မတ်လ ၂၆ ရက် မှ ဧပြီလ ၁ ရက်အတွင်း ဖြစ်ပေါ်လာမည့် သင့်ကံကြမ္မာ အဆိုးအကောင်းများ




၂၆.၃.၂၀၂၀ မှ ၁.၄.၂၀၂၀ အထိ ခုနှစ်ရက်သားသမီးများ၏ တစ်ပတ်အတွင်း ကံကြမ္မာ၊ အဆိုးအကောင်းများကို ဖော်ပြပေးလိုက်ပါသည်။

တနင်္ဂနွေ

စပ်တူစီးပွားရေးလုပ်ငန်းများတွင် ပူးတွဲလုပ်ကိုင်ရန် အဆင်ပြေပါသည်။ ငွေချေးငှားရန်ရှိပါက ယခုကာလသည် အကောင်းဆုံးဖြစ်ပါသည်။ မိမိနှင့်အတူတကွ ဆက်ဆံရသူ သို့မဟုတ် စီးပွားပြိုင်ဘက်များနှင့် သူ့မာနနှင့်ကိုယ့်မာန ထိပ်တိုက်တွေ့ရမည့်အချိန်မျိုးဖြစ်ပါသည်။ မိမိ၏အိမ်ထောင်ဖက်နှင့် စိတ်နေသဘောထားတိုက်ဆိုင်မှု ရှိနေပါလိမ့်မည်။ မတော်တဆ ထိခိုက်မှုမျိုးရှိစေတတ်ပါသည်။ မထင်မှတ်သော အနာရောဂါများလည်း ပေါ်လာတတ်သည်။ မကောင်းမှုမှန်းသိပါလျက်နှင့် ကျူးလွန်မိခြင်းမျိုး ဖြစ်စေတတ်ပါသည်။ အချစ်ရေးတွင် မလိုသူချောက်တွန်း၍ နှစ်ကိုယ်တူ တစ်ယောက်တစ်ခွန်းဖြင့် ပြဿနာရှင်းရခြင်းများ ကြုံရပါလိမ့်မည်။ အမြင်၊ အကြား၊ အသိ၊ အတွေ့ဖြင့် အထင်အရှားမရှိသရွေ့ ဘေးလူပြောစကားဖြင့် တွေးပူဒေါပွမဖြစ်လိုက်ပါနှင့်။ အရှိနှင့် အသွင်အပြင်ပေါ်တွင် သတိနှင့်ဆင်ခြင်၍ ပူးပေါင်းနိုင်ရန်သာလိုပါလိမ့်မည်။
ယတြာ။ ။ အိမ်ကဘုရားတွင် သီးမွှေးငှက်ပျောသီး ကပ်လှူပေးပါ။

တနင်္လာ

တစ်နေရာမှတစ်နေရာသို့ ပြောင်းရွှေ့နေထိုင်ပြုမူရတတ်ပါသည်။ အာရုံကြောဆိုင်ရာ ဝေဒနာများ ခံစားရတတ်သည်။ မွေးရပ်မြေဒေသများဆီသို့ ခေတ္တလည်ပတ်ခွင့်ကြုံရပါလိမ့်မည်။ မိမိအပေါ်တွင် မလိုသူများ၊ အထက်လူကြီးများနှင့် ပတ်သက်၍ နှလုံးစိတ်ဝမ်းမငြိမ်းချမ်းပါဘဲ ဖြစ်နေမည်။ မြင့်သောနေရာ သို့မဟုတ် တွင်းအနိမ့်ထဲသို့ မတော်တဆပြုတ်ကျမှုဖြစ်တတ်သည်။ အိမ်ထောင်ဖက်၏ ဩဇာလွှမ်းမိုးခြင်း ခံရပါလိမ့်မည်။ အရေးကြီးသောဆုံးဖြတ်ချက်များအတွက် အိမ်ထောင်ဖက်၏ အမြင်၊ အယူအဆများကို ဦးစားပေး၍ လက်ခံမှုပြုပေးရတတ်သည်။ အချစ်ရေးနှင့်ပတ်သက်ပါလျှင်၊ အယူအဆတူစွာဖြင့် အတူတကွပျူငှာစွာ ဆက်ဆံနိုင်သူမျိုးဖြင့်သာ လက်တွဲစိတ်ဖြင့် မျှော်လင့်နေမိပါလိမ့်မည်။
ယတြာ ။ ။ ကလေးတစ်ဦးအား အနီရောင်ဘောပင်တစ်ချောင်း လက်ဆောင်ပေးလိုက်ပါ။

