ကိုဗစ် ဒုတိယလှိုင်း စတင်ချိန်က ယာယီပိတ်သိမ်းခဲ့သော YPS ကဒ်များ ပြန်လည် အသုံးပြုနိုင်ပြီ

Ads Ads Ads

ဩဂုတ်လလယ်က စတင်ဖြစ်ပွားခဲ့သော ကိုဗစ်-၁၉ ဒုတိယလှိုင်းကြောင့် YPS ကဒ်စနစ် ဝန်ဆောင်မှုများအား ယာယီ ပိတ်သိမ်းထားခဲ့ရာ ယခု အခါ ဝန်ဆောင်မှု စင်တာများအား ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်း သိရသည်။ 

၎င်းဝန်ဆောင်မှု စင်တာများအား စက်တင်ဘာလ (၂၂)ရက်နေ့မှ စတင်ကာ ပိတ်သိမ်းထားခြင်း ဖြစ်ပြီး ပြီးခဲ့သော နိုဝင်ဘာလ (၃) ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ကာ ဝန်ဆောင်မှု ပေးနေခြင်း ဖြစ်သည်။ 

YPS အရောင်းစင်တာများအား ပြန်ဖွင့်သည့် အထိမ်းအမှတ် အဖြစ် နိုဝင်ဘာ (၉)ရက်မှ စတင်ကာ နိုဝင်ဘာ (၂၂) ရက်နေ့အထိ YPS ကဒ်အသစ် ဝယ်ယူသူ ခရီးသွား မိဘပြည်သူများအား တစ်ကဒ်ဝယ်လျှင် တစ်ကဒ်လက်ဆောင် ပေး၍ ရောင်းချပေးလျက် ရှိကြောင်း သိရသည်။ 

ထို အစီအစဉ်ကို  ရန်ကုန်မြို့တွင်းရှိ YPS အရောင်းစင်တာများ ဖြစ်သော 

  • ရန်ကုန်မြို့တော် ခန်းမဘေး၊
  • မဟာဗန္ဓုလ ပန်းခြံရှေ့၊ 
  • မြန်မာပလာဇာ၊
  • ယုဇနပလာဇာ၊ 
  • လှည်းတန်းမှတ်တိုင်၊ 
  • YUPT ရုံးချုပ်ရှေ့နှင့် 
  • ဗန္ဓုလ ပါရမီကားဝင်းရှေ့ စသည့် နေရာများတွင် တစ်ကဒ်ဝယ် တစ်ကဒ်လက်ဆောင် ပေးသွားမည် ဖြစ်ပြီး g&g အရောင်းဆိုင်များတွင်မူ မူရင်းဈေးအတိုင်းသာ ရောင်းချပေးသွားမည်ဟု သိရသည်။

YPS ကဒ်များကို ဇူလိုင်လ (၂၁) ရက်နေ့မှ စတင်၍ YBS ယာဥ်လိုင်းပေါင်း (၁၂) လိုင်းမှ တပ်ဆင် အသုံးပြုခဲ့ပြီး သြဂုတ်လ (၈) ရက်နေ့တွင် နောက်ထပ် ယာဥ်လိုင်း (၂၃) လိုင်းက ထပ်မံ တပ်ဆင် အသုံးပြုခဲ့ရာ ယခုအခါ ယာဥ်လိုင်း စုစုပေါင်း (၃၅) လိုင်းတွင် အသုံးပြုနိုင်မည် ဖြစ်သည်။ 

