ရန်ကုန်မြို့နယ်တချို့တွင် စနေ၊ တနင်္ဂနွေ မနက် (၁၀) နာရီမှ နေ့လည် (၂) နာရီထိ မီးပျက်မည်


လျှပ်စစ်ဓါတ်အားပို့လွှတ်​ရေးနှင့် ကွပ်ကဲ​ရေးဦးစီးဌာန၊ ဓါတ်အားစနစ်ကာကွယ်​ရေးနှင့် လျှပ်စစ်စမ်းသပ်​ရေးဌာန (ရန်ကုန်) မှ ပင်မဓါတ်အားခွဲရုံ Power Transformer များ စစ်​ဆေးခြင်းလုပ်ငန်း ​ဆောင်ရွက်မည် ဖြစ်သဖြင့် ရန်ကုန်ရှိ မြို့နယ်တချို့တွင် စနေ၊ တနင်္ဂနွေ မနက် (၁၀) နာရီမှ နေ့လည် (၂) နာရီထိ မီးပျက်မည် ဖြစ်ကြောင်း YESC မှ သိရသည်။ 

230kV အ​ရှေ့ဒဂုံ GIS ဓါတ်အားခွဲရုံ၏ 125MVA Tr  No.(1) ကို  မေလ ၂၃ ရက်နေ့  (စ​နေ​နေ့) မနက် (၁၀) နာရီမှ နေ့လည် (၂) နာရီထိ၊   125MVA Tr No.(2) ကို မေလ ၂၄ ရက်နေ့  (တနဂ်​နွေ​နေ့)  မနက် (၁၀) နာရီမှ နေ့လည် (၂) နာရီထိ ယာယီ ဓါတ်အားပိတ်၍ လုပ်ငန်း​ဆောင်ရွက်သွားမည် ဖြစ်သည်။

ထိုသို့ လုပ်ငန်း​ဆောင်ရွက်ရာတွင်  ဓါတ်အားပြတ်​တောက်မှု​ လျော့နည်း​စေ​ရေးအတွက် Tr No.(1) လုပ်ငန်း​ဆောင်ရွက်​နေစဥ် အချိန်အတွင်း Tr. No.(2) ​ပေါ်မှလည်း​ကောင်း၊ Tr No.(2) လုပ်ငန်း​ဆောင်ရွက်​နေစဥ် အချိန်အတွင်း Tr. No.(1) ​ပေါ်မှလည်း​ကောင်း လျှပ်စစ်ဓါတ်အား မျှ​ဝေဓါတ်အား ဖြန့်ဖြူး​ပေးထားမည် ဖြစ်သည်။ 

သို့ရာတွင် ထရန်စ​ဖော်မာ၏ သတ်မှတ်ခံနိုင်ရည်ဝန်အားအရ ဝန်အား​လျော့ ထိန်းညှိခြင်းများ​ဆောင်ရွက်သွားရမည် ဖြစ်ပါသဖြင့် ဒဂုံဆိပ်ကမ်း၊ ဒဂုံအ​ရှေ့၊ ဒဂုံ​မြောက်၊ ဒဂုံ​တောင်၊​ ရွှေ​ပေါက်ကံမြို့နယ်​နေရာများအတွင်း ယာယီဓါတ်အားပြတ်​တောက်မှုများရှိမည် ဖြစ်ကြောင်း သိရသည်။

YESC

==============================

ရန္ကုန္ၿမိဳ႕နယ္တခ်ိဳ႕တြင္ စေန၊ တနဂၤေႏြ မနက္ (၁၀) နာရီမွ ေန႔လည္ (၂) နာရီထိ မီးပ်က္မည္

လွ်ပ္စစ္ဓါတ္အားပို႔လႊတ္​ေရးႏွင့္ ကြပ္ကဲ​ေရးဦးစီးဌာန၊ ဓါတ္အားစနစ္ကာကြယ္​ေရးႏွင့္ လွ်ပ္စစ္စမ္းသပ္​ေရးဌာန (ရန္ကုန္) မွ ပင္မဓါတ္အားခြဲ႐ုံ Power Transformer မ်ား စစ္​ေဆးျခင္းလုပ္ငန္း ​ေဆာင္႐ြက္မည္ ျဖစ္သျဖင့္ ရန္ကုန္ရွိ ၿမိဳ႕နယ္တခ်ိဳ႕တြင္ စေန၊ တနဂၤေႏြ မနက္ (၁၀) နာရီမွ ေန႔လည္ (၂) နာရီထိ မီးပ်က္မည္ ျဖစ္ေၾကာင္း YESC မွ သိရသည္။ 

230kV အ​ေရွ႕ဒဂုံ GIS ဓါတ္အားခြဲ႐ုံ၏ 125MVA Tr  No.(1) ကို  ေမလ ၂၃ ရက္ေန႔  (စ​ေန​ေန႔) မနက္ (၁၀) နာရီမွ ေန႔လည္ (၂) နာရီထိ၊   125MVA Tr No.(2) ကို ေမလ ၂၄ ရက္ေန႔  (တနဂ္​ေႏြ​ေန႔)  မနက္ (၁၀) နာရီမွ ေန႔လည္ (၂) နာရီထိ ယာယီ ဓါတ္အားပိတ္၍ လုပ္ငန္း​ေဆာင္႐ြက္သြားမည္ ျဖစ္သည္။

ထိုသို႔ လုပ္ငန္း​ေဆာင္႐ြက္ရာတြင္  ဓါတ္အားျပတ္​ေတာက္မႈ​ ေလ်ာ့နည္း​ေစ​ေရးအတြက္ Tr No.(1) လုပ္ငန္း​ေဆာင္႐ြက္​ေနစဥ္ အခ်ိန္အတြင္း Tr. No.(2) ​ေပၚမွလည္း​ေကာင္း၊ Tr No.(2) လုပ္ငန္း​ေဆာင္႐ြက္​ေနစဥ္ အခ်ိန္အတြင္း Tr. No.(1) ​ေပၚမွလည္း​ေကာင္း လွ်ပ္စစ္ဓါတ္အား မွ်​ေဝဓါတ္အား ျဖန္႔ျဖဴး​ေပးထားမည္ ျဖစ္သည္။ 

သို႔ရာတြင္ ထရန္စ​ေဖာ္မာ၏ သတ္မွတ္ခံႏိုင္ရည္ဝန္အားအရ ဝန္အား​ေလ်ာ့ ထိန္းညႇိျခင္းမ်ား​ေဆာင္႐ြက္သြားရမည္ ျဖစ္ပါသျဖင့္ ဒဂုံဆိပ္ကမ္း၊ ဒဂုံအ​ေရွ႕၊ ဒဂုံ​ေျမာက္၊ ဒဂုံ​ေတာင္၊​ ေ႐ႊ​ေပါက္ကံၿမိဳ႕နယ္​ေနရာမ်ားအတြင္း ယာယီဓါတ္အားျပတ္​ေတာက္မႈမ်ားရွိမည္ ျဖစ္ေၾကာင္း သိရသည္။

YESC

Yangon Trend

Featured categories

All categories