အင်္ဂါ

ရာထူးတိုးခြင်းနှင့် နယ်မြေသစ်များတွင် တာဝန်ထမ်းဆောင်ရခြင်းများ ဖြစ်ပေါ်ပါမည်။ ဩဇာအာဏာထက်မြက်ခြင်း၊ လုပ်ပိုင်ခွင့်ပိုမိုရရှိခြင်းများ ဖြစ်ပါလိမ့်မည်။ မိမိ၏လိုလားမှုမှန်သမျှ ပြည့်စုံစွာရရှိနေပါမည်။ မိမိ၏လုပ်ငန်းများတွင်လည်း စဉ်ဆက်မပြတ် အောင်မြင်မှုရရှိနေပါမည်။ အတွင်းရန် အပြင်ရန်ဟူသမျှ ကင်းစင်ပပျောက် နေရပါလိမ့်မည်။ ငွေကြေးဥစ္စာဓနများ ထူးခြားစွာတိုးတက်မှုရှိပါမည်။ တပည့်လက်အောက်ငယ်သားများက မိမိအကျိုးအတွက် အစွမ်းကုန်ကူညီဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။ အချစ်ရေးတွင် ချစ်သူအတွက် ပူပန်စိတ်မော၍ အရွယ်တူသိပ်လှသူအတွက် အလွယ်တကူ စိတ်မချရစေသော စိုးရိမ်မှုများ ဖြစ်ပေါ်ရပါလိမ့်မည်။ တစ်မျိုးအတိမ် အတွေးမမှားပါနှင့်။ အစိုးရိမ်လေးများသာဖြစ်နေကြောင်း သိသာစေရပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့တွင် ငါးသက်စေ့လွှတ်၍ ကုသိုလ်ပြုပေးပါ။

ဗုဒ္ဓဟူး

စိတ်ဓာတ်များစွာကျဆင်းနေမည်။ အရာရာတွင် ခွင့်လွှတ်သည်းခံမှုများစွာဖြင့် စိတ်ဆင်းရဲနေရပါလိမ့်မည်။ သားသမီးများ၏ အောင်မြင်မှုအလိုက် သိတတ်မှုများကြောင့် စိတ်ချမ်းမြေ့ရပါလိမ့်မည်။ မိတ်ဆွေဟန်ဆောင်၍ လိမ်လည်ကောက်ကျစ်တတ်သူများ နေအိမ်သို့ ရောက်လာတတ်ပါသည်။ အမှတ်မထင် ခရီးသွားဟန်လွှဲ ကြုံရခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ အထူးသတိထားရပါလိမ့်မည်။ အိမ်ထောင်ဖက်နှင့် အကြီးအကျယ်၊ စကားအချေအတင်ပြောဆိုရတတ်ပါသည်။ အသေးအဖွဲ့မှ အကြီးမားဆုံးအခြေအနေအထိ ဖြစ်စေတတ်ပါသည်။ အချစ်ရေးတွင် တစ်ဦးနှင့်တစ်ဦး နားလည်မှုဖြင့် လက်ခံနိုင်စရာ မျှဝေခံစားပါ။ ညှာတာမှုအဆင်းမဲ့လျှင် သာယာမှုကင်းမဲ့စေသော မုချအပြစ်မကင်းသည့် ဒုက္ခချစ်ခြင်းမျိုးသာဖြစ်စေပါလိမ့်မည်။ ဖိတ်ခေါ်ချင်မှုဖြင့် စိတ်ပျော်ရွှင်မှုဖြစ်အောင် ဖန်တီးကြည့်ပါ။
ယတြာ ။ ။ မိတ်ဆွေတစ်ဦးအား လက်ကိုင်ပဝါတစ်ထည် လက်ဆောင်ပေးလိုက်ပါ။

