ကမ္ဘာ့ဘဏ်က တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိနိုင်ရေးအတွက် ချေးငွေထုတ်ပေးမည်




မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စက်စွမ်းရည်တိုးမြှင့်နိုင်ရန်နှင့် လျှပ်စစ်ဓာတ်အားပေးစနစ်သည် ရာသီဥတုပြောင်းလဲမှုဒဏ်၊ သဘာ၀ဘေးအန္တရာယ်များ ခံနိုင်စွမ်းကို မြှင့်တင်နိုင်ရန် ရည်ရွယ်ချက်များဖြင့် စီမံကိန်း တစ်ခုဆောင်ရွက်နိုင်ရန် ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးအသင်းမှ ချေးငွေအမေရိကန်ဒေါ်လာ သန်း ၃၅၀ ထုတ်ချေးပေးမည်ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်မှ ယနေ့ရက်စွဲဖြင့် သတင်းထုတ်ပြန်လိုက်သည်။

ယင်းချေးငွေထုတ်ချေးရန်အတွက် ကမ္ဘာ့ဘဏ်၏ ဒါရိုက်တာအဖွဲ့၀င်များက အတည်ပြုခဲ့ကြခြင်းဖြစ်သည်။ 

မြန်မာနိုင်ငံ၌ ၂၀၃၀ ပြည့်နှစ်တွင် လျှပ်စစ်ဓာတ်အား ရာနှုန်းပြည့်အသုံးပြုနိုင်ရေးအတွက် စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိသည်။ လာမည့် ငါးနှစ်မှ ခုနစ်နှစ် အတွင်း မြန်မာနိုင်ငံ၏ လက်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု စက်စွမ်းရည်ကို နှစ်ဆတိုးမြှင့်ရမည်ဖြစ်သည်။ 

လျှပ်စစ်ဓာတ်အားစနစ် စက်စွမ်းရည်မြှင့်တင်ရေး စီမံကိန်းသည် ရွာမဓာတ်အားပေးစက်ရုံကို အဆင့်မြှင့်တင်သွား မည်ဖြစ်ရာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများအတွက် လျှပ်စစ်ဓာတ်အားတိုးတက်ရရှိနိုင်ပြီး လျှပ်စစ် ဓာတ်အားပြတ်တောက်မှုများ လျော့နည်းလာစေရန် အတွက် ရည်ရွယ်ကြောင်း သိရှိရသည်။

ဓာတ်အားပေးစက်ရုံနှင့် လျှပ်စစ်ဓာတ်အား ပို့လွှတ်သည့် စနစ်များကို အဆင့်မြှင့်တင်သည့်အတွက် ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက်လည်း လျှပ်စစ် ဓာတ်အားများ ပိုမိုထုတ်လွှတ်နိုင်မည်ဖြစ်ရာ ဒေသ အသီးသီးမှ အိမ်ထောင်စုများ ယခုထက်ပိုမို၍ နိုင်ငံတော် ဓာတ်အားစနစ်နှင့်ချိတ်ဆက်ကာ လျှပ်စစ်ပိုမို သုံးစွဲမှု ရရှိစေနိုင်မည်ဟု အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စီမံကိန်းသည် ပါရီသဘောတူညီချက်အရ မြန်မာ နိုင်ငံက လိုက်နာဆောင်ရွက်ရမည့် ကတိက၀တ်များ ဖြစ်သည့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ထိခိုက်မှုလျော့ပါး စေရေးနှင့် လိုက်လျောညီထွေစွာ ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များအတွက်လည်း အထောက်အကူပြုမည်ဖြစ်ကြောင်း သိရှိရသည်။ နောက်ဆုံးပေါ် စက်စွမ်းရည်မြင့် နည်းပညာကို အသုံးပြုခြင်းဖြင့် စီမံကိန်းသည် လျှပ်စစ် ဓာတ်အား တစ်ယူနစ်ထုတ်လုပ်လိုက်တိုင်း ထွက်ပေါ်လာမည့် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ကို လျှော့ချနိုင်စေမည့်အပြင် လျှပ်စစ်ဓာတ်အား ပို့လွှတ်မှုစနစ်ကို ကောင်းမွန်စေရန် မြှင့်တင်ခြင်းအားဖြင့် ရာသီဥတု ပြောင်းလဲမှုနှင့် သဘာ၀ဘေးအန္တရာယ်များ၏ ဒဏ်ကို ခံနိုင်ရန် ဆောင်ရွက်မည်ဟု သိရှိရသည်။

