COVID-19 ကပ်ရောဂါကြောင့် ခရီးစဉ်ပြေးဆွဲမှု ရပ်နားလိုက်သည့် ပြည်တွင်း/ပြည်ပ လေကြောင်းလိုင်း (၈) ခု

Ads Ads Ads

COVID-19 ကပ်ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းပြေးဆွဲနေသည့် လေကြောင်းလိုင်းအချို့၏ ပြည်ပခရီးစဉ်ပြေးဆွဲမှု ရပ်နားခြင်းနှင့် ရပ်နားမည့်အချိန်ကာလကို အများပြည်သူများသိရှိအောင် ဖော်ပြပေးလိုက်ပါသည်။

1. Thai Airways

Thai Airways လေကြောင်းလိုင်းသည် Yangon-Bangkok-Yangon ခရီးစဉ်များဖြစ်သည့် TG2301 နှင့် TG2302 (WE301/302) ခရီးစဉ်များကို ၂၀၂၀ မတ်လ (၂၉) ရက်နေ့မှစ၍ အောက်တိုဘာလ (၃၁) ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

2. Myanmar National Airlines

Myanmar National Airlines လေကြောင်းလိုင်းသည် Yangon-Bangkok-Yangon ခရီးစဉ်များဖြစ်သည့် UB-019 နှင့် UB-020 Morning Flight များကို ၂၀၂၀ မတ်လ (၂၂) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

3 & 4. Singapore Airlines & Silk Air

Singapore Airlines လေကြောင်းလိုင်းနှင့် Silk Air လေကြောင်းလိုင်းများသည် ၂၀၂၀ မတ်လ (၂၈) ရက်နေ့မှ စတင်၍ ဧပြီလ (၁၁) ရက်နေ့အထိ ပျံသန်းပြေးဆွဲမှုများကို ယာယီရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

5. Korean Air

Korean Air လေကြောင်းလိုင်းသည် ICN-RGN-ICN ခရီးစဉ်များဖြစ်သည့် KE471 နှင့် KE472 Flight များကို ၂၀၂၀ မတ်လ (၉) ရက်နေ့မှ ဧပြီလ (၂၅) ရက်နေ့အထိ ရပ်နားထားခြင်းကို ၂၀၂၀ ဧပြီလ (၃၀)ရက်နေ့အထိ ထပ်တိုးရပ်နားသွားမည်ဖြစ်ကြောင်း သိရသည်။

6. Qatar Airways

Qatar Airways လေကြောင်းလိုင်းသည် Yangon-Doha-Yangon ခရီးစဉ်များကို ၂၀၂၀ မတ်လ (၂၄-၂၆-၂၇-၂၉-၃၀-၃၁) ရက်နေ့များအပြင် ဧပြီ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ၊ မေ (၁) ရက်နေ့မှ (၃၁) ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

7. Vietnam Airlines

Vietnam Airlines လေကြောင်းလိုင်းသည် Myanmar- Vietnam ပျံသန်းပြေးဆွဲလျက်ရှိသော ခရီးစဉ်များကို ၂၀၂၀ မတ်လ (၂၂) ရက်နေ့မှစ၍ ဧပြီလ (၃၀) ရက်နေ့အထိ ရပ်နားထားထားမည်ဖြစ်ကြောင်း သိရသည်။

8. Indigo

Indigo လေကြောင်းလိုင်းသည် Kolkata-Yangon-Kolkata ခရီးစဉ်များဖြစ်သည့် (6E1398 နှင့် 6E1399) ခရီးစဉ်များကို ၂၀၂၀ မတ်လ (၂၂) ရက်နေ့ မှ ဧပြီလ (၁) ရက်နေ့အထိ ရပ်နားထားမည်ဖြစ်ကြောင်း သိရသည်။

Source: Columbus Travels Myanmar

Business Health & Wellness Read 1014 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021