စာသင်သား ရဟန်း၊ သီလရှင်၊ ယောဂီများကို သက်ဆိုင်ရာဒေသပြန်ရန် မဟနညွှန်ကြား




COVID-19 ရောဂါ မထိန်းချုပ်နိုင်သေးမီကာလအတွင်း စာသင်တိုက်အသီးသီး၊ ကမ္မဌာန်းရိပ်သာအသီးသီးမှ စာသင်သား၊ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီများ သက်ဆိုင်ရာဒေသများသုံး ပြန်လည်သီတင်းသုံးရန် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့က ယမန်နေ့ ဧပြီ ၄ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ ၃ ရက်နေ့မှာ ကျင်းပတဲ့ အဋ္ဌမအကြိမ် နိုင်ငံတော် သံဃမ ဟာနာယကအဖွဲ့ (တတိယအဖွဲ့ ခွဲ) အစည်းအဝေးမှာ အခုလို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

“COVID-19 မထိန်းချုပ်နိုင်သေးမီကာလအတွင်း ပရိယတ္တိစာသင်တိုက်များ၊ ကမ္မဋ္ဌာန်းရိပ်သာများတွင် မိမိတို့ တာဝန်ယူ ထိန်းသိမ်းနိုင်စောင့် ရှောက်နိုင်သော အရေအတွက်မျှကိုသာ ထားရှိ၍ ကျန်ရဟန်း၊ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီများကို သက်ဆိုင်ရာဒေသသို့ ပြန်လည်ကြွရောက်သီတင်းသုံးစေရေး တိုင်းဒေသကြီး/ပြည်နယ်သံဃနာယက အဖွဲ့များက စာသင်တိုက်ကြီးများနှင့် ကမ္မဋ္ဌာန်းရိပ်သာများ၏ ပဓာနနာယကဆရာတော်များထံ အကြောင်းကြားစေရေး ညွှန်ကြားရန်” ဆိုပြီး ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

Myanmar B2B Management Magazine

Yangon Trend Health & Wellness Read 330 times