“မြန်မာနိုင်ငံမှာရှိတဲ့ အိမ်ထောင်စုတွေအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကသာ နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ် နဲ့ ချိတ်ဆက်နိုင်သေးတဲ့အတွက် အရှေ့တောင်အာရှမှာ လျှပ်စစ်ဓာတ်အားရရှိမှုနှုန်း အနည်းဆုံးအနေအထားမှာ ရောက်ရှိနေပါတယ်။ အခုစီမံကိန်းဟာ လျှပ်စစ်ဓာတ်အား ကို သက်သာတဲ့နှုန်းထားနဲ့ ထုတ်လုပ်တာဖြစ်လို့ သဘာ၀ ပတ်၀န်းကျင်အတွက် အကျိုးရှိစေတဲ့ နည်းလမ်းတွေနဲ့ ဖြည့်ဆည်းပေးမှာဖြစ်လို့ ၂၀၃၀ ပြည့်နှစ်မတိုင်မီ မြန်မာ တစ်နိုင်ငံလုံး လျှပ်စစ်မီးရရှိနိုင်ဖို့ မျှော်မှန်းချက်ကို အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်”ဟု ကမ္ဘာ့ ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံ ဆိုင်ရာ ညွှန်ကြားရေးမှူး မစ်မာရီယန်ရှာမန်က ပြောကြားသည်။

ကမ္ဘာ့ဘဏ်၏ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်းကနေတစ်ဆင့် နည်းပညာအကူအညီနှင့် လေ့လာ ဆန်းစစ်မှုများဖြင့် အစိုးရက ၂၀၃၀ ပြည့်နှစ်မှာ တစ်နိုင်ငံ လုံး လျှပ်စစ်မီးရရှိရေးအတွက် တစ်နိုင်ငံလုံး လျှပ်စစ် ဓာတ်အားရရှိရေးအစီအစဉ်ကို ၂၀၁၄ ခုနှစ်ကတည်းက ချမှတ်ခဲ့ခြင်း ဖြစ်ပါသည်။ 

ယနေ့အချိန်အထိ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းသည် နိုင်ငံတော် ဓာတ်အားစနစ်မှတစ်ဆင့် ကျေးရွာပေါင်းများစွာ၊ တစ်အိမ်သုံးဆိုလာစနစ်နှင့် အသေးစား ဓာတ်အားစနစ် များမှတစ်ဆင့် ကျေးရွာပေါင်းများစွာကို လျှပ်စစ် ဓာတ်အားပေးအပ်နိုင်ခဲ့သဖြင့် ပြည်သူစုစုပေါင်း နှစ်သန်းနှင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာပေါင်းများစွာ လျှပ်စစ်ဓာတ်အားရရှိနေပြီ ဖြစ်သည်။

MOI

==============================

ကမာၻ႔ဘဏ္က တစ္ႏိုင္ငံလုံး လွ်ပ္စစ္မီးရရွိႏိုင္ေရးအတြက္ ေခ်းေငြထုတ္ေပးမည္

ျမန္မာႏိုင္ငံတြင္ လွ်ပ္စစ္ဓာတ္အားထုတ္လုပ္မႈ စက္စြမ္းရည္တိုးျမႇင့္ႏိုင္ရန္ႏွင့္ လွ်ပ္စစ္ဓာတ္အားေပးစနစ္သည္ ရာသီဥတုေျပာင္းလဲမႈဒဏ္၊ သဘာ၀ေဘးအႏၲရာယ္မ်ား ခံႏိုင္စြမ္းကို ျမႇင့္တင္ႏိုင္ရန္ ရည္႐ြယ္ခ်က္မ်ားျဖင့္ စီမံကိန္း တစ္ခုေဆာင္႐ြက္ႏိုင္ရန္ ကမာၻ႔ဘဏ္၏ အျပည္ျပည္ဆိုင္ရာ ဖြံ႕ၿဖိဳးေရးအသင္းမွ ေခ်းေငြအေမရိကန္ေဒၚလာ သန္း ၃၅၀ ထုတ္ေခ်းေပးမည္ျဖစ္ေၾကာင္း ကမာၻ႔ဘဏ္မွ ယေန႔ရက္စြဲျဖင့္ သတင္းထုတ္ျပန္လိုက္သည္။

