(၇)ရက်သားသမီးများအတွက် တစ်ပတ်စာ ဟောစာတမ်း

Ads Ads Ads

by Aung Myo Hein

(၁.၁၀.၂၀၂၀) မှ (၇.၁၀.၂၀၂၀) အထိ တစ်ပတ်စာ ကံကြမာဟောစာတမ်းကို ဖော်ပြပေးလိုက်ပါသည်။ 

တနင်္ဂနွေ

ယခုကာလအတွင်း ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်နေသူများ အလုပ်တွင် အပျက်အစီး၊ အဆုံးအရှုံး၊ အလေအလွင့်များနေတတ်ပါသည်။ အိမ်ထောင်သည်များ အိမ်ထောင်ဖက်ကို စိတ်တိုင်းမကျခြင်း၊ အိမ်ထောင်ရေး အဆင်မပြေခြင်းများ ဖြစ်နေတတ်သည်။ အိမ်ထောင်ဘက် ကျန်းမာရေးညံ့တတ်ပါသည်။ နေနိုင်ရင်ဒီကာလအတွင်း အရက်မသောက်ပါနဲ့။ ကျောက်ကပ် နဲ့အသည်းအားနည်းချိန်မို့ပါ။ မိမိအိပ်မက်တွင် ဘိုးတော်များ၊မြင့်မြတ်သော ပုဂ္ဂိုလ်ထူးများ ကြွလာသည်ဟုမြင်မက်ပါက အထူးကောင်းသော နိမိတ်ဖြစ်သည်။ ကံညံ့နေချိန်ဆိုပေမယ့် သိပ်အဆိုးကြီးမဟုတ်ပါဘူး။ မပြောပလောက်တဲ့ အညံ့လေးတွေ ကြုံတွေ့ရတတ်ပါတယ်။

လူမျိုးခြားက ကူညီခြင်း၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်သော ကိစ္စများ အောင်မြင်လိမ့်မည်။  လုပ်ငန်းများအောင်မြင်တော့မလိုလိုနဲ့ အဆင်ပြေဖို့ အနည်းငယ်ကြာတတ်တာမျိုးလေးတော့ ကြုံတွေ့ရတတ်ပါတယ်။ လုပ်ဖေါ်ကိုင်ဖက် မိတ်ဆွေများနှင့်လည်း စိတ်ဝမ်းကွဲရတတ်ပါတယ်။ မနာလိုသူ ပေါလိမ့်မည်။ ငွေကြေးပြဿနာတွေက မိမိကို ဒုက္ခပေးလာတတ်သည်။ ကြီးကဲသူ၊ အထက်လူကြီးများကြောင့် စိတ်ညစ်ရတတ်သည်။ ပျိုရွယ်သူများအဖို့ အချစ်ရေးမှာတော့ အဆင်ပြေနေတဲ့ စုံတွဲတွေက စိတ်ဝမ်းကွဲစရာတွေပေါ်လာတတ်သလို၊အဆင်မပြေတဲ့ ချစ်သူတွေကတော့ အဆင်ပြေဖို့အကြောင်းဖန် လာတာကိုထူးထူးခြားခြားတွေ့ရပါတယ်။

အကျိုးပေးဂဏန်း - ၃/၅/၉

အထူးဟော - ကံအနည်းငယ်ညံ့နေတတ်ပါတယ်။

ယတြာ - ပေါင်မုန့်ကို စတော်ဘယ်ရီယိုသုတ်ပြီး ဘုရားကပ်လှူပေးပါ။  

တနင်္လာ

ယခုကာလအတွင်း အနည်းငယ် အတိုက်အခံ များနေရတတ်ပါတယ်။ မထင်မှတ်ဘဲ အလုပ်တစ်ခု ပူးတွဲလုပ်ကိုင် ရတတ်ပါတယ်။ဆုံးဖြတ်ရခက်ခဲစေတဲ့ အခွင့်အရေးနှစ်မျိုး၊လမ်းနှစ်သွယ်ကြုံလာရတတ်ပါတယ်။ အိမ်ပြောင်း၊ နေရာပြောင်း မလုပ်ရင်အကောင်းဆုံးပါပဲ။ လောင်းကစားအပြင်၊ဝိသမလောဘနဲ့လုပ်သမျှ သိပ်အဆင်မပြေ တတ်ဘူး။ ယခုရောက်ရှိနေတဲ့ ကာလမှာ သံယောဇဉ်ကြောင့် မလုပ်သင့်တာတွေကို လုပ်မိတတ်ပါတယ်။

