Careers & Jobs

မြန်မာနှင့် အိန္ဒိယနိုင်ငံကြား ပင်လယ်ပြင်ကို ဗဟိုပြု၍ မုန်တိုင်းတစ်ခု ဖြစ်ပေါ်

Read 1433 times

ယနေ့ မေလ (၁၆) ရက်နေ့၊ မြန်မာစံတော်ချိန် မနက် (၉) နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။ 

အဆိုပါ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ၊ ပါရာဒစ်ပ်မြို့ (ဩရိဿ) ၏ တောင်ဘက် ရေမိုင် (၅၉၀) မိုင်ခန့်၊ ဒီဂါမြို့၏ တောင်ဘက် ရေမိုင် (၆၇၀) မိုင်ခန့်၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်တောင်ဘက် ရေမိုင် (၄၄၀) မိုင်ခန့်နှင့် ပုသိမ်မြို့၏ အနောက်တောင်ဘက် ရေမိုင် မိုင် (၆၀၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။

မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း သိရသည်။

မုန်တိုင်းငယ်၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

မြောက်လတ္တီကျု (၁၀.၄) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၀) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက် လေဖိအား (၉၉၉) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅) မိုင်နှုန်း ဖြစ်သည်။

နောက် (၃၆) နာရီအတွင်း ခန့်မှန်းချက်

အဆိုပါ မုန်တိုင်းငယ်သည် နောက် (၆) နာရီအတွင်း အားကောင်းသော မုန်တိုင်းငယ်အဖြစ်သို့ လည်းကောင်း၊ နောက် (၁၂) နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်ပြီး ကနဦးတွင် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားပြီးနောက် မေလ (၁၇) ရက်နေ့ နောက်ပိုင်းတွင် မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းထားသည်။

Su Mon Oo ( Mine )
==============================

ျမန္မာႏွင့္ အိႏၵိယႏိုင္ငံၾကား ပင္လယ္ျပင္ကို ဗဟိုျပဳ၍ မုန္တိုင္းတစ္ခု ျဖစ္ေပၚ

ယေန႔ ေမလ (၁၆) ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ မနက္ (၉) နာရီခြဲအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ဘဂၤလားပင္လယ္ေအာ္ အေရွ႕ေတာင္ပိုင္းတြင္ ျဖစ္ေပၚေနေသာ ေလဖိအားနည္းရပ္ဝန္းသည္ ပိုမိုအားေကာင္းလာကာ မုန္တိုင္းငယ္အျဖစ္သို႔ ေရာက္ရွိခဲ့ေၾကာင္း မိုးေလဝသႏွင့္ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနမွ ထုတ္ျပန္ထားသည္။

အဆိုပါ မုန္တိုင္းငယ္သည္ အိႏၵိယႏိုင္ငံ၊ ပါရာဒစ္ပ္ၿမိဳ႕ (ဩရိႆ) ၏ ေတာင္ဘက္ ေရမိုင္ (၅၉၀) မိုင္ခန႔္၊ ဒီဂါၿမိဳ႕၏ ေတာင္ဘက္ ေရမိုင္ (၆၇၀) မိုင္ခန႔္၊ ျမန္မာႏိုင္ငံ၊ ကိုကိုးကြၽန္းၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္ (၄၄၀) မိုင္ခန႔္ႏွင့္ ပုသိမ္ၿမိဳ႕၏ အေနာက္ေတာင္ဘက္ ေရမိုင္ မိုင္ (၆၀၀) ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနသည္။

မုန္တိုင္းငယ္၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္ အေျခအေနမရွိေသးသျဖင့္ အဝါေရာင္အဆင့္ဟု သတ္မွတ္ထားေၾကာင္း သိရသည္။

မုန္တိုင္းငယ္၏ တည္ေနရာ၊ ဗဟိုခ်က္ေလဖိအားႏွင့္ ေလတိုက္ႏႈန္း

ေျမာက္လတၱီက်ဳ (၁၀.၄) ဒီဂရီႏွင့္ အေရွ႕ေလာင္ဂ်ီက်ဳ (၈၇.၀) ဒီဂရီတြင္ရွိၿပီး၊ ဗဟိုခ်က္ ေလဖိအား (၉၉၉) ဟက္တိုပါစကယ္ႏွင့္ အျမင့္ဆုံးေလတိုက္ႏႈန္းမွာ တစ္နာရီလွ်င္ (၃၅) မိုင္ႏႈန္း ျဖစ္သည္။

ေနာက္ (၃၆) နာရီအတြင္း ခန္႔မွန္းခ်က္

အဆိုပါ မုန္တိုင္းငယ္သည္ ေနာက္ (၆) နာရီအတြင္း အားေကာင္းေသာ မုန္တိုင္းငယ္အျဖစ္သို႔ လည္းေကာင္း၊ ေနာက္ (၁၂) နာရီအတြင္း ဆိုင္ကလုန္းမုန္တိုင္း အျဖစ္သို႔လည္းေကာင္း ေရာက္ရွိႏိုင္ၿပီး ကနဦးတြင္ ေျမာက္-အေနာက္ေျမာက္ဘက္သို႔ ေ႐ြ႕လ်ားၿပီးေနာက္ ေမလ (၁၇) ရက္ေန႔ ေနာက္ပိုင္းတြင္ ေျမာက္-အေရွ႕ေျမာက္ဘက္သို႔ေကြ႕ကာ ေ႐ြ႕လ်ားမည္ဟု ခန္႔မွန္းထားသည္။

Su Mon Oo ( Mine )
 

Bookmark