စီးနင်းနိုင်မည့် ယာဉ်လိုင်း နံပါတ်များမှာ 

  • YBS 2 (ယုဇနဥယျာဉ် - အောင်မင်္ဂလာ အဝေးပြေး)
  • YBS 3 (ယုဇနဥယျာဉ် - ဆူးလေ (သင်္ကန်းကျွန်း))
  • YBS 3 (ယုဇနဥယျာဉ် - ဆူးလေ (သုဝဏ္ဏ))
  • YBS 4 (နှင်းဆီအိမ်ယာ - ဆူးလေ)
  • YBS 7 (ရိုးမရိပ်သာ - ဆူးလေ)
  • YBS 7 (ကားကြီးဂိတ် - ဆူးလေ)
  • YPS 7 (အကြော်တဲ (နတ်စင်) - ဆူးလေ)
  • YBS 7️ (အကြော်တဲ (စက်မှုဇုံ) - ဆူးလေ)
  • YPS 8️ (ရိုးမရိပ်သာ - လသာ)
  • YPS 10 (ဒဂုံတက္ကသိုလ် - ကန်ကြီးထောင့် (သာကေတ))
  • YPS 11 (အောင်မင်္ဂလာအဝေးပြေး - လသာ)
  • YPS 12 (အရှေ့ဒဂုံ - ဆူးလေ)
  • YPS 14 (ပါရမီ (ညောင်ပင်) - သခင်မြပန်းခြံ)
  • YPS 24 (ဒဂုံတက္ကသိုလ် - ဗိုလ်တထောင်ဘုရား)
  • YPS 25 (ဒဂုံတက္ကသိုလ် - မင်္ဂလာစျေး)
  • YPS 28 (ဒဂုံတက္ကသိုလ် - ဆူးလေ)
  • YPS 29 (ရွှေပေါက်ကံ - ဆူးလေ)
  • YPS 30 ((သမိုင်း) ဒဂုံတက္ကသိုလ် - သခင်မြပန်းခြံ)
  • YPS 30 ((ပြည်လမ်း) ဒဂုံတက္ကသိုလ် - သခင်မြပန်းခြံ)
  • YPS 36 (အောင်မင်္ဂလာအဝေးပြေး - ဆူးလေ)
  • YPS 36 (ထောက်ကြန့် - ဆူးလေ)
  • YPS 36 (ရွှေပေါက်ကံ - ဆူးလေ)
  • YPS 38 (ပါရမီညောင်ပင် - မင်္ဂလာစျေးသစ်)
  • YPS 40 (ရွှေပြည်သာ (လိန်ကုန်း) - သခင်မြပန်းခြံ)
  • YPS 43 (ဝါယာလက် - ဗိုလ်တစ်ထောင်ဘုရား)
  • YPS 58 (သခင်မြပန်းခြံ - သခင်မြပန်းခြံ (မြို့ပတ်))
  • YPS 59 (၇၁ ရပ်ကွက် (တောင်ဒဂုံ) - နှင်းဆီကုန်း (ဗဟိုအမျိုးသမီးဆေးရုံ))
  • YPS 62 (ဒဂုံတက္ကသိုလ် - ကြည့်မြင်တိုင်)
  • YPS 65 (ရဲတပ်ရင်း (၆) (ရွှေပြည်သာ) - ဗိုလ်တထောင်ဘုရား)
  • YPS 72 (ဧရာဝဏ် - ဆူးလေ)
  • YPS 87 (ဒဂုံတက္ကသိုလ် - ဆူးလေ)
  • YPS 88 (ဒဂုံတက္ကသိုလ် - ပြည်တော်သာ)
  • YPS 89 (ဧရာဝဏ် - ပန်းပင်ကြီး (မင်းနန္ဒ))
  • YPS 89 (ဧရာဝဏ် - ပန်းပင်ကြီး (မြင်တော်သာ))
  • YPS 96 (လှော်ကားတာဆုံ - သာကေတ)

ယခုလက်ရှိ စစ်တမ်းများအရ ရန်ကုန်မြို့တွင် (YBS) စီးနင်းသူ ခရီးသွား ပြည်သူပေါင်း (၂)သန်းကျော်ခန့် ရှိပြီး ယာဉ်အစီးရေပေါင်း (၁,၂၀၀) ကျော်တွင် YPS ကဒ်စနစ်ဖြင့် ဘက်စ်ကား စီးနင်းနိုင်ပြီ ဖြစ်သည်။

YPS ကဒ် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ စုံစမ်း မေးမြန်းလိုပါက Hotline Number 09 96 999 0699 သို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း သိရသည်။ 

 

Live-Style Shopping & Promo Read 281 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
29 Days left
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
29 Days left