မထင်မှတ်ဘဲ မတည်မငြိမ် အပြောင်းအလဲများရတတ်တဲ့ ကာလပဲဖြစ်ပါတယ်။ လူအများ၏ အထင်ကြီးမှု၊ ချီးကျူးမှုတွေ ခံရတတ်ပါတယ်။ဝန်ထမ်းဖြစ်ပါက ရာထူးတိုးခြင်း၊ လုပ်ပိုင်ခွင့်တိုးခြင်းများ ကြုံရတတ်ပါတယ်။ ငွေဒလဟော ထွက်ခြင်း၊ ငွေအတွက် ပြောဆိုဖြေရှင်းရတတ်သည်။ စနေ၊ သောကြာ အမည်ပါသော ဆွေမျိုးသားချင်းက အကူအညီကောင်းပေးလာလိမ့်မည်။ ငွေကြေးစီးပွားကံ သင့်ပါသည်။ သို့သော် ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများတွင် ငွေမြှပ်နေတတ်သည်။  ဌာနဆိုင်ရာ ဝန်ထမ်းများ အနေဖြင့်လဲ မိမိဖြစ်ချင်တာတွေတင်ပြခွင့်ရလာမည်။ ပညာရေးတွင်တော့ စိတ်ညစ်ရတတ်ပေရာ ပို၍ကြိုးစားလေ့လာရန်လိုအပ်သည်။အချစ်ရေးမှာ ဖြစ်သင့်တာထက် ဖြစ်ချင်တာကို ဦးစားပေးမိ၍ ချစ်သူနဲ့ အဆင်မပြေဖြစ်ရတတ်ပါတယ်။ကျန်းမာရေးဒေါင်ဒေါင်မြည်ကောင်းနေတတ်ပါတယ်။

အကျိုးပေးဂဏန်း  - ၄/၈/၆

အထူးဟော - ကံသင့်ပါတယ်။

ယတြာ  - ရှောက်သီးလေးသုပ်ပြီး ဘုရားကပ်လှူလိုက်ပါ။

အင်္ဂါ

ယခုကာလအတွင်း ကံကောင်းနေသလို လုပ်ငန်းသစ်များ စတင်ရတတ်သည်။ ထိုလုပ်ငန်းများ သည်လည်း လွန်စွာအကျိုးပေးအောင်မြင်မည်။ အလုပ်နေရာ၊ အိမ်နေရာ ပြောင်းရွှေ့ရတတ်သည်။ အာမခံမလိုက်ပါနှင့်။ သတိပြု၍ ရှောင်ကြဉ်ပါ။ ငွေအနည်းငယ်ဝင်တတ်ပါတယ်။ ဒါပေမယ့် စုဆောင်းလို့မရနိုင်သေးပါ။ အချစ်ရေး ကံအား‌ကောင်းနေတဲ့အတွက် အချစ်ရေးအတွက် စိတ်ညစ်စရာနည်းပါတယ်။မိသားစုအတွင်း စိတ်ဝမ်းကွဲမှုများ ဖြစ်ပေါ်လာတတ်ပါတယ်။ အိမ်ထောင်သည်များ အိမ်ထောင်ဖက်နှင့် အဆင်မပြေမှုကြီးမားစွာဖြစ်တတ်သည်။

သစ်အဟောင်းများနှင့် သူများတွေရဲ့ တစ်ပတ်ရစ်ပစ္စည်းများ လာအပ်ထားရင် လက်မခံသင့်ပါ။ အလုပ်အကိုင် အစီးအပွား အစစပွင့်လန်း အဆင်ပြေလာမည့် ကာလဖြစ်ရာ မိမိဘက်က ကြိုးစားရန်သာလိုသည်။ ကိုယ်ပိုင်စီးပွားလုပ်ငန်းများ၌မူ စိတ်ရှည်ရန် လိုအပ်သည်။ customerတွေရဲ့ complainများ ဖြေရှင်းရတတ်သည်။ ပညာသင်ကြားရာတွင် စိတ်ပါလိုက် မပါလိုက် ဖြစ်စေကာမူ သိလွယ်တတ်လွယ် နေလိမ့်မည်။ ကိုယ့်လက်အောက် ငယ်သားတွေကလည်း ဒုက္ခပေးတတ်ပါတယ်။ ကျန်းမာရေး အနေဖြင့် လေထိုး၊ လေအောင့်၊ အစာအိမ်နှင့်ပတ်သက်တဲ့ ဝေဒနာများ ခံစားရတတ်ပါတယ်။ လူငယ်လေးများ အုပ်ထိန်းသူမပါဘဲ မြစ်ချောင်းအင်းအိုင်တွေမှာ ရေမဆော့သင့်တဲ့ကာလပါပဲ။

