စိတ်ဓာတ်ခွန်အားကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မယ့် စာအုပ် (၄) အုပ်




By WMMH (Mizzy)

အားလပ်ရက်မှာ ဘယ်မှမသွားဘဲ စာအုပ်တစ်အုပ်နဲ့ အိမ်တွင်းပုန်းချင်သူတွေ၊ စိတ်ဓာတ်ခွန်အား လိုအပ်နေသူတွေအတွက် ဒီတစ်ပတ်မှာတော့ စိတ်ဓာတ်ခွန်အားကို အကောင်းဆုံး မြှင့်တင်ပေးနိုင်မယ့် စာအုပ် (၄) အုပ်ကို ဖော်ပြပေးသွားချင်ပါတယ်။

၁။ အချိန်တစ်ခု၌ ရပ်တန့်နေခဲ့ကြသူများ
    စာရေးသူ - သက်တန့် (မေရီ)


ဒီစာအုပ်ကတော့ မသိဆိုင်ရာ ဆောင်းပါးများစွာကို စုစည်းရေးသားထားတဲ့ စာအုပ်ကောင်း တစ်အုပ် ဖြစ်ပါတယ်။ ကလေးဘဝက စိတ်ဒဏ်ရာတွေကြောင့် အရွယ်ရောက်တဲ့အထိ ပြုလုပ်နေမိတဲ့ မှားယွင်းတဲ့ အပြုအမူတွေကို ဘယ်လိုပြန်ကုစားသင့်တယ်၊ ကိုယ့်မသိစိတ်က ဘာကိုအလိုမကျဖြစ်နေပြီး ဘာကိုတော့ အလိုရှိတယ် စသဖြင့် သိရှိလာအောင် တွေးတောကြံဆပေးထားလို့ မသိစိတ်ကြောင့် စမ်းတဝါးဝါး လမ်းပျောက်နေသူများ ဖတ်ရှုသင့်ပါတယ်နော်။

၂။ ငါ့အတွက် ငါရှိတယ်
    စာရေးသူ - လင်းရောင်စင်


ဒီစာအုပ်လေးက ဆုံးမစာ မဟုတ်သလို ပညာပေးစာအုပ်လည်း မဟုတ်ပါဘူး။ "ငါ့အတွက်ငါရှိတယ်"ဆိုတဲ့ စာအုပ်ခေါင်းစဉ်အတိုင်းပဲ စိတ်ဓာတ်ကျနေတဲ့အချိန်၊ ကိုယ်ကျဆုံးနေတဲ့အချိန်တွေမှာ စိတ်ဓာတ်ခွန်အား ရစေမယ့် စာအုပ်လေး ဖြစ်ပါတယ်။ ဘဝမှာ ကိုယ့်အားကိုယ်ကိုးပြီး ရုန်းကန်ရှင်သန်နေကြရတဲ့သူတွေ၊ ကိုယ့်ဘဝကိုယ်ကျောင်း ကိုယ့်အားကိုယ်ကိုးပြီး ဘဝခရီးကို စတင် လျှောက်လှမ်းရတော့မယ့် သူတွေအတွက် ကြုံရမယ့်ပြဿနာတွေ၊ အခက်အခဲတွေကို စာရေးသူက သူ့ဘဝခရီးလမ်းနဲ့ယှဉ်ပြီး ဘာတွေ ပြုလုပ်သင့်တယ်၊ ဘယ်အရာလေးတွေရှောင်ရမယ်၊ ဘာတွေကိုတော့ လက်ကိုင်စွဲထားရမယ် စတာတွေကို ရင်ဖွင့်ပြောပြထားတဲ့ စာအုပ်လေးဖြစ်လို့ ဖတ်လိုက်တိုင်း ကိုယ့်အနားမှာ ရင်ဖွင့်ဖော်တစ်ယောက် ရှိနေသလို ခံစားနိုင်မယ့် စာအုပ်လေး ဖြစ်ပါတယ်။

၃။ ကိုယ်တိုင်သိရှိ သွားမှု
    စာရေးသူ - ဇာဏ်ခီ


ဒီစာအုပ်လေးကတော့ ဇာဏ်ခီရဲ့ ပထမဆုံး ထွက်ရှိထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ စာအုပ်နာမည်လေးအတိုင်း စာရေးသူရဲ့ ဘ၀ ဖြတ်သန်းလာမှုတွေထဲကမှ ကိုယ်ပိုင်အတွေ့အကြုံတွေ၊ သာသာရေးဆိုင်ရာ ဆောင်းပါးလေးတွေ၊ ဘဝပေး အသိပညာတွေ၊ international ဗဟုသုတွေ၊ လူမှုအဖွဲ့ အစည်းနဲ့ ပတ်သက်တာလေးတွေကို အတွေးအခါ်ကောင်းတွေနဲ့ မျှဝေထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။  ပါဝင်တဲ့ ဆောင်းပါတွေကတော့ Essay မတိုမရှည် (၁၈) ပုဒ်အပြင် short quotes လေးတွေနဲ့ပါ ဒီစာအုပ်လေးထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

၄။ စိတ်အာဟာရအတွေးလက်ဆောင်စာစုများ-၂
    စာရေးသူ - ဖြိုးသုတ


ဒီစာအုပ်လေးကတော့ အခန်းတစ်ခုချင်းစီမှာ တွေးစရာတွေ၊ မှတ်သားစရာစာစုတွေ စုစည်းတင်ပြထားတဲ့ စာအုပ်လေး ဖြစ်ပါတယ်။ စာအုပ်လေးထဲမှာတော့ ဒေါသစိတ်တွေကို ဘယ်လိုမျိုး လျှော့ချသင့်ကြောင်း၊ ကိုယ့်ရဲ့ စိတ်ကို ဘယ်လိုမျိုးထားသင့်ကြောင်း စတာတွေကို အသေးစိတ်ကျကျ ဖော်ပြထားတဲ့အပြင် တခြားသော အမြင်မတူတဲ့ တွေးစရာ စာစုလေးတွေကို အချက်ကျကျနဲ့ ရင်ထဲစွဲအောင် ရေးသားထားတဲ့ သုတစာအုပ်ကောင်းတစ်အုပ် ဖြစ်ပါတယ်။

Source From ...

>> Treasure For You 

>> Youth Center (YC)

<< Back
Life Style Yangon Trend Read 251 times

Featured categories

All categories