ကြာသပတေး

စာပေရေးသားမှုများ ထူးခြားသော အတွေးအခေါ်ကောင်းများဖြင့် ရေးသားနိုင်ခွင့်ရှိနေမည်။ ဌာနဆိုင်ရာအတွင်း အထက်လူကြီးများ၏ ယုံကြည်အားထားမှုခံစားရပါမည်။ ခင်မင်ရင်းနှီးသောမိတ်ဆွေများ၏ ဆိုးခြင်း၊ ကောင်းခြင်း သတင်းများကြားသိရပါလိမ့်မည်။ ကိုယ်ခန္ဓာကျန်းမာသန်စွမ်း၍ စိတ်သွားတိုင်းကိုယ်ပါပြီး စိတ်ချမ်းသာမှုများ ခံစားရပါမည်။ အတွေးအခေါ် အယူအဆကောင်းများ၊ အကြံဉာဏ်ကောင်းများဖြင့် အများ၏အကျိုးအတွက် ကူညီဖြေရှင်းပေးရခြင်းများပြုလုပ်ဖြစ်မည်။ အချစ်ရေးတွင် စေစားရာစိတ်အပျော်ရှိစေခြင်းအတွက် ဝေဝါးစွာဖိတ်ခေါ်မိစေသည့် နောက်ပြောင်မှုမျိုးမပြုမိပါစေနှင့်။ အပျော်လွန်မေတ္တာအခင်းသည် အဖော်မွန်ဖြစ်လာခြင်းအတွက် မည်သို့မျှ အထောက်အကူမဖြစ်နိုင်ကြောင်း သတိပြုပါ။
ယတြာ ။ ။ မွေးနေ့နံနက်တွင် ကံ့ကော်ပန်း သို့မဟုတ် ကံ့ကော်ညွန့် ကပ်လှူပေးပါ။

သောကြာ

ဝန်ထမ်းများ ရာထူးတိုးမည်။ ပိုမိုများပြားသော တာဝန်ထမ်းဆောင်ရခြင်းမျိုး ပြုရပါလိမ့်မည်။ လူမျိုးခြားများထံမှ ကူညီမှုများစွာ ရရှိပါလိမ့်မည်။ အတူနေသူအချင်းချင်း အဆင်မပြေမှုများဖြစ်စေတတ်ပါသည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေကောင်းများ၊ ခင်မင်ရင်းနှီးသူများကြောင့် နေရာထိုင်ခင်းနှင့် အလုပ်အကိုင်ကောင်းများ ရရှိပါလိမ့်မည်။ ကျန်းမာရေးအားနည်းမှုရှိနေတတ်သည်။ မျှမျှတတဖြင့် အုပ်စုလိုက် လုပ်ကိုင်ရသော စီးပွားရေးလုပ်ငန်းများ အဆင်ပြေပါလိမ့်မည်။ မြို့ဟောင်း၊ နေရာဟောင်းများသို့ သွားရောက်လည်ပတ်ရတတ်သည်။ အချစ်ရေးတွင် တစ်ခါတစ်ရံ၌ ကဗျာဆန်ချင်သော မိမိ၏စိတ်အပေါ်တွင် နားလည်ရခက်ခဲနေသကဲ့သို့ စိတ်နှင့်လူမအားဖြစ်၍ တစ်အားချစ်နေမိသော ခံစားမှုအပေါ်တွင် အဓိပ္ပာယ်မဲ့နေမိပါလိမ့်မည်။
ယတြာ ။ ။ မွေးနေ့တွင် ကျန်းမာရေးမကောင်းသူတစ်ဦးအား ဆေးဝါးဒါနပြုပေးပါ။