ယင္းေခ်းေငြထုတ္ေခ်းရန္အတြက္ ကမာၻ႔ဘဏ္၏ ဒါ႐ိုက္တာအဖြဲ႕၀င္မ်ားက အတည္ျပဳခဲ့ၾကျခင္းျဖစ္သည္။

ျမန္မာႏိုင္ငံ၌ ၂၀၃၀ ျပည့္ႏွစ္တြင္ လွ်ပ္စစ္ဓာတ္အား ရာႏႈန္းျပည့္အသုံးျပဳႏိုင္ေရးအတြက္ စီမံခ်က္မ်ားခ်မွတ္ ေဆာင္႐ြက္လ်က္ရွိသည္။ လာမည့္ ငါးႏွစ္မွ ခုနစ္ႏွစ္ အတြင္း ျမန္မာႏိုင္ငံ၏ လက္ရွိ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈ စက္စြမ္းရည္ကို ႏွစ္ဆတိုးျမႇင့္ရမည္ျဖစ္သည္။ 

လွ်ပ္စစ္ဓာတ္အားစနစ္ စက္စြမ္းရည္ျမႇင့္တင္ေရး စီမံကိန္း သည္ ႐ြာမဓာတ္အားေပးစက္႐ုံကို အဆင့္ျမႇင့္တင္သြား မည္ျဖစ္ရာ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ျပည္သူမ်ားအတြက္ လွ်ပ္စစ္ဓာတ္အားတိုးတက္ရရွိႏိုင္ၿပီး လွ်ပ္စစ္ ဓာတ္အားျပတ္ေတာက္မႈမ်ား ေလ်ာ့နည္းလာေစရန္ အတြက္ ရည္႐ြယ္ေၾကာင္း သိရွိရသည္။

ဓာတ္အားေပးစက္႐ုံႏွင့္ လွ်ပ္စစ္ဓာတ္အားပို႔လႊတ္ သည့္ စနစ္မ်ားကို အဆင့္ျမႇင့္တင္သည့္အတြက္ က်န္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားအတြက္လည္း လွ်ပ္စစ္ ဓာတ္အားမ်ား ပိုမိုထုတ္လႊတ္ႏိုင္မည္ျဖစ္ရာ ေဒသ အသီးသီးမွ အိမ္ေထာင္စုမ်ား ယခုထက္ပိုမို၍ ႏိုင္ငံေတာ္ ဓာတ္အားစနစ္ႏွင့္ခ်ိတ္ဆက္ကာ လွ်ပ္စစ္ပိုမို သုံးစြဲမႈ ရရွိေစႏိုင္မည္ဟု အဆိုပါ သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

စီမံကိန္းသည္ ပါရီသေဘာတူညီခ်က္အရ ျမန္မာ ႏိုင္ငံက လိုက္နာေဆာင္႐ြက္ရမည့္ ကတိက၀တ္မ်ား ျဖစ္သည့္ ရာသီဥတု ေျပာင္းလဲမႈဆိုင္ရာ ထိခိုက္မႈေလ်ာ့ပါး ေစေရးႏွင့္ လိုက္ေလ်ာညီေထြစြာ ေဆာင္႐ြက္ႏိုင္ေရး ကိစၥရပ္မ်ားအတြက္လည္း အေထာက္အကူျပဳမည္ျဖစ္ေၾကာင္း သိရွိရသည္။ ေနာက္ဆုံးေပၚ စက္စြမ္းရည္ျမင့္ နည္းပညာကို အသုံးျပဳျခင္းျဖင့္ စီမံကိန္းသည္ လွ်ပ္စစ္ ဓာတ္အား တစ္ယူနစ္ထုတ္လုပ္လိုက္တိုင္း ထြက္ေပၚလာမည့္ ဖန္လုံအိမ္ အာနိသင္ဓာတ္ေငြ႕ကို ေလွ်ာ့ခ်ႏိုင္ေစမည့္အျပင္ လွ်ပ္စစ္ဓာတ္အား ပို႔လႊတ္မႈစနစ္ကို ေကာင္းမြန္ေစရန္ ျမႇင့္တင္ျခင္းအားျဖင့္ ရာသီဥတု ေျပာင္းလဲမႈႏွင့္ သဘာ၀ေဘးအႏၲရာယ္မ်ား၏ ဒဏ္ကို ခံႏိုင္ရန္ ေဆာင္႐ြက္မည္ဟု သိရွိရသည္။

