၇ ရက်သားသမီးများအတွက် မေလ ၆ ရက်နေ့ထိ တစ်ပတ်စာဟောတမ်း

Ads Ads Ads

ဧပြီလ ၃၀ ရက်နေ့မှ မေလ ၆ ရက်နေ့အထိ ၇ ရက်သားသမီးများအတွက် တစ်ပတ်စာ ‌ဗေဒင်ဟောစာတမ်းကို ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

ဒီကာလအတွင်း ဘာသာရေးမမေ့သူများ ပြန်လည်အဆင်ပြေလာမည်။အကြီးအကဲတွေဆီကအကူအညီ အထောက်အပံ့တွေရလာမည်။ပညာရပ်နှင့် အသက်မွေးခြင်းကနေငွေဝင်မည်။ အရင်းအနှီးများ မြုပ်နှံဖြစ်နေမည်။ ငွေများ၊ အကြွေးဟောင်းများ ပြန်ရတတ်ပါတယ်။ မိတ်ဆွေဟောင်းတွေနဲ့အဆက်အသွယ်ပြတ်မည်။ နာမည်သာရှိ နေ၍ ငွေဗလာဖြစ်နေသူတွေကိုကူညီခွင့်ရမည်။

နောက်ပိုင်းမကြာမီ ယခုထက်ပိုမိုအသက်ရှု ချောင်လာမည်။ အဆက်အသွယ်များ ပြန်ကောင်းလာမည်။ ဆုံးမည်လို့ထင်ထားတဲ့အကြွေးအချို့ ပြန်ရမည်။ အိမ်တွင်းရေးတွင် အိမ်ထောင် ဖက်၏ လိမ်ညာမှုခံရမည်။ အစစ၊ အရာရာ သူပြုသမျှယုံနေလို့မရ။ သင်္ချာနှင့် စက်မှုနည်းပညာ ပိုင်းဆိုင်ရာ ပညာရပ်များ သင်ယူဖြစ်မည်။ ဆရာကောင်းရမည်။ နေအိမ်မှာပင် ပညာသင်ကြားခွင့်ရမည်။

အိုင်တီ နည်းပညာနှင့် ပတ်သက်၍ စိတ်ရှုပ်ထွေးရမည်။ အချစ်ရေးတွင် အချစ်ရေးထက် အိမ်ထောင်ရေးကို ပိုမိုစိတ်ဝင် စားနေမည်။ ချစ်သူ နဲ့လက်ထက်ဖို့ကိစ္စတွေတိုင်ပင်ဖြစ်နေမည်။ အလုပ်ထဲတွင် ချစ်သူတွေ့ရှိနိုင်သည်။ ကျန်းမာရေး တွင် ခြေချော်လဲ တတ်သည်။ အရေပြားပေါ်တွင် အဖုအပိန့်များတွေ့မည်။ ချွေးထွက်လွန်ပြီး သွေးပေါင်ကျသွေး အားနည်းမည်။

အကျိုးပေးဂဏန်း 1/6/2
အထူးဟော အဘက်ဘက်က ကံမြင့်နေမည်။
ယတြာ ခြေသုတ်ခုံလေးတွေ လှူပေးပါ။

တနင်္လာ

ဒီကာလအတွင်းငွေဝင်ကောင်းမည်။ အကျိုးဆောင်နှင့် ဆောက်လုပ်ရေးများ စက်ယန္တရား တပ်ဆင်မှုများမှ အကျိုးအမြတ်ရမည်။ နောက်ပိုင်းမကြာမီတွင် အရင်းအနှီးများ ပြန်ပေါ်လာမည်။ ခရီးသွားဖြစ်မည်။ လျှောက်လွှာ တင်ထားမှုများမှ အကောင်အထည်ပေါ်လာမည်။ ပါမစ်ရမည်။ ဝန်ထမ်းများကို မိမိကိုယ်တိုင်ဦးဆောင်၍ လုပ်ကိုင်နေ ဖြစ်မည်။

လူချစ်လူခင်များပြီးတော့ ကူညီမည့်သူပေါများနေတတ်ပါတယ်။ လူငယ်များသူငယ်ချင်းတွေနဲ့ စုပေါင်းပြီး အလုပ်တွေဖန်တီးဖြစ်ပါလိမ့်မယ်။ အိမ်တွင်းရေးတွင် တည်ငြိမ်သောအိမ်ထောင်ရေးဟု ဘေးကအမြင်ရှိသော်လည်း မိသားစုအတွင်းအပူရှိနေတတ်ပါတယ်။ ပညာရေးတွင် လေးနက်ခက်ခဲသော ပညာရပ်များကို စိတ်ဝင်စားနေမည်။ လိုအပ်သောစာအုပ်များ ရှာမရသော်လည်း အကြံဉာဏ်ပေးသူများကြောင့် ပြေလည်သွားလိမ့်မည်။

အချစ်ရေးတွင် တည်ငြိမ်လေးနက်သူကို ချစ်နေမိမည်။ ချစ်သူနှင့် အတူခရီး ထွက်ဖြစ်မည်။မိမိကိုလာရောက်ချစ်ခွင့်ပန်သူမျိုးနဲ့ကြုံ ရတတ်ပါတယ်။ လူကြီး၊ မိဘများက သဘောတူ သောအချစ်ရေးများကတော့ ဖြောင့်ဖြူးသာယာနေမည်။ ကျန်းမာ ရေးတွင် အစားအလွန်အကျွံစားမိ၍ ဘေးတွေ့မည်။ ပိုးမွှားများကြောင့် ရောဂါရမည်။ လေပွ၊ အစာမကြေဖြစ်မည်။

