ရန်ကုန်ရှိ မြို့နယ် ( ၁၁ ) ခုတွင် ဧပြီလ ၁၅ ရက်နေ့ မီးပျက်မည်

Ads Ads Ads

အသစ် ထပ်မံတည်ဆောက်လျက်ရှိသည့် ဓာတ်အားပေးစက်ရုံများအနက် အလုံဓာတ်အားပေးစက်ရုံ ( ၁၅၀ မဂ္ဂါဝပ် ) သည် မကြာမီ ဆောင်ရွက် ပြီးစီးတော့မည် ဖြစ်သောကြောင့် နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် စမ်းသပ်ချိတ်ဆက် မောင်းနှင်နိုင်ရေး စီစဉ်လျက် ရှိပါသည်။

ထိုသို့ အလုံဓာတ်အားပေးစက်ရုံနှင့် နိုင်ငံတော်ဓာတ်အားစနစ်တို့ စမ်းသပ်ချိတ်ဆက် ဆောင်ရွက်ရသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ၁၅-၄-၂၀၂၀ ရက် ( ဗုဒ္ဓဟူးနေ့ ) တွင် ( ၀၀:၃၀ ) နာရီမှ ( ၀၃:၀၀ ) နာရီအထိ ၆၆ ကေဗွီ တက္ကသိုလ်ခွဲရုံ၊ ကျိုက္ကဆံခွဲရုံ၊ ကုက္ကိုင်းခွဲရုံ၊ သီတာခွဲရုံ၊ ဟုံဟိုင်းခွဲရုံတို့မှ ဓာတ်အားပေးထားသည့် မြို့နယ်များ လျှပ်စစ်ဓာတ်အား ယာယီ ပြတ်တောက်မည် ဖြစ်သည်။ 

အဆိုပါ မြို့နယ်များမှာ ကမာရွတ်မြို့နယ်၊ ရန်ကင်းမြို့နယ်၊ တာမွေမြို့နယ်၊ ဗဟန်းမြို့နယ်၊ တောင်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ ပန်းပဲတန်းမြို့နယ်နှင့် ကျောက်တံတားမြို့နယ်တို့ ဖြစ်သည်။

လျှပ်စစ်ဓာတ်အား ပိုမို တိုးတက်ဖြန့်ဖြူးနိုင်ရန်နှင့် ဓာတ်အားစနစ် ပိုမိုတည်ငြိမ်စွာ ထိန်းသိမ်း ဆောင်ရွက်နိုင်ရန်အတွက် ၁၁၀၀ မဂ္ဂါဝပ် ထွက်ရှိမည့် ဓာတ်အားပေး စက်ရုံများ တိုးချဲ့ လုပ်ဆောင်လျက် ရှိကြောင်း YESC မှ သိရသည်။

Su Mon Oo ( Mine ) 

Yangon Trend Read 87220 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021