စနေ

ရရန်ရှိသောငွေကြေးများလည်း အလွယ်တကူ ပြန်၍ရရှိပါလိမ့်မည်။ မိတ်ဆွေအပေါင်းအသင်းများကြားတွင် မျက်နှာပွင့်ခြင်း၊ အရေးပေးခံရခြင်း၊ ဦးစားပေးခံရခြင်းများ ဖြစ်ပေါ်ပါလိမ့်မည်။ သားသမီးရတနာထွန်းကားပါလိမ့်မည်။ အိမ်အတွက် လိုအပ်နေသော ဇိမ်ခံအသုံးအဆောင်ပစ္စည်းတချို့ ဝင်လာပါလိမ့်မည်။ အိမ်မြေပိုင်ဆိုင်ခွင့်များ၊ စာချုပ်စာတမ်းများ လက်ဝယ်ပိုင်ဆိုင်ရရှိနိုင်ပါသည်။ ဗိုက်အောင့်ဗိုက်နာ အနည်းငယ်ဖြစ်ပေါ်ခြင်းမှလွဲ၍ ကျန်းမာရေးကောင်းမွန်ပါလိမ့်မည်။ အချစ်ရေးတွင် မဖြစ်ချင်သော ကံကြမ္မာ မချစ်ခင်သောသံသရာမှ လွတ်မြောက်လိုစိတ်ဖြင့် နေမြဲအရှုံးတစ်ရပ်အတွက် ဝေခွဲဆုံးဖြတ်၍ ခက်နေရစေသော တူယှဉ်လောဘစိတ်ကြောင့် ပူပင်သောက စိတ်နောက်စရာကိစ္စများ ဖြစ်နေရပါလိမ့်မည်။
ယတြာ ။ ။ ခိုငှက်ကလေးများအား အာဟာရဒါနပြုပေးပါ။

သိလိုသည်များကိုလဲ ဖုန်းဆက်၍ စုံစမ်းမေးမြန်းနိုင်ပါတယ်၊
ဒေါက်တာလင်းမြတ်သူ ( 09 253817608 )

Zawgyi

မတ္လ ၂၆ ရက္ မွ ဧျပီလ ၁ ရက္အတြင္း ျဖစ္ေပၚလာမည့္ သင့္ကံၾကမၼာ အဆိုးအေကာင္းမ်ား

၂၆.၃.၂၀၂၀ မွ ၁.၄.၂၀၂၀ အထိ ခုႏွစ္ရက္သားသမီးမ်ား၏ တစ္ပတ္အတြင္း ကံၾကမၼာ၊ အဆိုးအေကာင္းမ်ားကို ေဖာ္ျပေပးလိုက္ပါသည္။

တနဂၤေႏြ

စပ္တူစီးပြားေရးလုပ္ငန္းမ်ားတြင္ ပူးတြဲလုပ္ကိုင္ရန္ အဆင္ေျပပါသည္။ ေငြေခ်းငွားရန္ရွိပါက ယခုကာလသည္ အေကာင္းဆုံးျဖစ္ပါသည္။ မိမိႏွင့္အတူတကြ ဆက္ဆံရသူ သို႔မဟုတ္ စီးပြားၿပိဳင္ဘက္မ်ားႏွင့္ သူ႔မာနႏွင့္ကိုယ့္မာန ထိပ္တိုက္ေတြ႕ရမည့္အခ်ိန္မ်ိဳးျဖစ္ပါသည္။ မိမိ၏အိမ္ေထာင္ဖက္ႏွင့္ စိတ္ေနသေဘာထားတိုက္ဆိုင္မႈ ရွိေနပါလိမ့္မည္။ မေတာ္တဆ ထိခိုက္မႈမ်ိဳးရွိေစတတ္ပါသည္။ မထင္မွတ္ေသာ အနာေရာဂါမ်ားလည္း ေပၚလာတတ္သည္။ မေကာင္းမႈမွန္းသိပါလ်က္ႏွင့္ က်ဴးလြန္မိျခင္းမ်ိဳး ျဖစ္ေစတတ္ပါသည္။ အခ်စ္ေရးတြင္ မလိုသူေခ်ာက္တြန္း၍ ႏွစ္ကိုယ္တူ တစ္ေယာက္တစ္ခြန္းျဖင့္ ျပႆနာရွင္းရျခင္းမ်ား ႀကဳံရပါလိမ့္မည္။ အျမင္၊ အၾကား၊ အသိ၊ အေတြ႕ျဖင့္ အထင္အရွားမရွိသေ႐ြ႕ ေဘးလူေျပာစကားျဖင့္ ေတြးပူေဒါပြမျဖစ္လိုက္ပါႏွင့္။ အရွိႏွင့္ အသြင္အျပင္ေပၚတြင္ သတိႏွင့္ဆင္ျခင္၍ ပူးေပါင္းႏိုင္ရန္သာလိုပါလိမ့္မည္။
ယၾတာ။ ။ အိမ္ကဘုရားတြင္ သီးေမႊးငွက္ေပ်ာသီး ကပ္လႉေပးပါ။