အကျိုးပေးဂဏန်း 3/9/7
အထူးဟော ကူညီမယ့်သူတွေကြောင့် အခက်အခဲတွေပြေလည်ပါလိမ့်မယ်။
ယတြာ နှင်းဆီ ရပွင့်ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ဒီကာလအတွင်း အလုပ်တွေများနေတတ်ပါတယ်။ သေချာ time table ဆွဲပြီး ဆောင်ရွက်လိုက်ပါ။ လုပ်ငန်းရှင်များ ခန့်အပ်ထားတဲ့ဝန်ထမ်းတွေ တစ်လွဲဆောင်ရွက်မှုကြောင့် အလုပ်တွေကြန့်ကြာတတ်ပါတယ်။ အများပြည်သူများနှင့် ဆက်နွယ်သောအလုပ်များ အကျိုးပေးနေမည်။ ဝန်ထမ်းအလုပ်လျှောက်လျှင် အလွယ်တကူရရှိမည်။

စိုက်ပျိုးရေး၊ ရိတ်သိမ်းမှုများ၊ ငါးကန်တူးဖေါ်မှုများ၊ မိဘလက်ငုတ်အလုပ်များမှ ငွေများစွာ ရရှိမည်။ စက္ကူနှင့် စာအုပ်ထုတ်ဝေရေးရာ၊ မိတ္တူနှင့် ဆက်သွယ်ရေးလုပ်ငန်းများ အရင်းမြုပ်နေမည်။ အိမ်တွင်းရေးတွင် အိမ်ထောင်ဘက်ကြောင့် ဂုဏ်တတ်မည်။ ကောင်းသတင်းများ ချီးကျူးခံရမှုများ ကြုံရမည်။ သားသမီးများ၏ ပညာရေးညံ့နေသည်။ ၎င်းတို့အတွက် ငွေကုန်များမည်။

ပညာရှာနေသောလူငယ်များ ကျောင်းကောင်း၊ ဆရာကောင်းတွေ့မည်။ ပညာရေးအထောက်အပံ့ရမည်။ အချစ်ရေးတွင် ချစ်သူနှင့် ခွဲနေရတတ်သည်။ ချစ်သူ၏သစ္စာမဲ့မှုကို ခံရမည်။ အချစ်မရှိသေးသူများလည်း အချစ်ကံမကောင်းသေးချေ။ ကျန်းမာရေးတွင် နှလုံးအခုန်မြန်နေမည်။ အကြောတတ်၊ ညောင်းကိုက်မည်။ အစားအသောက်တွေ ခံတွင်းမတွေ့တာမျိုး ဖြစ်နေရတတ်သည်။

အကျိုးပေးဂဏန်း 1/4/8
အထူးဟော အနည်းငယ်အကြပ်အတည်းလေးတွေရင်ဆိုင်ရတတ်ပါတယ်။
ယတြာ ရွှေရင်အေးဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး/ရာဟု

ဒီကာလအတွင်း ရန်အတိုက်အခိုက်အလွန်များနေတတ်ပါတယ်။ အငြင်းအခုန်ကိစ္စများတတ်နိုင်သလောက် ရှောင်လိုက်စေချင်ပါတယ်။ လိင်မတူသူတွေရဲ့ ဖျားယောင်းသွေးဆောင်ခြင်း ခံရတတ်ပါတယ်။ စွန့်စားရသော၊ မျှော်မှန်းရသော အလုပ်များကို ရှောင်သင့်သည်။ တပည့်ဆွေမျိုးများ၏ အကူအညီကြောင့် အညံ့အဆိုးများ သက်သာခွင့်ရမည်။

လူမှုရေးကိစ္စများ အမှားအယွင်းကြုံမည်။ ဈေးနှုန်းပြောင်းလဲမှုများကြောင့် ကုန်သည်များ အရှုံးများမည်။ ပါမစ်၊ စာရွက်လက်မှတ်ထိုးမှုများ၌ လွဲမှားတတ်သည်။ နောက်ပိုင်းမကြာမီပင် ပုံမှန်အတိုင်း ပြန်ကောင်းလာမည်။ အိမ်တွင်းရေးတွင် နားလည်မှုရှိသော အိမ်ထောင်ရေးဖြစ်မည်။ သို့သော် တစ်ခါတစ်ရံ အိမ်ထောင်ဖက်နှင့် ငြင်းခုန်မှုများ၊ ဆန့်ကျင်မှုများကြုံမည်။

အိမ်ထောင်ဖက် ငွေအသုံးအဖြုန်းကြီးနေမည်။ ဆက်သွယ်ရေးများမှုကြောင့် ငွေပိုကုန်မည်။ ပညာရေးကို စူးစိုက်စွာ သင်ယူဖြစ်မည်။ ပညာရေး အထောက်အကူ ပြုကွန်ပျူတာများမိဘတွေက ဝယ်ယူပေးမည်။ ဆရာသမား၊ မိဘများ၏ အားပေးကူညီမှုကို ရရှိမည်။ အချစ်ရေးတွင် သိက္ခာရှိရှိချစ်နေဖြစ်မည်။ အချစ်ရေးနှင့် ပျော်ရွှင်ရေးများ ဦးစားပေးနေဖြစ်မည်။ ကျန်းမာရေးတွင် ဆီးနှင့် လိင်အင်္ဂါများ ရောဂါရတတ်သည်။ ဒူးခေါင်းအထက် နာကျင်မည်။ အရေပြား ယားယံမည်။

