စက်မှုဇုန် (၅) ခုတွင် စားသောက်ကုန်များကို ဈေးသက်သာစွာဖြင့် ရောင်းချပေးမည်




မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင်အသင်းများ ပူးပေါင်းပြီး စက်မှုဇုန် ( ၅ ) ခုတွင် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများ ဖြစ်သည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ အဆိုပါ စက်မှုဇုန်များမှ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီတို့ ပူးပေါင်း ရောင်းချခြင်း ဖြစ်သည်။

ရောင်းချပေးမည့် အစီအစဉ်မှာ အောက်ပါအတိုင်း ဖြစ်သည်။

၁။ တနလ်ာနေ့ ( မတ်လ ၃၀ ရက် ) - ရွှေပြည်သာစက်မှုဇုန် ( ၁၊ ၂၊ ၃၊ ၄ )
၂။ အင်္ဂါနေ့ ( မတ်လ ၃၁ ရက် ) - ရွှေလင်ဗန်းစက်မှုဇုန်
၃။ ဗုဒ္ဓဟူးနေ့ ( ဧပြီလ ၁ ရက် ) - ဒဂုံဆိပ်ကမ်းစက်မှုဇုန်
၄။ ကြာသပတေးနေ့ ( ဧပြီလ ၂ ရက် ) - တောင်ဒဂုံစက်မှုဇုန်
၅။ သောကြာနေ့ ( ဧပြီလ ၃ ရက် ) - လှိုင်သာယာစက်မှုဇုန် ( ၁၊ ၂၊ ၃၊ ၄၊ ၅ ) 

စားသောက်ကုန်များကို ညနေ လေးနာရီ၌ သက်ဆိုင်ရာ စက်မှုဇုန်စီမံခန့်ခွဲရေး ကော်မတီရုံးများရှေ့တွင် ရောင်းချပေးသွားမည် ဖြစ်သည်။

ယခုကဲ့သို့ လှည့်လည် ရောင်းချခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဈေးကွက်အတွင်း အခြေခံစားသောက်ကုန်များ ပြတ်လပ်ခြင်း မရှိစေရန်နှင့် ဈေးနှုန်းကြီးမားခြင်း မရှိစေရန်အတွက် ရည်ရွယ်ခြင်း ဖြစ်ပြီး ဒေသအတွင်း ရောင်းချနေသည့် အိမ်ဆိုင်များ၊ လက်လီလက်ကားလုပ်ငန်းများ ထိခိုက်မှု မရှိစေရန် စီစဉ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Su Mon Oo ( Mine )

<< Back
Business Health & Wellness Eat & Drink Read 814 times

Featured categories

All categories