Careers & Jobs

ဖုန်းဘက်ထရီကို ကြာကြာခံအောင် ဘာတွေလုပ်သင့်လဲ

Read 866 times

By - WMMH (Mizzy)

နည်းပညာတွေ တိုးတက်လာတာနဲ့မျှ Smart Phone တွေဟာလည်း Camera ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေ၊ CPU တွေ၊ Processor ၊ Screen Display နဲ့  Selfie Camera စတာတွေအပြင် Pop up, Notch စသဖြင့် တိုးတက်မှုအများကြီးကို တွေ့မြင်လာရပါတယ်။
ဒါပေမယ့် Battery မှာတော့ ဖုန်းရဲ့ တစ်ခြား အစိတ်အပိုင်းတွေလောက် တိုးတက်မှု သိပ်မရှိတာ တွေ့ရပါတယ်။
မနက်ပိုင်း အလုပ်သွားတဲ့အခါ၊ ကျောင်းသွားတဲ့အခါ ဖုန်းအားအပြည့် သွင်းသွားပေမယ့် တစ်နေကုန် Facebook သုံး၊ ဖုန်းပြော၊ You tube ကြည့်ပြီး ညနေပိုင်းရောက်ရင် ဖုန်းအား တော်တော်လေး လျော့နည်းသွားတာမျိုး လူတိုင်း ဖြစ်ဖူးကြမယ်ထင်ပါတယ်။

ဒါဆိုရင် Battery ကြာကြာခံဖို့ ဘာတွေ လုပ်သင့်သလဲ?

၁။ Auto-Brightness မထားပါနဲ့။

Screen Display ဟာ Battery အကုန်များရတဲ့ အချက်တွေထဲ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တော်တော်များများက ဖုန်း Screen Display ကို Auto ပဲ ထားတတ်ကြပါတယ်။ Auto Brightness က ပုံမှန်ထက် ပိုပြီးအလင်းရောင် များတဲ့အချိန်တွေဆို ဖုန်းအလင်းကို အဆုံးထိ ချဲ့ပေးပြီး၊ သာမန်ထက် ပိုမှောင်တဲ့ နေရာရောက်ရင်လည်း တော်တော်လေး အမှောင်ချပေးခဲ့တာမျိုး ပြုလုပ်ပေးတာဖြစ်လို့ ကိုယ်လိုအပ်သလောက်ပဲ အလင်းရောင်ကို ထားနိုင်ဖို့ Auto Brightness ကို တတ်နိုင်ရင် မသုံးတာ ကောင်းပါတယ်။

၂။ Background App တွေကို Clear လုပ်ပေးပါ။

ကိုယ် နေ့တိုင်းအသုံးပြုနေကြ App တွေဖြစ်တဲ့ Facebook, Messenger, Instagram, Utube နဲ့ Viber စတာတွေလောက်ပဲ Background မှာ ထားပြီး တစ်ခြား မေ့လောက်တဲ့အထိ မသုံးတော့တဲ့ App မျိုးတွေကို Clear လုပ်ပေးပါ။ ဒီနေရာမှာ တစ်ခုရှိတာက Facebook လို App မျိုးကို Screen Clear, Cache Clear သွားလုပ်မိရင် ကိုယ်ပြန်သုံးတဲ့အခါ Facebook က အစကနေ ပြန် Run ရပါတယ်။
ဒီလိုအချိန်မျိုးဆိုရင် ဖုန်းရဲ့ Battery က သာမန်ထက် ပို အလုပ်လုပ်ရပြီး အကုန်ပိုမြန်စေပါတယ်။ ဒါကြောင့် ကိုယ် မလိုအပ်တဲ့ App တွေလောက်ပဲ Clear လုပ်ပေးတာက Battery ကို အတိုင်းအတာတစ်ခုအထိ ကြာရှည်အသုံးခံစေမှာပါ။