အကျိုးပေးဂဏန်း 2/5/8
အထူးဟော အကြံအစည်တွေနှောင့်နှေးနေတတ်ပါတယ်။
ယတြာ မုန့်လက်ဆောင်း ဘုရားကပ်လှူလိုက်ပါ။

ကြာသပတေး

ဒီကာလအတွင်းလုပ်ငန်းကံ၊ စီးပွားရေးကံအထူးကောင်းနေမည်။ အများအကျိုးနှင့် ဆက်နွယ်သောအလုပ် များ လုပ်ဖြစ်မည်။ ပြည်သူ့အကျိုးဆောင်ရွက်ဖြစ်မည်။ မိတ်ဆွေကောင်းတွေဆီက အကူအညီ ကောင်းတွေ ရလာ တတ်ပါတယ်။အပြောအဆိုမှားယွင်းမည်။ လုပ်ငန်းသစ်များ စတင်လုပ်ဆောင်နိုင်မည်။ လိမ်ညာမှုများ ကြုံတွေ့ ရသော် လည်း ဖြေရှင်းနိုင်မည်။

လုပ်ငန်းကြီးများ ပုံစံပြောင်းလဲလုပ်ကိုင်ခြင်းဖြင့် တိုးတတ်မှုတွေအထူးကြုံရမည်။ အကြီးအကဲတွေဆီကနေ အကူအညီကောင်းတွေရလာတတ်ပါတယ်။ရာထူးတိုးဖို့ အလုပ်မှာကြုံရင်မိမိရာထူးတိုး သွားတတ်ပါတယ်။ အိမ်တွင်းရေးတွင် မလိုအပ်ဘဲ စကားအပိုတွေ ပြောဖြစ်နေမည်။ စီးပွားတတ်သော်လည်း အိမ်ထောင်ရေး သာယာ မှုနည်းမည်။ ပညာရေးတွင်ရက်တိုအချိန်ပိုသင်တန်းများ တတ်ရတတ်သည်။

တီထွင်ကြံဆ ရ သော ပညာရပ်များအား စိတ်ဝင်စားမည်။ အချစ်ရေးတွင် အဘက်ဘက်ကအားနည်းသူကို ကရုဏာသက်နေမိ မည်။ ၎င်း၏ ဘဝကို ကူညီစောင့်ရှောက် ပေးချင်နေမည်။ ချစ်တာထက် သနားတာကပိုနေမည်။ ကျန်းမာရေးတွင် အဆိုးကြီးမတွေ့ရ ပါဘူး။ ပုံမှန်နေထိုင် စားသောက်ပြီး လေ့ကျင့်ခန်းပုံမှန်လုပ်ရင်ရပါတယ်။

အကျိုးပေးဂဏန်း 3/6/5
အထူးဟော အလုပ်စီးပွားတွေကောင်းနေတတ်ပါတယ်။
ယတြာ ဆပ်ပြာတုံးလေးတွေရဟန်းသံဃာတွေကိုလောင်းလှူလိုက်ပါ။

သောကြာ

ဒီကာလအတွင်း ရပ်ဝေးရှိမိတ်ဆွေတစ်ဦးထံမှ သတင်းကောင်းကြားရလိမ့်မည်။ ထိုမိတ်ဆွေက သင့်ထံအကူအညီပေးပါလိမ့်မည်။ သင်ကိုယ်တိုင်လည်း အကျိုးရှိလိမ့်မည်။ စီးပွားရေးတွင် ဝင်ငွေများလျော့ပါးတတ်သည်။ မကုန်သင့်သောငွေကုန်ရမည်။ အခွင့်အရေးများ လက်လွှတ်သွားရတတ်သည်။ အမြတ်အစွန်းထွက်မည့် ကုန်ပစ္စည်း ကို ဆိုင်မတင်မိဘဲဖြစ်တတ်သည်။

ကြွေးပေးလွယ်လျှက် ကြွေးတောင်းခက်နေမည်။ စီးပွားမကျနိုင်ပါ။ စားသောက် ကုန်နှင့် အထည်အလိပ်လုပ်ငန်းများ အကျိုးပေးမည်။ အိမ်တွင်းရေး သာယာလျှက် ရှိမည်။ မိသားစုဝင် အများစု၏ ဝိုင်းဝန်းပံ့ပိုးမှုဖြင့် အဆင်ပြေမှုတွေရလိမ့်မည်။ ပညာရေးအထူး ကောင်းမည်။ ပညာရေးနှင့် စီးပွားရေး ပူးတွဲ ဆက် စပ်နေမည်။

ဝန်ထမ်းများလုပ်ဖော်ကိုင်ဖက်ပေါ့ဆမှုကြောင့် အနည်းငယ်လစ်ဟာ မှု ရှိနိုင်သည်။ သူငယ်ချင်းများနှင့် အချိန်မဖြုန်းပါနှင့်။ အင်တာဗျူးဖြေဆိုရန် သင့်ပါသည်။ မကြာခဏ ဖျားနာခြင်း များ ရှိမည်။ အကြောအခြင်များ ကိုက်ခဲတတ်သည်။ ကြာရှည်မခံစားရနိုင်ပါ။ ရောဂါကြီးများ ဖြစ်ရန်မရှိပါ။ အချစ်ရေးနှင့် အိမ်ထောင်ရေးတွင် အပျော်လွန်နေမည်။ ချစ်သူဘဝ အဆင်ပြေသာယာသည်ကို မနာလိုသူတစ်ဦးပေါ်မည်။ ချစ်သူ မရှိသေးသူများ အပေါင်းအဖေါ်များနှင့် တိုင်ပင်၍ ရှေ့တစ်လှမ်းတိုး၍ ကြိုးပမ်းနိုင်လိမ့်မည်။