အကျိုးပေးဂဏန်း - ၃/၅/ဝ

အထူးဟော - အလုပ်အကိုင်တိုးတတ်လာနိုင်ပါတယ်။

ယတြာ - ကြက်သားဆန်ပြုတ်ဘုရားကပ်လှူလိုက်ပါ။

ဗုဒ္ဓဟူး

လုပ်ငန်းခွင်အတွင်းလုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားအခြေအတင်ပြောဆိုရခြင်းများ ကြုံရတတ်သည်။ အင်္ဂါနံ စိန်၊ စက်ပစ္စည်းများ ထွက်တတ်သည်။ ရွှေထည်ဝယ်လျှင် အသစ်များသာ ဝယ်သင့်သည်။ အပျက်အဟောင်းများ မဝယ်သင့်ပါ။ ဆီးရောဂါ၊ မျက်စိရောဂါများ ဒုက္ခပေးတတ်ခြင်း၊ အစာမှားခြင်း၊ ဆေးမှားခြင်းများ ကြုံရတတ် ပါသည်။ ဆိုင်တွေပိတ်ထားချိန် မိမိဖုန်း၊ကွန်ပျူတာစတာတွေပျက်သဖြင့်လွန်စွာမှစိတ်ညစ်ရမည်။ ရိုရိုသေသေကိုင် တွယ် ပါ။အိမ်ထောင်ရေးမှာတော့ အတွဲညီညီနဲ့အဆင်ပြေပါလိမ့်မယ်။လက်ရှိအလုပ်အကိုင်ကို စိတ်မဝင်စား ခြင်း၊ အလုပ် ပြောင်းလိုစိတ်များ ကြုံလာတတ်ပါသည်။

ခိုင်မာသော စီးပွားရေးလုပ်ငန်းများ တည်ဆောက်ထားပါ။ ရရန်ရှိ သော အကြွေးများကို ယခုကာလအတွင်း ရသလောက်တော့တောင်းထားပါ။ သို့မဟုတ်ပါက ဆုံးတတ်သည်။ လုပ် ငန်း ကိစ္စများက အကောင်းဖြစ်တည်လာသော်လဲ မိမိက သူတပါးစကားနားယောင်၍ အမြင်မှား အထင်မှား ဆုံးဖြတ် ချက်မှား၍အခက်ကြုံကိန်းရှိသည်။ အလိုလောဘဦးဆောင်၍ ရင်းနှီးမြှပ်နှံခြင်းပြုပါက အရှုံးများပေသည်။ ပညာရေး ၌မူ တော်တော်အားနည်းသောကြောင့် ကြိုးစား လေ့လာရပါမည်။အချစ်ရေးကံမကောင်းနိုင်သေးပါဘူး။ စကားနည်း ရန်စဲဆိုသလို ချစ်သူနဲ့စကားသိပ်မပြောတာအကောင်းဆုံးပါပဲ။

