Careers & Jobs Yangon Trend

မုန်တိုင်းအရှိန်ကြောင့် ရန်ကုန်အပါအဝင် တိုင်းနှင့်ပြည်နယ် (၁၁) ခုတွင် မိုးရွာမည်

Read 1435 times

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး မေလ (၁၇) ရက်နေ့ ညပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်းအဆင့်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ 

ယင်းမုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (ဩရိဿ) ၏ တောင်ဘက် ရေမိုင် (၅၉၀) မိုင်ခန့်၊ ဒီဂါမြို့၏ တောင်ဘက် ရေမိုင် (၆၇၀) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် (၄၄၀) မိုင်ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက် ရေမိုင် မိုင် (၆၀၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။

အဆိုပါ မုန်တိုင်းအရှိန်ကြောင့် ယနေ့နေ့လယ်မှ နောက် (၄၈) နာရီအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ပြီး မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင် လေသည် တစ်နာရီလျှင် မိုင် (၄၀) အထိ တိုက်ခတ်နိုင်သည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၈) ပေမှ (၁၂) ပေခန့် ရှိနိုင်သည်။

Su Mon Oo ( Mine )

==============================

မုန္တိုင္းအရွိန္ေၾကာင့္ ရန္ကုန္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ (၁၁) ခုတြင္ မိုး႐ြာမည္

ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိခဲ့ၿပီး ေမလ (၁၇) ရက္ေန႔ ညပိုင္းတြင္ ဆိုင္ကလုန္းမုန္တိုင္းအဆင့္သို႔ ေရာက္ရွိႏိုင္ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။ 

ယင္းမုန္တိုင္းငယ္သည္ အိႏၵိယႏိုင္ငံ၊ ပါရာဒစ္ပ္ၿမိဳ႕ (ဩရိႆ) ၏ ေတာင္ဘက္ ေရမိုင္ (၅၉၀) မိုင္ခန႔္၊ ဒီဂါၿမိဳ႕၏ ေတာင္ဘက္ ေရမိုင္ (၆၇၀) မိုင္ခန႔္၊ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၄၄၀) မိုင္ခန႔္ႏွင့္ ပုသိမ္ၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္ မိုင္ (၆၀၀) ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနသည္။

မုန္တိုင္းငယ္၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ထားေၾကာင္း သိရသည္။

အဆိုပါ မုန္တိုင္းအရွိန္ေၾကာင့္ ယေန႔ေန႔လယ္မွ ေနာက္ (၄၈) နာရီအတြင္း ပဲခူးတိုင္းေဒသႀကီး၊ ရန္ကုန္တိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကရင္ျပည္နယ္ႏွင့္ မြန္ျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲ၊ ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအထက္ပိုင္း၊ ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္ႏွင့္ ကယားျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း ႐ြာႏိုင္သည္။

ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ ရံဖန္ရံခါ မိုးသက္ေလျပင္းမ်ား က်ေရာက္ၿပီး လႈိင္းႀကီးမည္ ျဖစ္ၿပီး မိုးသက္ေလျပင္းက်စဥ္ ေရျပင္/ေျမျပင္ ေလသည္ တစ္နာရီလွ်င္ မိုင္ (၄၀) အထိ တိုက္ခတ္ႏိုင္သည္။ လႈိင္းအျမင့္မွာ ျမန္မာ့ကမ္း႐ိုးတန္းတစ္ေလွ်ာက္ႏွင့္ ကမ္းလြန္ပင္လယ္ျပင္တို႔တြင္ (၈) ေပမွ (၁၂) ေပခန္႔ ရွိႏိုင္သည္။

Su Mon Oo ( Mine )
 

Bookmark