အကျိုးပေးဂဏန်း 4/0/8
အထူးဟော အနည်းငယ်ပူပန်သောကများရတတ်ပါတယ်။
ယတြာ ဖာလူဒါတစ်ခွက်ဘုရားကပ်လှူပြီး ဆုတောင်းပါ။

စနေ

ဒီကာလအတွင်းကြွေးမြီးကိစ္စနှင့်ပတ်သက်၍ မိတ်ပျက်ရတတ်သည်။ ကဲ့ရဲ့ရှုံ့ချသူတွေအနားမှာရှိနေလိမ့် မည်။ သည်းခံလိုက်ပါ။ အဆင်ပြေသွားပါလိမ့်မည်။ မိတ်ဆွေစစ်နှင့် မိတ်ဆွေတုကို ခွဲခြားနိုင်မည့် အခါကောင်း ဖြစ်နေသည်။ ဝင်ငွေအနည်းငယ်လျော့သွားနိုင်မည်။ ဆွေမျိုးသားချင်းများအတွက် ကုန်ကျစရိတ်များနေရတတ် သည်။ လက်ထဲ၌ အရင်းအနှီးလျော့နည်းနေတတ်ပြီး ငွေလည်ပတ်မှုအားနည်းလာ တတ်သည်။

ပြဿနာအချို့ အတွက် မိမိဘက်မှ ရပ်တည်ပေးမည့်သူတစ်ဦး ရှိလိမ့်မည်။ လုပ်ငန်းသစ်တစ်ခုကို ပြောင်းလဲလုပ်ကိုင် လိုလျှင်သေချာချိတ်ဆက်ပြီးမှဆောင်ရွက်ပါ။ ဝီရိယနှင့်ရင်း၍ ရှာဖွေနေရလိမ့်မည်။ လက်လုပ်လက်စားများ၊ လက်မှု ပညာရှင်များ အနည်းငယ်ကြပ်တည်းကြမည်။ ပညာရေးအစကောင်းမည်။ ကြိုးစားလိုစိတ်ပြည့်ဝနေမည်။ အပြိုင် အဆိုင်များရှိနေသော်လည်းမိမိကအခြားသူများထက်နှာတစ်ဖျားသာခွင့်ရလိမ့်မည်။

ပညာကိုအရင်းအနှီးပြု၍အလုပ် အကိုင် ရရှိလိမ့်မည်။ ကိုယ်တိုင်ကကျန်းမာရေးကောင်းနေမည်။ မိသားစုများအတွက်သာ အနည်းငယ်ပူပန်ရလိမ့် မည်။ အလုပ်ပင်ပန်းမှုကြောင့် အနည်းငယ်မောပန်းနွမ်းနယ်မှုရှိတတ်သည်။ အချစ်ရေးအညံ့ရှိနေမည်။ ချစ်သူမရှိ သေးသူများ အလှမ်းဝေးနေဆဲဖြစ်သည်။ အိမ်ထောင်ရှင်များ တစ်ဦးနှင့်တစ်ဦး သဘော ထားများ တင်းမာနေ တတ်သည်။ အလျှော့မပေးလျှင် ပြဿနာကြီးထွားသွားနိင်သည်။

အကျိုးပေးဂဏန်း 1/5/8
အထူးဟော ကျန်းမာရေးအနည်းငယ်ဂရုစိုက်ပေးပါ။
ယတြာ မြေပဲလေးကြော်ပြီး ဘုရားကပ်ပါ။

ဆရာငြိမ်းအေးလူ ( ဗေဒင်သုတေသီ )
0977 5555 695 /09 44 5555 695

==============================

၇ ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာ ‌ေဗဒင္ေဟာစာတမ္း

ဧၿပီလ ၃၀ ရက္ေန႔မွ ေမလ ၆ ရက္ေန႔အထိ ၇ ရက္သားသမီးမ်ားအတြက္ တစ္ပတ္စာ ‌ေဗဒင္ေဟာစာတမ္းကို ေဖာ္ျပေပးလိုက္ပါသည္။

တနဂၤေႏြ

ဒီကာလအတြင္း ဘာသာေရးမေမ့သူမ်ား ျပန္လည္အဆင္ေျပလာမည္။အႀကီးအကဲေတြဆီကအကူအညီ အေထာက္အပံ့ေတြရလာမည္။ပညာရပ္ႏွင့္ အသက္ေမြးျခင္းကေနေငြဝင္မည္။ အရင္းအႏွီးမ်ား ျမဳပ္ႏွံျဖစ္ေနမည္။ ေငြမ်ား၊ အေႂကြးေဟာင္းမ်ား ျပန္ရတတ္ပါတယ္။ မိတ္ေဆြေဟာင္းေတြနဲ႔အဆက္အသြယ္ျပတ္မည္။ နာမည္သာရွိ ေန၍ ေငြဗလာျဖစ္ေနသူေတြကိုကူညီခြင့္ရမည္။

