COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများ ချေးငွေ စတင်လျှောက်ထားနိုင်ပြီ




COVID-19 Fundation မှ COVID-19 သက်ရောက်မှုကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများကို ချေးငွေများထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

ချေးငွေများ ထုတ်ချေးလိုသူများသည် ကုန်သည်စက်မှုအသင်းချုပ်တွင် လျှောက်ထားနိုင်ကြောင်း သိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် နိုင်ငံတော် လှည့်ပတ်ရန်ပုံငွေ(Revolving Fund) မှ ကျပ် ၅၀ ဘီလီယံနှင့် လူမှုဖူလုံရေး ရန်ပုံငွေမှ ကျပ် ၅၀ ဘီလီယံ၊ စုစုပေါင်း ကျပ် ၁၀၀ ဘီလီယံကို ကနဦး မတည်ငွေအဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fundation ထူထောင်ထားခြင်းဖြစ်သည်။

ကုန်သည်စက်မှုအသင်းချုပ်သည် COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားနိုင်ရေးအတွက် နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်း၍ ကူညီဆောင်ရွက်ပေးခြင်းဖြစ်သည်။

COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့် လုပ်ငန်းကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများနှင့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့်ကဏ္ဍအဖြစ် သတ်မှတ်သွားမည် ဖြစ်သည်။

အဆိုပါ စီးပွားရေးလုပ်ငန်းများကို အတိုးနှုန်း (၁) ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်သတ်မှတ်၍ ချေးငွေထုတ်ပေးသွားမည်ဖြစ်ရာ ဦးစားပေးကုစားရမည့်ကဏ္ဍများရှိ ပူးတွဲပါအချက်များနှင့် ကိုက်ညီသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ချေးငွေများ လျှောက်ထားနိုင်မည် ဖြစ်သည်။

လျှောက်လွှာများကို၂၀၂၀ ပြည့်နှစ် မတ်လ ၃၀ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အတွင်း နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄နာရီခွဲ အချိန်အတွင်း လက်ခံသွားမည် ဖြစ်သည်။ နောက်ဆုံးသတ်မှတ်ရက် ဖြစ်သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလ ၉ ရက်နေ့အတွင်း လျှောက်ထားရန် လိုအပ်ပါသည်။ 

COVID-19 ကြောင့် ထိခိုက်မှုရှိနေသည့် စီးပွားရေးလုပ်ငန်းများအနေဖြင့် သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ချေးငွေစတင်လျှောက်ထားနိုင်ပါကြောင်း အသိနှိုးဆော်ပေးလိုက်ပါသည်။

လျှောက်လွှာများကို ရုံးဌာနများနှင့် Website အသီးသီးတွင် ရယူနိုင်ပါသည်။

သက်ဆိုင်ရာ စာရွက်စာတမ်းများ Link နှင့် လျှောက်လွှာများ - https://bit.ly/3bBJqj4

ချေးငွေလျှောက်ထားခြင်းနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ကုန်သည်စက်မှုအသင်းချုပ် ဖုန်း ၀၁ - ၂၃၀၂၄၈၅ နှင့် ၀၁ - ၂၃၀၁၅၆၂ သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

May Thu Thu ( Yangon Directory )
Ref; UMFCCI

<< Back
Business Read 338 times

Featured categories

All categories