“ျမန္မာႏိုင္ငံမွာရွိတဲ့ အိမ္ေထာင္စုေတြအားလုံးရဲ႕ ၅၀ ရာခိုင္ႏႈန္းကသာ ႏိုင္ငံေတာ္လွ်ပ္စစ္ဓာတ္အားစနစ္ နဲ႔ ခ်ိတ္ဆက္ႏိုင္ေသးတဲ့အတြက္ အေရွ႕ေတာင္အာရွမွာ လွ်ပ္စစ္ဓာတ္အားရရွိမႈႏႈန္း အနည္းဆုံးအေနအထားမွာ ေရာက္ရွိေနပါတယ္။ အခုစီမံကိန္းဟာ လွ်ပ္စစ္ဓာတ္အား ကို သက္သာတဲ့ႏႈန္းထားနဲ႔ ထုတ္လုပ္တာျဖစ္လို႔ သဘာ၀ ပတ္၀န္းက်င္အတြက္ အက်ိဳးရွိေစတဲ့ နည္းလမ္းေတြနဲ႔ ျဖည့္ဆည္းေပးမွာျဖစ္လို႔ ၂၀၃၀ ျပည့္ႏွစ္မတိုင္မီ ျမန္မာ တစ္ႏိုင္ငံလုံး လွ်ပ္စစ္မီးရရွိႏိုင္ဖို႔ ေမွ်ာ္မွန္းခ်က္ကို အေထာက္အကူျဖစ္မယ္လို႔ ယုံၾကည္ပါတယ္”ဟု ကမာၻ႔ ဘဏ္၏ ျမန္မာႏိုင္ငံ၊ ကေမာၻဒီးယားႏိုင္ငံနဲ႔ လာအိုႏိုင္ငံ ဆိုင္ရာ ၫႊန္ၾကားေရးမႉး မစ္မာရီယန္ရွာမန္က ေျပာၾကားသည္။

ကမာၻ႔ဘဏ္၏ အမ်ိဳးသားလွ်ပ္စစ္ဓာတ္အားရရွိေရးစီမံကိန္းကေနတစ္ဆင့္ နည္းပညာအကူအညီႏွင့္ ေလ့လာ ဆန္းစစ္မႈမ်ားျဖင့္ အစိုးရက ၂၀၃၀ ျပည့္ႏွစ္မွာ တစ္ႏိုင္ငံ လုံး လွ်ပ္စစ္မီးရရွိေရးအတြက္ တစ္ႏိုင္ငံလုံး လွ်ပ္စစ္ ဓာတ္အားရရွိေရးအစီအစဥ္ကို ၂၀၁၄ ခုႏွစ္ကတည္းက ခ်မွတ္ခဲ့ျခင္း ျဖစ္ပါသည္။ 

ယေန႔အခ်ိန္အထိ အမ်ိဳးသား လွ်ပ္စစ္ဓာတ္အားရရွိေရး စီမံကိန္းသည္ ႏိုင္ငံေတာ္ ဓာတ္အားစနစ္မွတစ္ဆင့္ ေက်း႐ြာေပါင္းမ်ားစြာ၊ တစ္အိမ္သုံးဆိုလာစနစ္ႏွင့္ အေသးစား ဓာတ္အားစနစ္ မ်ားမွတစ္ဆင့္ ေက်း႐ြာေပါင္းမ်ားစြာကို လွ်ပ္စစ္ ဓာတ္အားေပးအပ္ႏိုင္ခဲ့သျဖင့္ ျပည္သူစုစုေပါင္း ႏွစ္သန္းႏွင့္ အမ်ားျပည္သူႏွင့္ သက္ဆိုင္သည့္ေနရာေပါင္းမ်ားစြာ လွ်ပ္စစ္ဓာတ္အားရရွိေနၿပီ ျဖစ္သည္။

MOI

<< Back
Life Style Yangon Trend Read 680 times

Featured categories

All categories