နံနက္ ၅ နာရီခြဲမွ စထြက္လာၿပီး ထိုခ်ယ္ရီေရယာဥ္ႏွင့္ပင္ နံနက္ ၆ နာရီတြင္ ပန္းဆိုးတန္းမွ ျပန္လာမည္ ျဖစ္သည္။

တစ္ၿပိဳင္နက္တည္း နံနက္ ၆ နာရီတြင္ ေနာက္ထပ္ခ်ယ္ရီ ေရယာဥ္တစ္စီး ထပ္မံေျပးဆြဲမည္ျဖစ္ၿပီး ထိုကဲ့သို႔ ခ်ယ္ရီသေဘၤာႏွစ္စင္းျဖင့္ မိနစ္ ၃၀ ၾကာ တစ္ေခါက္ႏႈန္းျဖင့္ ေနာက္ဆုံးအေခါက္အျဖစ္ ဒလဘက္မွ ည ၇ နာရီ အထိလည္းေကာင္း ပန္းဆိုးတန္းဘက္မွ ည ၇ နာရီအထိလည္းေကာင္း တစ္ေန႔ ၂၄ ေခါက္ေျပးဆြဲမည္ ျဖစ္သည္။

လက္ရွိအခ်ိန္တြင္ COVID-19 ေရာဂါေၾကာင့္ ရန္ကုန္ႏွင့္အနီးတစ္ဝိုက္ ေနရာအႏွံ႔အျပားတြင္ ေဒသႏၲရအမိန႔္မ်ား ကန႔္သတ္တားျမစ္ကာ ကပ္ေဘးမွကင္းေဝးေစေရး ေဆာင္႐ြက္ထားျခင္း၊Stay at Home ေနျခင္းတို႔ေၾကာင့္ ခရီးသြားလာမႈ အလြန္နည္းပါးသြားခဲ့ေၾကာင္း သိရွိရသည္။

Transcom News Journal

Travel Yangon Trend Read 429 times