ဇွန်လ (၄) ရက်နေ့ ရန်ကုန်တိုင်းရှိ ခရိုင်နှင့် မြို့နယ်အားလုံးနီးပါး မီးပျက်မည်

Ads Ads Ads

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးနီးပါး ဇွန်လ ၄ ရက်နေ့တွင် မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ယာယီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း YESC မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင်...

  • (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ၊ Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊ 
  • ရေရှည်ဓာတ်အားတည်ငြိမ် ပြည့်ဝစွာပေးနိုင်ရေးအတွက် ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁) ကေဗွီ ဓာတ်အားလိုင်းကြိုးများအား လျှပ်ကာပါသော ဓာတ်အားလိုင်းကြိုးအသစ်များဖြင့် လဲလှယ်ခြင်းလုပ်ငန်းများ
  • ဓာတ်အားပြတ်တောက်မှု လျော့နည်းကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများကို (၄.၆.၂၀၂၀) ရက်နေ့ ကြာသပတေးနေ့တွင် (၀၉:၀၀) နာရီမှ (၁၂:၀၀) နာရီအချိန်အထိ ဆောင်ရွက်သွားမည် အတွက်ကြောင့် ဖြစ်သည်။

ထိုသို့ လုပ်ငန်းဆောင်ရွက်စဉ် အချိန်အတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း)၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ဗိုလ်တထောင်၊ တောင်ဥက္ကလာပ၊ ရန်ကင်း၊ ဒေါပုံ ၊ ဒဂုံမြို့သစ်ဆိပ်ကမ်း၊ သာကေတ၊ ပုဇွန်တောင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း)၊ ရွှေပေါက်ကံ၊ မင်္ဂလာတောင်ညွန့်၊ မရမ်းကုန်း ၊ လမ်းမတော်၊ စမ်းချောင်း၊ ကြည့်မြင်တိုင်၊ကမာရွတ်၊ လှိုင်၊ အလုံ၊ ဗဟန်း၊ မရမ်းကုန်း၊သန်လျင်၊ ကော့မှူး၊ ကျိုက်ထော်၊ အင်းစိန်၊ လှိုင်သာယာ၊ ရွှေလင်ဗန်း၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မှော်ဘီ၊ ထောက်ကြန့်၊ လှည်းကူး၊ ဒါးပိန်၊ အင်းတိုင်၊ ဖောင်ကြီး၊ မြောင်းတကာ၊ ဉက္ကံ၊ တိုက်ကြီး ၊အဖျောက်မြို့နယ်များရှိ ရပ်ကွက်အချို့တို့တွင် အဆိုပါရက်များ၌ အချိန်ပိုင်းဓာတ်အား ပြတ်တောက်မှု အနည်းငယ် ရှိမည် ဖြစ်ကြောင်း သိရသည်။

==============================


ဇွန်လ ၄ ရက်နေ့များတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အားလုံးနီးပါး မနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ ယာယီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည် ဖြစ်ကြောင်း YESC မှ သိရသည်။




Yangon Trend Read 1013 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021