ေနာက္ပိုင္းမၾကာမီ ယခုထက္ပိုမိုအသက္ရႈ ေခ်ာင္လာမည္။ အဆက္အသြယ္မ်ား ျပန္ေကာင္းလာမည္။ ဆုံးမည္လို႔ထင္ထားတဲ့အေႂကြးအခ်ိဳ႕ ျပန္ရမည္။ အိမ္တြင္းေရးတြင္ အိမ္ေထာင္ ဖက္၏ လိမ္ညာမႈခံရမည္။ အစစ၊ အရာရာ သူျပဳသမွ်ယုံေနလို႔မရ။ သခ်ၤာႏွင့္ စက္မႈနည္းပညာ ပိုင္းဆိုင္ရာ ပညာရပ္မ်ား သင္ယူျဖစ္မည္။ ဆရာေကာင္းရမည္။ ေနအိမ္မွာပင္ ပညာသင္ၾကားခြင့္ရမည္။

အိုင္တီ နည္းပညာႏွင့္ ပတ္သက္၍ စိတ္ရႈပ္ေထြးရမည္။ အခ်စ္ေရးတြင္ အခ်စ္ေရးထက္ အိမ္ေထာင္ေရးကို ပိုမိုစိတ္ဝင္ စားေနမည္။ ခ်စ္သူ နဲ႔လက္ထက္ဖို႔ကိစၥေတြတိုင္ပင္ျဖစ္ေနမည္။ အလုပ္ထဲတြင္ ခ်စ္သူေတြ႕ရွိႏိုင္သည္။ က်န္းမာေရး တြင္ ေျခေခ်ာ္လဲ တတ္သည္။ အေရျပားေပၚတြင္ အဖုအပိန႔္မ်ားေတြ႕မည္။ ေခြၽးထြက္လြန္ၿပီး ေသြးေပါင္က်ေသြး အားနည္းမည္။

အက်ိဳးေပးဂဏန္း 1/6/2
အထူးေဟာ အဘက္ဘက္က ကံျမင့္ေနမည္။
ယၾတာ ေျခသုတ္ခုံေလးေတြ လႉေပးပါ။

တနလၤာ

ဒီကာလအတြင္းေငြဝင္ေကာင္းမည္။ အက်ိဳးေဆာင္ႏွင့္ ေဆာက္လုပ္ေရးမ်ား စက္ယႏၲရား တပ္ဆင္မႈမ်ားမွ အက်ိဳးအျမတ္ရမည္။ ေနာက္ပိုင္းမၾကာမီတြင္ အရင္းအႏွီးမ်ား ျပန္ေပၚလာမည္။ ခရီးသြားျဖစ္မည္။ ေလွ်ာက္လႊာ တင္ထားမႈမ်ားမွ အေကာင္အထည္ေပၚလာမည္။ ပါမစ္ရမည္။ ဝန္ထမ္းမ်ားကို မိမိကိုယ္တိုင္ဦးေဆာင္၍ လုပ္ကိုင္ေန ျဖစ္မည္။

လူခ်စ္လူခင္မ်ားၿပီးေတာ့ ကူညီမည့္သူေပါမ်ားေနတတ္ပါတယ္။ လူငယ္မ်ားသူငယ္ခ်င္းေတြနဲ႔ စုေပါင္းၿပီး အလုပ္ေတြဖန္တီးျဖစ္ပါလိမ့္မယ္။ အိမ္တြင္းေရးတြင္ တည္ၿငိမ္ေသာအိမ္ေထာင္ေရးဟု ေဘးကအျမင္ရွိေသာ္လည္း မိသားစုအတြင္းအပူရွိေနတတ္ပါတယ္။ ပညာေရးတြင္ ေလးနက္ခက္ခဲေသာ ပညာရပ္မ်ားကို စိတ္ဝင္စားေနမည္။ လိုအပ္ေသာစာအုပ္မ်ား ရွာမရေသာ္လည္း အႀကံဉာဏ္ေပးသူမ်ားေၾကာင့္ ေျပလည္သြားလိမ့္မည္။

အခ်စ္ေရးတြင္ တည္ၿငိမ္ေလးနက္သူကို ခ်စ္ေနမိမည္။ ခ်စ္သူႏွင့္ အတူခရီး ထြက္ျဖစ္မည္။မိမိကိုလာေရာက္ခ်စ္ခြင့္ပန္သူမ်ိဳးနဲ႔ႀကဳံ ရတတ္ပါတယ္။ လူႀကီး၊ မိဘမ်ားက သေဘာတူ ေသာအခ်စ္ေရးမ်ားကေတာ့ ေျဖာင့္ျဖဴးသာယာေနမည္။ က်န္းမာ ေရးတြင္ အစားအလြန္အကြၽံစားမိ၍ ေဘးေတြ႕မည္။ ပိုးမႊားမ်ားေၾကာင့္ ေရာဂါရမည္။ ေလပြ၊ အစာမေၾကျဖစ္မည္။

အက်ိဳးေပးဂဏန္း 3/9/7
အထူးေဟာ ကူညီမယ့္သူေတြေၾကာင့္ အခက္အခဲေတြေျပလည္ပါလိမ့္မယ္။
ယၾတာ ႏွင္းဆီ ရပြင့္ဘုရားကပ္လႉလိုက္ပါ။