တနလၤာ

တစ္ေနရာမွတစ္ေနရာသို႔ ေျပာင္းေ႐ႊ႕ေနထိုင္ျပဳမူရတတ္ပါသည္။ အာ႐ုံေၾကာဆိုင္ရာ ေဝဒနာမ်ား ခံစားရတတ္သည္။ ေမြးရပ္ေျမေဒသမ်ားဆီသို႔ ေခတၱလည္ပတ္ခြင့္ႀကဳံရပါလိမ့္မည္။ မိမိအေပၚတြင္ မလိုသူမ်ား၊ အထက္လူႀကီးမ်ားႏွင့္ ပတ္သက္၍ ႏွလုံးစိတ္ဝမ္းမၿငိမ္းခ်မ္းပါဘဲ ျဖစ္ေနမည္။ ျမင့္ေသာေနရာ သို႔မဟုတ္ တြင္းအနိမ့္ထဲသို႔ မေတာ္တဆျပဳတ္က်မႈျဖစ္တတ္သည္။ အိမ္ေထာင္ဖက္၏ ဩဇာလႊမ္းမိုးျခင္း ခံရပါလိမ့္မည္။ အေရးႀကီးေသာဆုံးျဖတ္ခ်က္မ်ားအတြက္ အိမ္ေထာင္ဖက္၏ အျမင္၊ အယူအဆမ်ားကို ဦးစားေပး၍ လက္ခံမႈျပဳေပးရတတ္သည္။ အခ်စ္ေရးႏွင့္ပတ္သက္ပါလွ်င္၊ အယူအဆတူစြာျဖင့္ အတူတကြပ်ဴငွာစြာ ဆက္ဆံႏိုင္သူမ်ိဳးျဖင့္သာ လက္တြဲစိတ္ျဖင့္ ေမွ်ာ္လင့္ေနမိပါလိမ့္မည္။
ယၾတာ ။ ။ ကေလးတစ္ဦးအား အနီေရာင္ေဘာပင္တစ္ေခ်ာင္း လက္ေဆာင္ေပးလိုက္ပါ။

အဂၤါ

ရာထူးတိုးျခင္းႏွင့္ နယ္ေျမသစ္မ်ားတြင္ တာဝန္ထမ္းေဆာင္ရျခင္းမ်ား ျဖစ္ေပၚပါမည္။ ဩဇာအာဏာထက္ျမက္ျခင္း၊ လုပ္ပိုင္ခြင့္ပိုမိုရရွိျခင္းမ်ား ျဖစ္ပါလိမ့္မည္။ မိမိ၏လိုလားမႈမွန္သမွ် ျပည့္စုံစြာရရွိေနပါမည္။ မိမိ၏လုပ္ငန္းမ်ားတြင္လည္း စဥ္ဆက္မျပတ္ ေအာင္ျမင္မႈရရွိေနပါမည္။ အတြင္းရန္ အျပင္ရန္ဟူသမွ် ကင္းစင္ပေပ်ာက္ ေနရပါလိမ့္မည္။ ေငြေၾကးဥစၥာဓနမ်ား ထူးျခားစြာတိုးတက္မႈရွိပါမည္။ တပည့္လက္ေအာက္ငယ္သားမ်ားက မိမိအက်ိဳးအတြက္ အစြမ္းကုန္ကူညီေဆာင္႐ြက္ေပးၾကမည္ျဖစ္ပါသည္။ အခ်စ္ေရးတြင္ ခ်စ္သူအတြက္ ပူပန္စိတ္ေမာ၍ အ႐ြယ္တူသိပ္လွသူအတြက္ အလြယ္တကူ စိတ္မခ်ရေစေသာ စိုးရိမ္မႈမ်ား ျဖစ္ေပၚရပါလိမ့္မည္။ တစ္မ်ိဳးအတိမ္ အေတြးမမွားပါနွင့္။ အစိုးရိမ္ေလးမ်ားသာျဖစ္ေနေၾကာင္း သိသာေစရပါလိမ့္မည္။
ယၾတာ ။ ။ ေမြးေန႔တြင္ ငါးသက္ေစ့လႊတ္၍ ကုသိုလ္ျပဳေပးပါ။

