ဒီလအတွက် လူကြိုက်အများဆုံး စာအုပ် (၁၀) အုပ်

Ads Ads Ads

By WMMH (Mizzy)

“ စာအုပ်စာပေ လူ့မိတ်ဆွေ “ ဆိုတဲ့အတိုင်း စာဖတ်ခြင်းဟာ စိတ်ရဲ့ အဟာရကို ပြည့်ဝစေတဲ့ အလေ့အကျင့်ကောင်းတစ်ခု ဖြစ်ပါတယ်။ တစ်လမှာ စာအုပ်တစ်အုပ်လောက် ပုံမှန်ဖတ်ပေးခြင်းဟာ စိတ်တည်ငြိမ်စေပြီး အာရုံစူးစိုက်မှု အားကောင်းစေတဲ့အပြင် ကောင်းမွန်တဲ့ အတွေးအခေါ် အယူအဆများစွာကို ယူဆောင်ပေးနိုင်ပါတယ်။
ဒီတစ်ခါမှာတော့ ဇွန်လ ၂၈ ရက်နေ့ကနေ ဇူလိုင် ၄ ရက်နေ့အတွင်း ဖတ်ရှုသူအများဆုံး ဖြစ်ခဲ့တဲ့ စာအုပ် (၁၀) အုပ်ကို အက္ခရာ အစီအစဥ်အတိုင်း ဖော်ပြပေးသွားချင်ပါတယ်။

၁။ စင်ကာပူနိုင်ငံ၏ ဒုတိယမြောက် ဝန်ကြီးချုပ် ဂိုချောက်တောင် အတ္ထုပ္ပတ္တိ
    

   စာရေးသူ        - ကိုအောင်(မြောက်ဦး)
      ဈေနှုန်း        - ၆,၀၀၀ ကျပ်
အကြောင်းအရာ - Tall Order: The Goh Chok Tong Story (Volume 1) စာအုပ်ကို ဘာသာပြန်ဆိုထားတာ ဖြစ်ပြီး စင်ကာပူနိုင်ငံကို ဟန်ချက်မပျက်စေဘဲ အရှိန်မြှင့်စေခဲ့သူ၊ ဒုတိယမြောက် ဝန်ကြီးချုပ် ဂိုချောက်တောင်ရဲ့ ငယ်ဘဝ၊ တိုင်းပြည် ခေါင်းဆောင်နေရာ ထိုက်တန်စွာ ရလာအောင် အရည်အသွေး မြှင့်တင်ခဲ့ပုံ၊ စင်ကာပူနိုင်ငံရဲ့ ထူးခြားတဲ့ နိုင်ငံရေးစနစ်နဲ့ သူရဲ့ နိုင်ငံရေးဘဝ ဖြတ်သန်းမှုများကို  အသေးစိတ် မှတ်တမ်းတင် ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။


၂။ ဆီးချိုရောဂါ 


   စာရေးသူ        - ဒေါက်တာခင်မောင်လွင် (FAME)
   ဈေနှုန်း           - ၁၅,၀၀၀ ကျပ်
အကြောင်းအရာ - ဆီးချိုရောဂါနှင့် ပတ်သက်တဲ့ အခြေခံ ဗဟုသုတတွေ၊ ဆီးချိုလက္ခဏာများနဲ့ ကုသပုံ ကုသနည်းများ အားလုံးကို စုံစုံလင်လင် ဖော်ပြပေးထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

၃။ တကယ်မရှိသော နှစ်များ


    စာရေးသူ         - အောင်ခင်မြင့်
        ဈေးနှုန်း        - ၂,၀၀၀ ကျပ်
   အကြောင်းအရာ - ဘဝရဲ့ ဒဿနများ၊ လူတွေမမြင်နိုင်ခဲ့တဲ့ လောကရဲ့ တည်ရှိမှုများကို ရသစုံစွာ ရေးဖွဲ့ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

၄။ မှန်ရာကိုသစ္စာဆိုပါမည် ICJ ဆီ… 


 စာရေးသူ         - ဒေါက်တာ အရှင်သောဘိတ
      ဈေးနှုန်း      - ၁၀,၀၀၀ ကျပ်
အကြောင်းအရာ - ရဟန်းတော် တစ်ပါးအနေနဲ့ နိုင်ငံတကာခုံရုံး (ICJ) မှာ ကိုယ်တိုင်ကိုယ်ကျ သွားရောက် နားထောင်ခဲ့တဲ့ မြင်သမျှ၊ ကြားသမျှ၊ သိသမျတွေကို အတွေးနဲ့တင် မဟုတ်ဘဲ၊ လက်တွေ့ကျကျ ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

၅။ လောကသားတို့အတွက် မြတ်ဗုဒ္ဓ၏ ကြိုးပမ်းချက် (ဒုတိယတွဲ) 


    စာရေးသူ         - ဒေါက်တာဘဒ္ဒန္တနနဒမာလာဘိဝံသ
        ဈေးနှုန်း       - ၁၀,၀၀၀ ကျပ်
အကြောင်းအရာ  - ဘုရားရှင်က ဖွားမြင်တော်မူတဲ့ အချိန်က စပြီး ပရိနိဗ္ဗာန်စံဝင်တဲ့အထိ ၄၅ဝါ ကာလပတ်လုံး လောကသားတို့ ကောင်းကျိုးအတွက် မနားမနေ ကြိုးပမ်း ဆောင်ရွက်ခဲ့ပုံများကို ပိဋကတ်သုံးသွယ်၊ နိကာယ်ငါးရပ်တို့မှ ထုတ်နုတ်ကာ ပါမောက္ခချုပ် ဆရာတော်ကြီးမှ ဟောကြားပေးထားတဲ့ တရားတော်ကြီး ဖြစ်ပါတယ်။