အဂၤါ

ဒီကာလအတြင္း အလုပ္ေတြမ်ားေနတတ္ပါတယ္။ေသခ်ာ time table ဆြဲၿပီးေဆာင္႐ြက္လိုက္ပါ။လုပ္ငန္း ရွင္မ်ား ခန႔္အပ္ထားတဲ့ဝန္ထမ္းေတြ တစ္လြဲေဆာင္႐ြက္မႈေၾကာင့္ အလုပ္ေတြၾကန႔္ၾကာတတ္ပါတယ္။အမ်ားျပည္သူ မ်ားႏွင့္ ဆက္ႏြယ္ေသာအလုပ္မ်ား အက်ိဳးေပးေနမည္။ ဝန္ထမ္းအလုပ္ ေလွ်ာက္လွ်င္ အလြယ္တကူရရွိမည္။

စိုက္ပ်ိဳးေရး၊ ရိတ္သိမ္းမႈမ်ား၊ ငါးကန္တူးေဖၚမႈမ်ား၊ မိဘလက္ငုတ္အလုပ္မ်ားမွ ေငြမ်ားစြာ ရရွိမည္။ စကၠဴႏွင့္ စာအုပ္ထုတ္ေဝေရးရာ၊ မိတၱဴႏွင့္ ဆက္သြယ္ေရးလုပ္ငန္းမ်ား အရင္းျမဳပ္ေနမည္။ အိမ္တြင္းေရး တြင္ အိမ္ေထာင္ ဘက္ေၾကာင့္ ဂုဏ္တတ္မည္။ ေကာင္းသတင္းမ်ား ခ်ီးက်ဴးခံရမႈမ်ား ႀကဳံရမည္။ သားသမီးမ်ား၏ ပညာေရးညံ့ေန သည္။ ၎တို႔အတြက္ ေငြကုန္မ်ားမည္။

ပညာရွာေနေသာလူငယ္မ်ား ေက်ာင္းေကာင္း၊ ဆရာေကာင္းေတြ႕မည္။ ပညာေရးအေထာက္အပံ့ရမည္။ အခ်စ္ေရးတြင္ ခ်စ္သူႏွင့္ ခြဲေနရတတ္သည္။ ခ်စ္သူ၏သစၥာမဲ့မႈကို ခံရမည္။ အခ်စ္မရွိေသးသူမ်ားလည္း အခ်စ္ကံမေကာင္း ေသးေခ်။ က်န္းမာေရးတြင္ ႏွလုံးအခုန္ျမန္ေနမည္။ အေၾကာတတ္၊ ေညာင္းကိုက္မည္။ အစားအေသာက္ေတြ ခံတြင္းမေတြ႕တာမ်ိဳးျဖစ္ေနရတတ္သည္။

အက်ိဳးေပးဂဏန္း 1/4/8
အထူးေဟာ အနည္းငယ္အၾကပ္အတည္းေလးေတြရင္ဆိုင္ရတတ္ပါတယ္။
ယၾတာ ေ႐ႊရင္ေအးဘုရားကပ္လႉလိုက္ပါ။

ဗုဒၶဟူး/ရာဟု

ဒီကာလအတြင္းရန္အတိုက္အခိုက္အလြန္မ်ားေနတတ္ပါတယ္။အျငင္းအခုန္ကိစၥမ်ားတတ္ႏိုင္သေလာက္ ေရွာင္လိုက္ ေစခ်င္ပါတယ္။ လိင္မတူသူေတြရဲ႕ ဖ်ားေယာင္းေသြးေဆာင္ျခင္း ခံရတတ္ပါတယ္။စြန႔္စားရေသာ၊ ေမွ်ာ္ မွန္းရေသာ အလုပ္မ်ားကို ေရွာင္သင့္သည္။ တပည့္ေဆြမ်ိဳးမ်ား၏ အကူအညီေၾကာင့္ အညံ့အဆိုးမ်ား သက္သာ ခြင့္ရမည္။

လူမႈေရးကိစၥမ်ားအမွားအယြင္းႀကဳံမည္။ ေဈးႏႈန္းေျပာင္းလဲမႈမ်ားေၾကာင့္ ကုန္သည္မ်ားအရႈံး မ်ားမည္။ ပါမစ္၊ စာ႐ြက္ လက္မွတ္ထိုးမႈမ်ား၌ လြဲမွားတတ္သည္။ ေနာက္ပိုင္းမၾကာမီပင္ ပုံမွန္အတိုင္း ျပန္ေကာင္း လာမည္။ အိမ္တြင္းေရးတြင္ နားလည္မႈရွိေသာ အိမ္ေထာင္ေရးျဖစ္မည္။ သို႔ေသာ္ တစ္ခါတစ္ရံ အိမ္ေထာင္ဖက္ႏွင့္ ျငင္းခုန္မႈမ်ား၊ ဆန႔္က်င္မႈမ်ားႀကဳံမည္။

အိမ္ေထာင္ဖက္ ေငြအသုံးအျဖဳန္း ႀကီးေနမည္။ ဆက္သြယ္ေရးမ်ားမႈေၾကာင့္ ေငြပိုကုန္မည္။ ပညာေရးကို စူးစိုက္စြာ သင္ယူျဖစ္မည္။ ပညာေရး အေထာက္အကူ ျပဳကြန္ပ်ဴတာမ်ားမိဘေတြက ဝယ္ယူေပးမည္။ ဆရာသမား၊ မိဘမ်ား၏ အားေပးကူညီမႈကို ရရွိမည္။ အခ်စ္ေရးတြင္ သိကၡာရွိရွိခ်စ္ေနျဖစ္မည္။ အခ်စ္ေရးႏွင့္ ေပ်ာ္႐ႊင္ေရးမ်ား ဦးစားေပးေန ျဖစ္မည္။ က်န္းမာေရးတြင္ ဆီးႏွင့္ လိင္အဂၤါမ်ား ေရာဂါရတတ္သည္။ ဒူးေခါင္းအထက္ နာက်င္မည္။ အေရျပား ယားယံမည္။