ဗုဒၶဟူး

စိတ္ဓာတ္မ်ားစြာက်ဆင္းေနမည္။ အရာရာတြင္ ခြင့္လႊတ္သည္းခံမႈမ်ားစြာျဖင့္ စိတ္ဆင္းရဲေနရပါလိမ့္မည္။ သားသမီးမ်ား၏ ေအာင္ျမင္မႈအလိုက္ သိတတ္မႈမ်ားေၾကာင့္ စိတ္ခ်မ္းေျမ့ရပါလိမ့္မည္။ မိတ္ေဆြဟန္ေဆာင္၍ လိမ္လည္ေကာက္က်စ္တတ္သူမ်ား ေနအိမ္သို႔ ေရာက္လာတတ္ပါသည္။ အမွတ္မထင္ ခရီးသြားဟန္လႊဲ ႀကဳံရျခင္းမ်ိဳးလည္း ျဖစ္ႏိုင္ပါသည္။ အထူးသတိထားရပါလိမ့္မည္။ အိမ္ေထာင္ဖက္ႏွင့္ အႀကီးအက်ယ္၊ စကားအေခ်အတင္ေျပာဆိုရတတ္ပါသည္။ အေသးအဖြဲ႕မွ အႀကီးမားဆုံးအေျခအေနအထိ ျဖစ္ေစတတ္ပါသည္။ အခ်စ္ေရးတြင္ တစ္ဦးႏွင့္တစ္ဦး နားလည္မႈျဖင့္ လက္ခံႏိုင္စရာ မွ်ေဝခံစားပါ။ ညႇာတာမႈအဆင္းမဲ့လွ်င္ သာယာမႈကင္းမဲ့ေစေသာ မုခ်အျပစ္မကင္းသည့္ ဒုကၡခ်စ္ျခင္းမ်ိဳးသာျဖစ္ေစပါလိမ့္မည္။ ဖိတ္ေခၚခ်င္မႈျဖင့္ စိတ္ေပ်ာ္႐ႊင္မႈျဖစ္ေအာင္ ဖန္တီးၾကည့္ပါ။
ယၾတာ ။ ။ မိတ္ေဆြတစ္ဦးအား လက္ကိုင္ပဝါတစ္ထည္ လက္ေဆာင္ေပးလိုက္ပါ။

ၾကာသပေတး

စာေပေရးသားမႈမ်ား ထူးျခားေသာ အေတြးအေခၚေကာင္းမ်ားျဖင့္ ေရးသားႏိုင္ခြင့္ရွိေနမည္။ ဌာနဆိုင္ရာအတြင္း အထက္လူႀကီးမ်ား၏ ယုံၾကည္အားထားမႈခံစားရပါမည္။ ခင္မင္ရင္းႏွီးေသာမိတ္ေဆြမ်ား၏ ဆိုးျခင္း၊ ေကာင္းျခင္း သတင္းမ်ားၾကားသိရပါလိမ့္မည္။ ကိုယ္ခႏၶာက်န္းမာသန္စြမ္း၍ စိတ္သြားတိုင္းကိုယ္ပါၿပီး စိတ္ခ်မ္းသာမႈမ်ား ခံစားရပါမည္။ အေတြးအေခၚ အယူအဆေကာင္းမ်ား၊ အႀကံဉာဏ္ေကာင္းမ်ားျဖင့္ အမ်ား၏အက်ိဳးအတြက္ ကူညီေျဖရွင္းေပးရျခင္းမ်ားျပဳလုပ္ျဖစ္မည္။ အခ်စ္ေရးတြင္ ေစစားရာစိတ္အေပ်ာ္ရွိေစျခင္းအတြက္ ေဝဝါးစြာဖိတ္ေခၚမိေစသည့္ ေနာက္ေျပာင္မႈမ်ိဳးမျပဳမိပါေစႏွင့္။ အေပ်ာ္လြန္ေမတၱာအခင္းသည္ အေဖာ္မြန္ျဖစ္လာျခင္းအတြက္ မည္သို႔မွ် အေထာက္အကူမျဖစ္ႏိုင္ေၾကာင္း သတိျပဳပါ။
ယၾတာ ။ ။ ေမြးေန႔နံနက္တြင္ ကံ့ေကာ္ပန္း သို႔မဟုတ္ ကံ့ေကာ္ၫြန႔္ ကပ္လႉေပးပါ။