အကျိုးပေးဂဏန်း - ၁/၆/၈

အထူးဟော - သက်သောင့်သက်သာနေပါ။ စိတ်ဖိစီးမှုတွေလျော့ချပါ။

ယတြာ - အသုပ်စုံတစ်ပွဲဘုရားကပ်လှူပေးပါ။

ကြာသပတေး

ဤကာလမျိုး၌ အလှူအတန်းကိစ္စများ မုချပြုလုပ်ရလိမ့်မည်။ ငွေအစုလိုက်၊ အပုံလိုက်ဝင်လာလိမ့်မည်။ မိမိ၏အလုပ်မှလည်းကောင်း၊ ထီပေါက်၍လည်းကောင်း ငွေများဝင်လာတတ်သည်။ မိမိလုပ်ငန်းများကို အင်နှင့်အားနှင့် တိုးချဲ့လုပ်ကိုင်သင့်သော်လည်း ဖြတ်လမ်းမလိုက်ရန် သတိပေးလိုပါသည်။ အိမ်ထောင်ရှင်များ အိမ်ထောင်ရေးအတွက် သောကရောက်ရသော ကာလဖြစ်ပါသည်။ အထက်လူကြီး မိသားစု၊ ကြီးကဲသူများကြောင့် စိတ်ညစ်ရမည်။ အတူနေမိသားစုထဲမှ အကြီးအကဲ၊ အဘိုးအဘွားများ ကျန်းမာရေးပိုမိုညံ့လာတတ်သည်။ လူမျိုးခြား၊ နိုင်ငံခြားနှင့် ပတ်သက်သောကိစ္စများ အကျိုးပေးအောင်မြင်မည်။

ဝန်ထမ်းဆိုလျှင် အိမ်မှာအလုပ်လုပ်ရရင်တောင် အလုပ် တွေအရမ်းပိုလာတတ်ပါတယ်။ပညာရေးကိစ္စများ၊သင်တန်းကိစ္စများ အထူးကောင်းနေတတ်ပါသည်။ အခက်အခဲပြဿနာများ၊ ရန်သဘောဆောင်လာမှုများ နှင့် ရင်ဆိုင်ရတတ်ပေသည်။ သို့သော် အလုပ်အကိုင်, အစီးအပွားထိခိုက်ပျက်စီးခြင်း အထိတော့ မဖြစ်နိုင်သည့်အပြင် တိုးတက်အဆင်ပြေတတ်ပါသည်။ ဌာနဆိုင်ရာ အာဏာပိုင်များနှင့် ပတ် သက်သည့် ဝန်ထမ်းများကမူ ဂရုပြုရပါမည်။အချစ်ရေးကတော့ အညံ့အဆိုးများနေတတ်ပါတယ်။ ချစ်သူကသူအပူနဲ့သူ ကိုယ့်ကိုဂရုမစိုက်နိုင်ပါ။ ကျန်းမာရေး တရှောင်ရှောင်ဖြစ်လွယ်ပါတယ်။ ဂရုစိုက်ပါဗျ။

အကျိုးပေးဂဏန်း - ၂/၇/ဝ

အထူးဟော  - အလုပ်များပြီး လူပင်ပန်း၊စိတ်ပင်ပန်းဖြစ်ရမည်။

ယတြာ - ငါးသေတ္တာဟင်းချက်ပြီးဘုရားရှင်အားဆွမ်းကပ်ပါ။

သောကြာ

ယခုကာလအတွင်း မိဘကိုကောင်းစွာ ပြုစုစောင့်ရှောက်ရမည့်ကာလဖြစ်သည်။ လုပ်ငန်းများ သိသိသာသာ အောင်မြင်မှုရရှိမည်။ လုပ်ငန်းသစ်များ စတင်ပြုလုပ်နိုင်သောကာလ၊ လုပ်ငန်းဟောင်းများလည်း ပြန်ပေါ်တတ် သည်။ ပညာရှာနေသူများလဲ မိတ်ဆွေကောင်း၊ ဆရာကောင်းများတွေ့မည်။ ငွေရှာရလွယ်ခြင်း၊ ငွေအဝင်အထွက်ကြမ်းခြင်းများ ကြုံမည်။ ရန်မူခံခြင်း၊ စကားများ ဖြေရှင်းရခြင်း၊ ရင်းနှီးသူ လုပ်ဖေါ်ကိုင်ဖက်များနှင့် အဆင်မပြေ လမ်းခွဲရခြင်းများ ကြုံတွေ့ရနိုင်ပါသည်။ လုပ်ငန်းခွင်တွင် အတိုက်အခံအနည်းငယ် ကြုံရတတ်ပါသည်။ အမှုအခင်း၊ ရုံးပြင်ကန္နားနှင့် ပတ်သက်ရတတ်သည်။ စိုးရိမ်စရာမရှိပါ။