အက်ိဳးေပးဂဏန္း 2/5/8
အထူးေဟာ အႀကံအစည္ေတြေႏွာင့္ေႏွးေနတတ္ပါတယ္။
ယၾတာ မုန႔္လက္ေဆာင္း ဘုရားကပ္လႉလိုက္ပါ။

ၾကာသပေတး

ဒီကာလအတြင္းလုပ္ငန္းကံ၊ စီးပြားေရးကံအထူးေကာင္းေနမည္။ အမ်ားအက်ိဳးႏွင့္ ဆက္ႏြယ္ေသာအလုပ္ မ်ား လုပ္ျဖစ္မည္။ ျပည္သူ႔အက်ိဳးေဆာင္႐ြက္ျဖစ္မည္။ မိတ္ေဆြေကာင္းေတြဆီက အကူအညီ ေကာင္းေတြ ရလာ တတ္ပါတယ္။အေျပာအဆိုမွားယြင္းမည္။ လုပ္ငန္းသစ္မ်ား စတင္လုပ္ေဆာင္ႏိုင္မည္။ လိမ္ညာမႈမ်ား ႀကဳံေတြ႕ ရေသာ္ လည္း ေျဖရွင္းႏိုင္မည္။

လုပ္ငန္းႀကီးမ်ား ပုံစံေျပာင္းလဲလုပ္ကိုင္ျခင္းျဖင့္ တိုးတတ္မႈေတြအထူးႀကဳံရမည္။ အႀကီးအကဲေတြဆီကေန အကူအညီေကာင္းေတြရလာတတ္ပါတယ္။ရာထူးတိုးဖို႔ အလုပ္မွာႀကဳံရင္မိမိရာထူးတိုး သြားတတ္ပါတယ္။ အိမ္တြင္းေရးတြင္ မလိုအပ္ဘဲ စကားအပိုေတြ ေျပာျဖစ္ေနမည္။ စီးပြားတတ္ေသာ္လည္း အိမ္ေထာင္ေရး သာယာ မႈနည္းမည္။ ပညာေရးတြင္ရက္တိုအခ်ိန္ပိုသင္တန္းမ်ား တတ္ရတတ္သည္။

တီထြင္ႀကံဆ ရ ေသာ ပညာရပ္မ်ားအား စိတ္ဝင္စားမည္။ အခ်စ္ေရးတြင္ အဘက္ဘက္ကအားနည္းသူကို က႐ုဏာသက္ေနမိ မည္။ ၎၏ ဘဝကို ကူညီေစာင့္ေရွာက္ ေပးခ်င္ေနမည္။ ခ်စ္တာထက္ သနားတာကပိုေနမည္။ က်န္းမာေရးတြင္ အဆိုးႀကီးမေတြ႕ရ ပါဘူး။ ပုံမွန္ေနထိုင္ စားေသာက္ၿပီး ေလ့က်င့္ခန္းပုံမွန္လုပ္ရင္ရပါတယ္။

အက်ိဳးေပးဂဏန္း 3/6/5
အထူးေဟာ အလုပ္စီးပြားေတြေကာင္းေနတတ္ပါတယ္။
ယၾတာ ဆပ္ျပာတုံးေလးေတြရဟန္းသံဃာေတြကိုေလာင္းလႉလိုက္ပါ။

ေသာၾကာ

ဒီကာလအတြင္း ရပ္ေဝးရွိမိတ္ေဆြတစ္ဦးထံမွ သတင္းေကာင္းၾကားရလိမ့္မည္။ ထိုမိတ္ေဆြက သင့္ထံအကူအညီေပးပါလိမ့္မည္။ သင္ကိုယ္တိုင္လည္း အက်ိဳးရွိလိမ့္မည္။ စီးပြားေရးတြင္ ဝင္ေငြမ်ားေလ်ာ့ပါးတတ္သည္။ မကုန္သင့္ေသာေငြကုန္ရမည္။ အခြင့္အေရးမ်ား လက္လႊတ္သြားရတတ္သည္။ အျမတ္အစြန္းထြက္မည့္ ကုန္ပစၥည္း ကို ဆိုင္မတင္မိဘဲျဖစ္တတ္သည္။

ေႂကြးေပးလြယ္လွ်က္ ေႂကြးေတာင္းခက္ေနမည္။ စီးပြားမက်ႏိုင္ပါ။ စားေသာက္ ကုန္ႏွင့္ အထည္အလိပ္လုပ္ငန္းမ်ား အက်ိဳးေပးမည္။ အိမ္တြင္းေရး သာယာလွ်က္ ရွိမည္။ မိသားစုဝင္ အမ်ားစု၏ ဝိုင္းဝန္းပံ့ပိုးမႈျဖင့္ အဆင္ေျပမႈေတြရလိမ့္မည္။ ပညာေရးအထူး ေကာင္းမည္။ ပညာေရးႏွင့္ စီးပြားေရး ပူးတြဲ ဆက္ စပ္ေနမည္။

