Careers & Jobs Health
မိုးဦးကာလ လျှပ်စစ်ဓာတ်လိုက်မှု အန္တရာယ် သတိပြုဖွယ်
Read 824 times
ယခုအခါ မိုးဦးကာလသို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် အဖြစ်များပြီး သေဆုံးစေနိုင်သော ဓာတ်လိုက်မှုအန္တရာယ်ကို မဖြစ်ပွားအောင် ကြိုတင် ကာကွယ်ကြရမည် ဖြစ်သည်။ 
ဓာတ်အားလိုင်းကြိုးများနှင့် အိမ်တွင်းဝါယာကြိုးများတွင် ဓာတ်အားရှိသည်ဟု အမြဲမှတ်ယူရမည် ဖြစ်သည်။
၁။  ဓာတ်အားလိုင်းအနီး ဓာတ်အားလိုင်းပေါ်ရှိ သစ်ပင်၊ သစ်ကိုင်းများ ခုတ်လှဲခြင်းကို လျှပ်စစ်ဌာန၏ ခွင့်ပြုချက်မရှိဘဲ လုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရပါ။
၂။ ဓာတ်လိုက်မှုအန္တရာယ်ရှိနိုင်သဖြင့် နေအိမ်ဝင်း၊ ခြံစည်းရိုး၊ သံပန်း၊ သံတံခါး၊ သံဇကာများတွင် မီးကြိုးများ သွယ်တန်း ချည်နှောင်ထားခြင်း မပြုရပါ။
၃။ ပျက်စီးနေသော မီးပလပ်နှင့် ဆော့ကက်များကို အသုံးမပြုရပါ။
၄။ ဓာတ်လိုက်နေသူအား တွေ့ရှိပါက လက်ဖြင့်မဆွဲရ။ ဓာတ်မလိုက်နိုင်သော ပစ္စည်းတစ်ခုခုဖြင့် ဖယ်ရှားခြင်း ဆောင်ရွက်ရမည်။  ( ဥပမာ - ခြောက်သွေ့သော သစ်သားချောင်း၊ ဝါးလုံး )
မြွေကိုက်လျှင် ဆေးရှိသည်။ ဓာတ်လိုက်လျှင်‌ ဆေးမရှိပါ။ ထို့ကြောင့် လျှပ်စစ်အန္တရယ် မဖြစ်ပွားစေရန်အတွက် အထက်ပါ အချက်များကို လိုက်နာ ဆောင်ရွက်သင့်ပါသည်။
Su Mon Oo ( Mine )
YESC
==============================
Su Mon Oo ( Mine )
YESC
Bookmark