၃။ Vibrate Mode ကို ပိတ်ထားပေးပါ။

Vibration က သာမန် ဖုန်း Ringtone ထက် Battery ပိုသုံးရတာကြောင့် တစ်နေကုန် Vibrate Mode လုပ်ထားမိတဲ့အခါ ရေရေရာရာ အသုံးပြုရတာမျိုး မရှိဘဲ ဖုန်းအားလျော့သွားတာမျိုး ဖြစ်တတ်ပါတယ်။ မဖြစ်မနေ ဖုန်းအသံတိုးထားရမယ်ဆိုရင်လည်း vibrate မပါတဲ့  completely silent mode ကို ပြောင်းထားလို့ ရပါတယ်။

၄။ Wifi , Bluetooth , GPS , Data စတာတွေကို တတ်နိုင်သလောက် ပိတ်ထားပေးပါ။

ဒီ Function လေးတွေက သာမန်အချိန်ဆို Battery မှာ အများကြီး မသက်ရောက်ပေမယ့် စုံပြီး ဖွင့်လိုက်မိတဲ့အခါ သာမန်ထက်ပိုပြီး အားကုန်လာတတ်တာမို့ မလိုအပ်ဘူးဆိုရင်တော့ ပိတ်ထားဖို့ အကြံပြုချင်ပါတယ်။

၅။ Live Wallpaper နဲ့ Translation များတဲ့ Theme တွေကို ရှောင်ပါ။

Live wallpaper တွေက ကြည့်ရတာ လှပေမယ့် Battery အရမ်းစားတဲ့ထဲမှာ ပါပါတယ်။ Live Wallpaper တွေဟာ Display မှာ လှုပ်ရမ်းဖို့ Background မှာ အများကြီး Run ရတာမျိုးပါ။ ဒါ့ကြောင့် ကိုယ် မသုံးလည်းရတယ် ဆိုရင်တော့ Live Wallpaper ကို မသုံးဖို့ အကြံပြုလိုပါတယ်။

၆။ Application တွေကို ပုံမှန် update လုပ်ပေးပါ။

တစ်ချို့ Application တွေဟာ Version မြင့်လာတာနဲ့အမျှ Battery စား သက်သာစေတဲ့ စနစ်တွေ၊ Battery Error ကို Fix လုပ်ပေးနိုင်တဲ့ စနစ်တွေ ပါလာပါတယ်။ ဒါ့ကြောင့် ပုံမှန် Update လုပ်ပေးခြင်းက သင့်ဖုန်းကို Battery Error အပြင် Battery အလျင်အမြန် ကုန်ဆုံးရခြင်းကိုလည်း သက်သာစေမှာပါ။

၇။ Original Charger ကိုသာ အသုံးပြုပါ။

ဖုန်းဝယ်ကတည်းက ပါလာတဲ့ မူလ အားသွင်းကြိုးနဲ့သာ အားသွင်းပါ။ အားသွင်းကြိုးအဟောင်း မရှိတော့ဘူးဆိုရင်လည်း Brand အခိုင်အမာရှိတဲ့ ဆိုင်များက charger များကိုပဲ ဝယ်ယူသုံးစွဲပါ။ ဈေးပေါပြီး အန္တာရယ်များတဲ့ Third party charger တွေက အန္တာရယ်များတဲ့အပြင် အားလည်း အကုန်မြန်စေတာမို့ ဝယ်မသုံးမိပါစေနဲ့နော်။

၈။ ဖုန်းကို နေရောင်ထဲမှာ မသုံးပါနဲ့။

နေရောင်ထဲမှာ ဖုန်း Screen Display က သာမန်ထက် ပိုပြီး အားသုံးရပါတယ်။ ဒါ့ကြောင့် ဖုန်းအားကုန်ခါနီး နေပူထဲမှာ ဖုန်းသုံးမိရင် ချက်ချင်း အားကုန်သွားတာမျိုးအပြင် ကြာလာရင် ဖုန်းပူလာတာမျိုးလည်း ဖြစ်နိုင်တာမို့ တတ်နိုင်ရင် နေပူထဲမှာ ဖုန်းမသုံးပါနဲ့နော်။

ဖုန်းနဲ့ အပိုပစ္စည်းများ ဝယ်ယူရရှိနိုင်တဲ့ ဆိုင်များရဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်များကို အောက်ပါ Link မှာ ကြည့်ရှုလို့ ရပါတယ်။

https://bit.ly/2OsiFV2

Bookmark