အကြီးအကဲကောင်းများရတတ်၏။ အိမ်ထောင်ရှိသူဆိုလျှင် အိမ်ထောင်ဘက်ရဲ့ ဉာဏ်နည်းမှုကြောင့် စိတ်ညစ်ရတတ်သည်။ ဆွေမျိုးသားချင်းများ ကျန်းမာရေး အသည်း  အသန်ဖြစ်တာမျိုး သတင်းကြားရတတ်ပါတယ်။နှလုံး၊လေနှင့်ပတ်သက်သာဝေဒနာ၊ ဒူး၊ နား၊ ဒုက္ခပေးခြင်းများ ကြုံရ တတ်သည်။ စပ်တူရှယ်ယာ လုပ်ငန်းများ ပေါ်လိမ့်မည်။ လုပ်လျှင် အောင်မြင်မည်။ ဥပဒေနှင့် မလွတ်ကင်းသော အမှုများကို အထူးရှောင်ကြဉ်ရန် လိုအပ်ပါသည်။အချစ်ရေးစိတ်ချမ်းသာရမည်။ ချစ်သူက မိမိကိုအလိုလိုက်ပြီးဂရုစိုက် ပါလိမ့်မယ်။လူငယ်များမိဘဆီက လိုချင်တာပူဆာနိုင်ပါလိမ့်မယ်။   

အကျိုးပေးဂဏန်း - ၁/၃/၆

အထူးဟော - ကံအကောင်းများတဲ့ကာလပါပဲ။

ယတြာ  - ဩဇာသီးဘုရားကပ်လှူပေးပါ။

စနေ

ဒီကာလအတွင်း အသေးစားစီးပွားရေးများ၊အလတ်စားစီးပွားရေးများ ပိုမိုအဆင်ပြေမှုတွေရှိတတ် ပါတယ်။လိင်မတူသူတွေရဲ့ အကူအညီတွေ၊အကြံဉာဏ်တွေ ရလာတတ်ပါတယ်။ကျန်းမာရေးကတော့ အညံ့အဆိုး ကင်းနေပါ  လိမ့်မယ်။ဒါပေမယ့်မျက်စိအာရုံစိုက်ပြီး လုပ်ကိုင်ရသူများဒီကာလမှာ မျက်ရိုးကိုက်တတ်ပါတယ်။ မိမိအတွက် ကံအင်အားကောင်းနေတတ်ပါတယ်။ စိတ်ချမ်းသာစရာတွေ၊ တိုးတတ်အောင် မြင်ခြင်းတွေကို ကြုံရတတ်ပါတယ်။ အလုပ်တွေနဲ့ ပက်သက်ပြီး စိတ်ကူးသစ်နဲ့လုပ်ပါ။

နည်းပညာအခြေခံတဲ့ ချဲ့ထွင်မှုတွေကိုလုပ်ဆောင်ပါ။ သီလရှိအောင်နေပါ။ မဟုတ်တာတွေမလုပ်ရင်တော့ ကံကပိုမိုအားကောင်းသွားစေ ပါလိမ့်မယ်။စိတ်ထဲ  လိုချင်တဲ့ အကူအညီတွေကို လက်တွေ့မှာ မတောင်းဆိုဘဲလာကူညီတာမျိုးတွေကြုံရတတ်ပါတယ်။ စိတ်ထဲမှာဆန္ဒရှိတဲ့ ကိစ္စတွေရှိရင် ထလုပ်လိုက်ပါ။ ပတ်ဝန်းကျင်ကောင်း ၊မိတ်ဆွေကောင်းတွေရဲ့အကူအညီ တွေကိုရတတ်ပါတယ်။သူတစ်ပါးတွေရဲ့အကြံပေးမှုကို လက်ခံပါ။ အောက်လက်ငယ်သားတွေဆီကနည်းလမ်း ကောင်းတွေရလာတတ်ပါ တယ်။အချစ်ရေးကံကောင်းနေမည်။ချစ်သူဆီက လက်ဆောင်တွေ ရလာတတ်ပါတယ်။အိမ်ထောင်ရေးမှာတော့ သား၊သမီးကြောင့် စကားအခြေ အတင်များနေရတတ်ပါတယ်။ ပညာရေးကံအထူးကောင်းပါတယ်။

အကျိုးပေးဂဏန်း -  ၃/၅/ဝ

အထူးဟော - စိတ်ကြည်နူးစရာများပါလိမ့်မယ်။

ယတြာ  -  ထန်းလျက်ခဲဘုရားကပ်လှူပေးပါ။

၇ရက်သားသမီးအပေါင်း ကောင်းသောလိုအင်ဆန္ဒတွေပြည့်ဝပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ)

0977 5555 695, 09 44 5555 695

 

Live-Style Read 881 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021