၆။ ဝူဟန်ဒီုင်ယာရီ ကွာရန်တင်းဝင်မြို့ကြီးတစ်မြို့မှပေးစာများ 


     စာရေးသူ       - ဟိန်းလတ်
    ဈေးနှုန်း          - ၅,၀၀၀ ကျပ်
အကြောင်းအရာ - ဒီစာအုပ်ကတော့ တရုတ်ပြည်အပါအဝင် တစ်ကမ္ဘာလုံးက စိတ်ဝင်တစား ရှိကြတဲ့ စာအုပ်ဖြစ်ပါတယ်။ ဘာသာပေါင်းစုံကို ပြန်ဆိုနေကြတဲ့ စာအုပ်ပါ။ မြန်မာပြည်မှာလည်း ဆရာနှစ်ဦးက ဘာသာပြန်ဆိုထားပါတယ်။ ဒီစာအုပ်ကတော့ စာရေးဆရာ ဟိန်းလတ် ဘာသာပြန်ဆိုထားတဲ့ စာအုပ် ဖြစ်ပါတယ်။

၇။ အပေးနဲ့အယူ 

   

    စာရေးသူ         - ကျော်သူ
    ဈေးနှုန်း           - ၃,၀၀၀ ကျပ်
အကြောင်းအရာ   - ဒီစာအုပ်လေးထဲမှာတော့ မင်းသားကြီး ဦးကျော်သူက သူ့ဘဝတစ်သက်တာမှာ ကြုံတွေ့ခဲ့ရသမျှကို အခြေခံပြီး အပေးအယူမျှတဖို့ ကိုယ့်ဘက်က ဘာတွေလုပ်ရမလဲ၊ ဘာတွေပြောရမလဲ၊ ဘာတွေပြင်ဆင်ရမလဲ ဆိုတာတွေကို သီကုံးရေးဖွဲ့ထားတဲ့ ဘဝဒဿ အတွေးအခေါ်  စာအုပ်လေးပဲ ဖြစ်ပါတယ်။

၈။ Facebook ကြော်ငြာချိန်နည်း ၁၀၀ 

    စာရေးသူ         - ကိုသူရ(MOE)
    ဈေးနှုန်း          - ၂၀,၀၀၀ ကျပ်
အကြောင်းအရာ - ဒီစာအုပ်ကတော့ Online Business စတင်ချင်သူတွေ အတွက် Facebook မှာ ကြော်ငြာပစ်တဲ့အခါ ဘယ် Product ဆိုရင်တော့ ဘယ်လို Campaign နဲ့ ပစ်သင့်တယ်၊ ဘာတွေသတိထားသင့်တယ် စသဖြင့် Facebook Ads အတွက် သိမှတ်ဖွယ်ရာ အဖြာဖြာကို ထုတ်နုတ်ရေးသားထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

၉။ Midnight Blue 


 စာရေးသူ         - မယ်လွင့်
    ဈေးနှုန်း          - ၂,၅၀၀ ကျပ်
အကြောင်းအရာ - ဒီစာအုပ်လေးကတော့ ဘ၀မှာ ဘာကြောင့် အသက်ရှင် နေထိုင်နေရသေးတာလဲ ဆိုတဲ့ မေးခွန်းထုတ်မှုတွေ၊ လူတစ်ယောက်ရဲ့ အတွင်းထဲက မကွယ်မဝှက်တမ်း ခံစားချက်တွေ၊ လူတစ်ယောက် (သို့မဟုတ်) အမျိုးသမီးတစ်ယောက်ရဲ့  ချစ်ခြင်းမေတ္တာအပေါ်  ထားတဲ့အမြင်တွေကို ခံစားရမယ့် စာအုပ်လေးပဲ ဖြစ်ပါတယ်။

၁၀။ Psycho Software 


      စာရေးသူ         - သိုးဆောင်း
      ဈေးနှုန်း           - ၃,၀၀၀ ကျပ်
   အကြောင်းအရာ  - ဒီစာအုပ်လေးကတော့ လူတွေဟာ မွေးဖွားကတည်းက စာအုပ်တစ်အုပ်နဲ့အတူ လောကထဲရောက်လာခဲ့ပေမယ့် အဲ့ဒီစာအုပ်ကို လူတို့က မပိုင်ဆိုင်အကြောင်း၊ စာအုပ်ကသာ လူတွေကို ပိုင်တာဖြစ်ကြောင်း စဖြင့် စိတ်ပညာနွယ်ကာ အတွေးအခေါ်ဆန်ဆန် ရေးဖွဲ့ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။

စာအုပ်ဝယ်ယူရရှိနိုင်မယ့် လိပ်စာနဲ့ ဖုန်းနံပါတ်များကို အောက်ပါလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://bit.ly/39lUl0t

(အထက်ဖော်ပြပါ စာအုပ်များသည် စာပေလောက တစ်ဆိုင်ထဲ၏ ရောင်းအားအကောင်းဆုံး စာအုပ်များကို စုစည်းထားခြင်း ဖြစ်သည်။)

Yangon Trend Read 255 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021