ေသာၾကာ

ဝန္ထမ္းမ်ား ရာထူးတိုးမည္။ ပိုမိုမ်ားျပားေသာ တာဝန္ထမ္းေဆာင္ရျခင္းမ်ိဳး ျပဳရပါလိမ့္မည္။ လူမ်ိဳးျခားမ်ားထံမွ ကူညီမႈမ်ားစြာ ရရွိပါလိမ့္မည္။ အတူေနသူအခ်င္းခ်င္း အဆင္မေျပမႈမ်ားျဖစ္ေစတတ္ပါသည္။ ပတ္ဝန္းက်င္မွ မိတ္ေဆြေကာင္းမ်ား၊ ခင္မင္ရင္းႏွီးသူမ်ားေၾကာင့္ ေနရာထိုင္ခင္းႏွင့္ အလုပ္အကိုင္ေကာင္းမ်ား ရရွိပါလိမ့္မည္။ က်န္းမာေရးအားနည္းမႈရွိေနတတ္သည္။ မွ်မွ်တတျဖင့္ အုပ္စုလိုက္ လုပ္ကိုင္ရေသာ စီးပြားေရးလုပ္ငန္းမ်ား အဆင္ေျပပါလိမ့္မည္။ ၿမိဳ႕ေဟာင္း၊ ေနရာေဟာင္းမ်ားသို႔ သြားေရာက္လည္ပတ္ရတတ္သည္။ အခ်စ္ေရးတြင္ တစ္ခါတစ္ရံ၌ ကဗ်ာဆန္ခ်င္ေသာ မိမိ၏စိတ္အေပၚတြင္ နားလည္ရခက္ခဲေနသကဲ့သို႔ စိတ္ႏွင့္လူမအားျဖစ္၍ တစ္အားခ်စ္ေနမိေသာ ခံစားမႈအေပၚတြင္ အဓိပၸာယ္မဲ့ေနမိပါလိမ့္မည္။
ယၾတာ ။ ။ ေမြးေန႔တြင္ က်န္းမာေရးမေကာင္းသူတစ္ဦးအား ေဆးဝါးဒါနျပဳေပးပါ။

စေန

ရရန္ရွိေသာေငြေၾကးမ်ားလည္း အလြယ္တကူ ျပန္၍ရရွိပါလိမ့္မည္။ မိတ္ေဆြအေပါင္းအသင္းမ်ားၾကားတြင္ မ်က္ႏွာပြင့္ျခင္း၊ အေရးေပးခံရျခင္း၊ ဦးစားေပးခံရျခင္းမ်ား ျဖစ္ေပၚပါလိမ့္မည္။ သားသမီးရတနာထြန္းကားပါလိမ့္မည္။ အိမ္အတြက္ လိုအပ္ေနေသာ ဇိမ္ခံအသုံးအေဆာင္ပစၥည္းတခ်ိဳ႕ ဝင္လာပါလိမ့္မည္။ အိမ္ေျမပိုင္ဆိုင္ခြင့္မ်ား၊ စာခ်ဳပ္စာတမ္းမ်ား လက္ဝယ္ပိုင္ဆိုင္ရရွိႏိုင္ပါသည္။ ဗိုက္ေအာင့္ဗိုက္နာ အနည္းငယ္ျဖစ္ေပၚျခင္းမွလြဲ၍ က်န္းမာေရးေကာင္းမြန္ပါလိမ့္မည္။ အခ်စ္ေရးတြင္ မျဖစ္ခ်င္ေသာ ကံၾကမၼာ မခ်စ္ခင္ေသာသံသရာမွ လြတ္ေျမာက္လိုစိတ္ျဖင့္ ေနၿမဲအရႈံးတစ္ရပ္အတြက္ ေဝခြဲဆုံးျဖတ္၍ ခက္ေနရေစေသာ တူယွဥ္ေလာဘစိတ္ေၾကာင့္ ပူပင္ေသာက စိတ္ေနာက္စရာကိစၥမ်ား ျဖစ္ေနရပါလိမ့္မည္။
ယၾတာ ။ ။ ခိုငွက္ကေလးမ်ားအား အာဟာရဒါနျပဳေပးပါ။

သိလိုသည္မ်ားကိုလဲ ဖုန္းဆက္၍ စုံစမ္းေမးျမန္းႏိုင္ပါတယ္၊
ေဒါက္တာလင္းျမတ္သူ ( 09 253817608 )

Yangon Trend Read 1281 times