ဝန္ထမ္းမ်ားလုပ္ေဖာ္ကိုင္ဖက္ေပါ့ဆမႈေၾကာင့္ အနည္းငယ္လစ္ဟာ မႈ ရွိႏိုင္သည္။ သူငယ္ခ်င္းမ်ားႏွင့္ အခ်ိန္မျဖဳန္းပါႏွင့္။ အင္တာဗ်ဴးေျဖဆိုရန္ သင့္ပါသည္။ မၾကာခဏ ဖ်ားနာျခင္း မ်ား ရွိမည္။ အေၾကာအျခင္မ်ား ကိုက္ခဲတတ္သည္။ ၾကာရွည္မခံစားရႏိုင္ပါ။ ေရာဂါႀကီးမ်ား ျဖစ္ရန္မရွိပါ။ အခ်စ္ေရးႏွင့္ အိမ္ေထာင္ေရးတြင္ အေပ်ာ္လြန္ေနမည္။ ခ်စ္သူဘဝ အဆင္ေျပသာယာသည္ကို မနာလိုသူတစ္ဦးေပၚမည္။ ခ်စ္သူ မရွိေသးသူမ်ား အေပါင္းအေဖၚမ်ားႏွင့္ တိုင္ပင္၍ ေရွ႕တစ္လွမ္းတိုး၍ ႀကိဳးပမ္းႏိုင္လိမ့္မည္။

အက်ိဳးေပးဂဏန္း 4/0/8
အထူးေဟာ အနည္းငယ္ပူပန္ေသာကမ်ားရတတ္ပါတယ္။
ယၾတာ ဖာလူဒါတစ္ခြက္ဘုရားကပ္လႉၿပီး ဆုေတာင္းပါ။

စေန

ဒီကာလအတြင္းေႂကြးၿမီးကိစၥႏွင့္ပတ္သက္၍ မိတ္ပ်က္ရတတ္သည္။ ကဲ့ရဲ႕ရႈံ႕ခ်သူေတြအနားမွာရွိေနလိမ့္ မည္။ သည္းခံလိုက္ပါ။ အဆင္ေျပသြားပါလိမ့္မည္။ မိတ္ေဆြစစ္ႏွင့္ မိတ္ေဆြတုကို ခြဲျခားႏိုင္မည့္ အခါေကာင္း ျဖစ္ေနသည္။ ဝင္ေငြအနည္းငယ္ေလ်ာ့သြားႏိုင္မည္။ ေဆြမ်ိဳးသားခ်င္းမ်ားအတြက္ ကုန္က်စရိတ္မ်ားေနရတတ္ သည္။ လက္ထဲ၌ အရင္းအႏွီးေလ်ာ့နည္းေနတတ္ၿပီး ေငြလည္ပတ္မႈအားနည္းလာ တတ္သည္။

ျပႆနာအခ်ိဳ႕ အတြက္ မိမိဘက္မွ ရပ္တည္ေပးမည့္သူတစ္ဦး ရွိလိမ့္မည္။ လုပ္ငန္းသစ္တစ္ခုကို ေျပာင္းလဲလုပ္ကိုင္ လိုလွ်င္ေသခ်ာခ်ိတ္ဆက္ၿပီးမွေဆာင္႐ြက္ပါ။ ဝီရိယႏွင့္ရင္း၍ ရွာေဖြေနရလိမ့္မည္။ လက္လုပ္လက္စားမ်ား၊ လက္မႈ ပညာရွင္မ်ား အနည္းငယ္ၾကပ္တည္းၾကမည္။ ပညာေရးအစေကာင္းမည္။ ႀကိဳးစားလိုစိတ္ျပည့္ဝေနမည္။ အၿပိဳင္ အဆိုင္မ်ားရွိေနေသာ္လည္းမိမိကအျခားသူမ်ားထက္ႏွာတစ္ဖ်ားသာခြင့္ရလိမ့္မည္။

ပညာကိုအရင္းအႏွီးျပဳ၍အလုပ္ အကိုင္ ရရွိလိမ့္မည္။ ကိုယ္တိုင္ကက်န္းမာေရးေကာင္းေနမည္။ မိသားစုမ်ားအတြက္သာ အနည္းငယ္ပူပန္ရလိမ့္ မည္။ အလုပ္ပင္ပန္းမႈေၾကာင့္ အနည္းငယ္ေမာပန္းႏြမ္းနယ္မႈရွိတတ္သည္။ အခ်စ္ေရးအညံ့ရွိေနမည္။ ခ်စ္သူမရွိ ေသးသူမ်ား အလွမ္းေဝးေနဆဲျဖစ္သည္။ အိမ္ေထာင္ရွင္မ်ား တစ္ဦးႏွင့္တစ္ဦး သေဘာ ထားမ်ား တင္းမာေန တတ္သည္။ အေလွ်ာ့မေပးလွ်င္ ျပႆနာႀကီးထြားသြားနိင္သည္။

အက်ိဳးေပးဂဏန္း 1/5/8
အထူးေဟာ က်န္းမာေရးအနည္းငယ္ဂ႐ုစိုက္ေပးပါ။
ယၾတာ ေျမပဲေလးေၾကာ္ၿပီး ဘုရားကပ္ပါ။

ဆရာၿငိမ္းေအးလူ ( ေဗဒင္သုေတသီ )
0977 5555 695 /09 44 5555 695

Live-Style Read 155029 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021