ရန်ကုန်မြို့နယ် (၁၁) ခုတွင် လေမိုးပြင်းထန်မှု​ကြောင့် ယာယီဓာတ်အားပြတ်တောက်


ယ​နေ့  ဇွန်လ (၂၇) ရက်​​နေ့ နေ့လည် ၃း၅၀ နာရီ အချိန်ခန့်တွင် ရန်ကုန်တိုင်း​ဒေသကြီးအတွင်း ​နေရာအချို့၌ ​လေမိုးပြင်းထန်မှု​ကြောင့်  66 KV နှင့် 33 KV ဓါတ်အားလိုင်းအချို့  ယာယီ ဓါတ်အားပြတ်​တောက်ခဲ့သည်။ 

ထို့ကြောင့် မရမ်းကုန်း၊ အင်းစိန်၊ လှိုင်၊​ တောင်ဥက္ကလာ၊​ မြောက်ဥက္ကလာ၊ ​မြောက်ဒဂုံ၊ရန်ကင်း၊ တာ​မွေ၊ ဗဟန်း၊ ကွမ်းခြံကုန်း၊​ ကော့မှူးမြို့နယ်​များတွင် နေရာအချို့ ယာယီဓါတ်အားပြတ်​တောက်​နေမည် ဖြစ်သည်။

ဓါတ်အားပြန်​ပေးနိုင်ရန်အတွက် YESC မှ အချိန်နှင့် တ​စ်ပြေးညီ​ ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

==============================





<< Back
Yangon Trend Read 423 times

Featured categories

All categories