တက္ကသိုလ်ဆက်လက်တက်ရောက်နိုင်ရန် အထက်တန်းပြီးမြောက်ကြောင်း လက်မှတ်ထုတ်ပေးမည်




ယခုနှစ်တွင် ပြောင်းလဲထားသော စနစ်အရ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူများအတွက် ထုတ်ပေးမည့် ကျောင်းတွင်းအတန်းပြီးမြောက်မှုလက်မှတ်ဖြင့် တက္ကသိုလ်သို့ တက်ရောက်နိုင်ရန် အခွင့်အလမ်းများသာမက အသက်မွေးဝမ်းကျောင်းဆိုင်ရာ တက္ကသိုလ်များသို့လည်း တက်ရောက်သင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

စာမေးပွဲစစ်ဆေးပြီးပါက သင်ယူပြီးမြောက်မှု လက်မှတ်ထုတ်ပေးမည်ဖြစ်ပြီး ကျောင်းသား/သူများအနေဖြင့် တက္ကသိုလ်ဆက်လက်တက်ရောက်လိုပါကလည်း တက်ရောက်နိုင်ရန် ၎င်းလက်မှတ်ကို ထုတ်ပေးခြင်းဖြစ်ကြောင်း သိရသည်။

၎င်းလက်မှတ်ထုတ်ပေးခြင်းမပြုမီ စာမေးပွဲစစ်ဆေးရာတွင် အချက်(၇)ချက်ဖြင့် အကဲဖြတ်လုပ်ဆောင်ရန် စီစဉ်ထားသည်ဟုလည်း သိရသည်။

ထို့အပြင် ပညာရေးဝန်ကြီးဌာနက ပညာရေးပြုပြင်ပြောင်းလဲမှု မဟာဗျူဟာ စီမံကိန်းကို ၂၀၁၆ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ရေးဆွဲထားရာ သင်ရိုးသစ်များဖြင့် သင်ကြားမှုများတွင် ကျောင်းသားဗဟိုပြုစနစ်ကို ပြောင်းလဲခဲ့ခြင်းဖြစ်သည်။

ယခင်က စာသင်ချိန်တစ်ချိန်လျှင် (၄၅) မိနစ်ဖြင့် (၁)ရက်လျှင် စာသင်ချိန် (၇) ချိန်သင်ကြားခဲ့ရာ ၂၀၁၈-၂၀၁၉ ပညာသင်နှစ်မှစ၍ စာသင်ချိန် (၁) ချိန်လျှင် မိနစ် (၄၀) ဖြင့် (၁) ရက်လျှင် စာသင်ချိန်၊ (၈) ချိန်ပြောင်းလဲလိုက်ကြောင်း၊ ပြောင်းလဲလိုက်သော စာသင်ချိန်တွင် ပန်းချီ၊ ပြည်သူ့နီတိ၊ စာရိတ္တ၊ ကာယ၊ အားကစားနှင့် ဂီတဘာသာရပ်များ သင်ကြားခဲ့ကြောင်းလည်း သိရသည်။

Credit:  မြဝတီ

(Zawgyi)

တကၠသိုလ္ဆက္လက္တက္ေရာက္ႏိုင္ရန္ အထက္တန္းၿပီးေျမာက္ေၾကာင္း လက္မွတ္ထုတ္ေပးမည္

ယခုႏွစ္တြင္ ေျပာင္းလဲထားေသာ စနစ္အရ တကၠသိုလ္ဝင္တန္း ေက်ာင္းသား/သူမ်ားအတြက္ ထုတ္ေပးမည့္ ေက်ာင္းတြင္းအတန္းၿပီးေျမာက္မႈလက္မွတ္ျဖင့္ တကၠသိုလ္သို႔ တက္ေရာက္ႏိုင္ရန္ အခြင့္အလမ္းမ်ားသာမက အသက္ေမြးဝမ္းေက်ာင္းဆိုင္ရာ တကၠသိုလ္မ်ားသို႔လည္း တက္ေရာက္သင္ၾကားႏိုင္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး ပညာေရးမႉး႐ုံးမွ တာဝန္ရွိသူတစ္ဦး၏ ေျပာျပခ်က္အရ သိရသည္။

စာေမးပြဲစစ္ေဆးၿပီးပါက သင္ယူၿပီးေျမာက္မႈ လက္မွတ္ထုတ္ေပးမည္ျဖစ္ၿပီး ေက်ာင္းသား/သူမ်ားအေနျဖင့္ တကၠသိုလ္ဆက္လက္တက္ေရာက္လိုပါကလည္း တက္ေရာက္ႏိုင္ရန္ ၎လက္မွတ္ကို ထုတ္ေပးျခင္းျဖစ္ေၾကာင္း သိရသည္။

၎လက္မွတ္ထုတ္ေပးျခင္းမျပဳမီ စာေမးပြဲစစ္ေဆးရာတြင္ အခ်က္(၇)ခ်က္ျဖင့္ အကဲျဖတ္လုပ္ေဆာင္ရန္ စီစဥ္ထားသည္ဟုလည္း သိရသည္။

ထို႔အျပင္ ပညာေရးဝန္ႀကီးဌာနက ပညာေရးျပဳျပင္ေျပာင္းလဲမႈ မဟာဗ်ဴဟာ စီမံကိန္းကို ၂၀၁၆ ခုႏွစ္မွ ၂၀၂၃ ခုႏွစ္အထိ ေရးဆြဲထားရာ သင္႐ိုးသစ္မ်ားျဖင့္ သင္ၾကားမႈမ်ားတြင္ ေက်ာင္းသားဗဟိုျပဳစနစ္ကို ေျပာင္းလဲခဲ့ျခင္းျဖစ္သည္။

ယခင္က စာသင္ခ်ိန္တစ္ခ်ိန္လွ်င္ (၄၅) မိနစ္ျဖင့္ (၁)ရက္လွ်င္ စာသင္ခ်ိန္ (၇) ခ်ိန္သင္ၾကားခဲ့ရာ ၂၀၁၈-၂၀၁၉ ပညာသင္ႏွစ္မွစ၍ စာသင္ခ်ိန္ (၁) ခ်ိန္လွ်င္ မိနစ္ (၄၀) ျဖင့္ (၁) ရက္လွ်င္ စာသင္ခ်ိန္၊ (၈) ခ်ိန္ေျပာင္းလဲလိုက္ေၾကာင္း၊ ေျပာင္းလဲလိုက္ေသာ စာသင္ခ်ိန္တြင္ ပန္းခ်ီ၊ ျပည္သူ႔နီတိ၊ စာရိတၱ၊ ကာယ၊ အားကစားႏွင့္ ဂီတဘာသာရပ္မ်ား သင္ၾကားခဲ့ေၾကာင္းလည္း သိရသည္။

Education Business Read 1638 times