အမျိုးသမီးများ စိတ်ဓာတ်ခွန်အားနဲ့ စွမ်းဆောင်ရည် မြင့်တက်စေမယ့် Talk Show

Ads Ads Ads

by Win May May Htay

၂၁ရာစုမှာတော့ အမျိုးသားတွေနဲ့အတူ ရင်ဘောင်တန်းပြီး အရာရာကို ဦးဆောင်နိုင်တဲ့ အမျိုးသမီးများစွာ ပေါ်ထွက်လာပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံဖြိုးတိုးတက်ဖို့အတွက် ဒါ့အပြင် Woman Empowerment လို့ ခေါ်တဲ့ အမျိုးသမီး စွမ်ဆောင်ရည် မြှင့်တင်ပေးရေး အစီအစဉ်တွေကိုလည်း တစ်ဟုန်ထိုး လုပ်ဆောင်လာကြပါတယ်။

အမျိုးသမီး စွမ်းဆောင်ရည် မြှင့်တင်ပေးရေး (Woman Empowerment) ဆိုတာကတော့ အမျိုးသမီးတစ်ဦးက အခြားအမျိုးသမီးတစ်ဦးကို လုပ်ပိုင်ခွင့်ပေးရင်း ကိုယ်ကိုကိုယ်ရော၊ ကိုယ့်ဘေးပတ်ဝန်းကျင်ကိုပါ အတူတကွ ဖွံဖြိုးတိုးတက်စေခြင်း ဖြစ်ပါတယ်။

Woman Empowerment ဟာ တိုင်းပြည်တစ်ပြည်ရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေး စတဲ့ အလုံးစုံ ဖွံဖြိုးတိုးတက်ဖို့ အခြေခံအုတ်မြစ်တစ်ခုလို အင်မတန် အရေးပါပါတယ်။ အမျိုးသမီး စွမ်းရည် မြင့်မားခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ အဆင့်အတန်းမြင့်မားတဲ့ လူမှုအသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားခြင်းတို့ရဲ့ ပြယုဂ်တစ်ခုပါပဲ။


အမျိုးသမီးထု စွမ်းရည်မြင့်မားဖို့ အဓိကကျတဲ့ အခြေခံအုတ်မြစ် (၃) ခုလိုအပ်ပါတယ်။ ဒါတွေကတော့

၁။ Leader (ဦးဆောင်နိုင်စွမ်းရှိပြီး ထက်မြက်သော လမ်းညွှန်မှုများ ပေးနေသော အမျိုးသမီး)

၂။ Supporter (ဦးဆောင်သူများအား ကောင်းမွန်သော ထောက်ပံ့မှုများ ပေးနိုင်သည့် အမျိုးသမီး)

၃။ Followers (လမ်းညွှန်ချက်တိုင်းကို မှန်၏၊ မမှန်၏ စဉ်းစားဆင်ခြင်နိုင်ပြီး မှန်ရာလမ်းစဉ်အတိုင်း လိုက်နိုင်သည့် အမျိုးသမီး)


စသဖြင့် အခြေခံကျတဲ့ အုတ်မြစ် (၃) ခုလုံး ခိုင်မာမှသာ စွမ်းဆောင်ရည် မြှင့်တင်ခြင်း အရွေ့တစ်ခုကို အတူတကွ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

Woman Empowerment နဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီးပြည့်စုံတဲ့ ဗဟုသုတ များစွာ ရရှိနိုင်ဖို့ GGI Nippon Life ကနေ ဦးဆောင်ပြီး Online Talk Show လေးတစ်ခုကို စီစဉ်ပေးထားပါတယ်။ ဒီ Talk Show လေးမှာ ပါဝင်ဆွေးနွေးပေးသွားမယ့် သူတွေရဲ့ အမည်တွေနဲ့ Talk Show ထုတ်လွှင့်မယ့် အချိန်တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

Day (1) Work-Life Balance and Women Lifestyle
ဆွေးနွေးသူ - မထက်ရည် (Brand You Academy)
နေ့ရက် - ၁၇.၁၀.၂၀၂၀ (စနေနေ့)
အချိန် - ညနေ ၆း၀၀ နာရီ

Day (2) Life Planning and Family Planning
ဆွေးနွေးသူ - ချစ်သုဝေ (Brand Ambassador of GGI Nippon Life), မထက်ရည် (Brand You Academy)
နေ့ရက် - ၂၄.၁၀.၂၀၂၀ (စနေနေ့)
အချိန် - ညနေ ၆း၀၀ နာရီ

Day (3) Women Growing in Diversity
ဆွေးနွေးသူ - မထက်ရည် (Brand You Academy)
နေ့ရက် - ၃၁.၁၀.၂၀၂၀ (စနေနေ့)
အချိန် - ညနေ ၆း၀၀ နာရီ

Online Talk Show ကိုတော့ GGI Nippon Life ရဲ့ Official Facebook Page ကနေတစ်ဆင့် ထုတ်လွှင့်ပေးသွားမှာ ဖြစ်ပါတယ်။

Page Link
https://www.facebook.com/gginl 

 

Event & Entertainment Read 232 times





10% OFF
Eames Executive

The Eames Executive Chair has a high back and a sophisticated, refined aesthetic that sits well in all kinds of home office.

1150000.00
1035000.00
Valid Until 01 January, 2021
10% OFF
Embody Chair

Bill Stumpf and Jeff Weber designed the Embody Chair. The result set a new benchmark for ergonomic seating technology.

2983500.00
2685150.00
Valid Until 01 January, 2021