ရန်ကုန်တစ်မြို့လုံးနီးပါး ဇွန်လ (၁၁) ရက်နေ့ မီးထပ်ပျက်မည်




ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးနီးပါး ဇွန်လ ၁၁ ရက်နေ့တွင် မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ယာယီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း YESC မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင်...

  • (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ 
  • ရေရှည်ဓာတ်အားတည်ငြိမ် ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများ
  • ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို (၁၁.၆.၂၀၂၀) ရက်နေ့ ကြာသပတေးနေ့တွင် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်အထိ ဆောင်ရွက်သွားမည် အတွက်ကြောင့် ဖြစ်သည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်စဉ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗိုလ်တထောင်၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ရွှေပေါက်ကံ၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း ၊ လမ်းမတော်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ကမာရွတ်၊ လှိုင်၊ အလုံ၊ ဗဟန်း၊ မရမ်းကုန်း၊သန်လျင်၊ ကော့မှူး၊ ကျိုက်ထော်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မြောင်းတကာ၊ ဉက္ကံ၊ တိုက်ကြီး ၊အဖျောက်မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှု အနည်းငယ် ရှိမည် ဖြစ်ကြောင်း သိရသည်။

==============================

ရန္ကုန္တစ္ၿမိဳ႕လုံးနီးပါး ဇြန္လ (၁၁) ရက္ေန႔ မီးထပ္ပ်က္မည္

ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အားလုံးနီးပါး ဇြန္လ ၁၁ ရက္ေန႔တြင္ မနက္ ၉ နာရီမွ ေန႔လည္ ၁၂ နာရီအထိ ယာယီ လွ်ပ္စစ္ဓာတ္အား ျပတ္ေတာက္မည္ ျဖစ္ေၾကာင္း YESC မွ သိရသည္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ခ႐ိုင္ႏွင့္ ၿမိဳ႕နယ္မ်ားတြင္...

  • (၆၆)ေကဗြီ၊ (၃၃)ေကဗြီ ဓာတ္အားခြဲ႐ုံမ်ား၊ Distribution Transformer မ်ား ထိန္းသိမ္းျပဳျပင္ျခင္းလုပ္ငန္းမ်ား၊ 
  • ေရရွည္ဓာတ္အားတည္ၿငိမ္ ျပည့္ဝစြာေပးႏိုင္ေရးအတြက္ ေဟာင္းႏြမ္း၍ ဝန္အားမႏိုင္ေတာ့ေသာ (၁၁) ေကဗြီ ဓာတ္အားလိုင္းႀကိဳးမ်ားအား လွ်ပ္ကာပါေသာ ဓာတ္အားလိုင္းႀကိဳးအသစ္မ်ားျဖင့္ လဲလွယ္ျခင္းလုပ္ငန္းမ်ား
  • ဓာတ္အားျပတ္ေတာက္မႈ ေလ်ာ့နည္းက်ဆင္းေစေရးအတြက္ သစ္ပင္သစ္ကိုင္းမ်ား ခုတ္ထြင္ရွင္းလင္းျခင္း လုပ္ငန္းမ်ားကို (၄.၆.၂၀၂၀) ရက္ေန႔ ၾကာသပေတးေန႔တြင္ (၀၉:၀၀) နာရီမွ (၁၂:၀၀) နာရီအခ်ိန္အထိ ေဆာင္႐ြက္သြားမည္ အတြက္ေၾကာင့္ ျဖစ္သည္။

ထိုသို႔ လုပ္ငန္းေဆာင္႐ြက္စဥ္ အခ်ိန္အတြင္း ရန္ကုန္တိုင္းေဒသႀကီး ေျမာက္ဥကၠလာပ၊ သဃၤန္းကြၽန္း၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း)၊ ဒဂုံၿမိဳ႕သစ္ (ေျမာက္ပိုင္း)၊ ဗိုလ္တေထာင္၊ ေတာင္ဥကၠလာပ၊ ရန္ကင္း၊ ေဒါပုံ ၊ ဒဂုံၿမိဳ႕သစ္ဆိပ္ကမ္း၊ သာေကတ၊ ပုဇြန္ေတာင္၊ ဒဂုံၿမိဳ႕သစ္ (အေရွ႕ပိုင္း)၊ ေ႐ႊေပါက္ကံ၊ မဂၤလာေတာင္ၫြန႔္၊ မရမ္းကုန္း ၊ လမ္းမေတာ္၊ စမ္းေခ်ာင္း၊ ၾကည့္ျမင္တိုင္၊ကမာ႐ြတ္၊ လႈိင္၊ အလုံ၊ ဗဟန္း၊ မရမ္းကုန္း၊သန္လ်င္၊ ေကာ့မႉး၊ က်ိဳက္ေထာ္၊ အင္းစိန္၊ လႈိင္သာယာ၊ ေ႐ႊလင္ဗန္း၊ ေ႐ႊျပည္သာ၊ မဂၤလာဒုံ၊ ေမွာ္ဘီ၊ ေထာက္ၾကန႔္၊ လွည္းကူး၊ ဒါးပိန္၊ အင္းတိုင္၊ ေဖာင္ႀကီး၊ ေျမာင္းတကာ၊ ဉကၠံ၊ တိုက္ႀကီး ၊အေဖ်ာက္ၿမိဳ႕နယ္မ်ားရွိ ရပ္ကြက္အခ်ိဳ႕တို႔တြင္ အဆိုပါရက္မ်ား၌ အခ်ိန္ပိုင္းဓာတ္အား ျပတ္ေတာက္မႈ အနည္းငယ္ ရွိမည္ ျဖစ္ေၾကာင္း သိရသည္။

Yangon Trend Read 1484 times